နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

အာရှ

အာရှ

သမ္မတယွန်ကို စွပ်စွဲပြစ်တင်တဲ့ ဥပဒေကြမ်းကို အတည်ပြု

ဒီဇင်ဘာလ (၁၄) ရက်။

ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ (၄) နာရီမှစတင်ပြီး တောင်ကိုရီးယား အမျိုးသားလွှတ်တော်က သမ္မတယွန်အား စွပ်စွဲပြစ်တင်ရန် ဥပဒေကြမ်းကို အဆိုတင်သွင်းခဲ့ရာ လိုအပ်သည့်မဲအရေအတွက် ရရှိသွားသည့်အတွက် အတည်ပြုလိုက်ပြီဖြစ်သည်။ အချိန်တိုစစ်အုပ်ချုပ်ရေးကြေညာချက်မှုနှင့်ပတ်သက်ပြီး ယွန်က နှုတ်ထွက်ရန် ငြင်းဆိုခဲ့သည်။ သို့ရာတွင် ၎င်း၏ အာဏာရပါတီ “ ပြည်သူ့အာဏာ” ပါတီက အတိုက်အခံပါတီက တင်သွင်းသည့်အဆိုကို ထောက်ခံမဲ ပေးလိုက်သည့်အတွက် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့သည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ရာထူးသက်တမ်းအတွင်း တောင်ကိုရီးယားသမ္မတ စွပ်စွဲပြစ်တင်ခြင်းခံရသည့် ဒုတိယအကြိမ်ဖြစ်သည်။ တောင်ကိုရီးယား ဖွဲ့စည်းပုံတရားရုံးက ဤဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အပြီးသတ် စီရင်ချက် မချမချင်း ယွန်သည် သမတအာဏာကို ကျင့်သုံးခြင်းမှ ဆိုင်းငံ့ထားရမည် ဖြစ်ပါသည်။။

ယခုလ ဒီဇင်ဘာလ(၃) ရက်နေ့ ည ၁၀ နာရီ မိနစ် ၂၀ တွင် ယွန်သည် စစ်အုပ်ချုပ်ရေးအမိန့်ကို ကြေညာခဲ့ပြီး လွှတ်တော်သို့ စစ်သားများစေလွှတ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးဥပဒေ ရုပ်သိမ်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက စစ်သားများကို ဖြတ်ကျော်ပြီး လွှတ်တော်ထဲသို့ ဝင်ရောက်ပြီး မဲပေးခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေးအမိန့် ပယ်ဖျက်ရန် အဆိုတင်သွင်းခဲ့ပြီး လိုအပ်သည့်မဲအရေအတွက် ရရှိသည့်အတွက် ၆ နာရီအကြာတွင် စစ်အုပ်ချုပ်ရေးကို ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာခဲ့ရသည်။

တောင်ကိုရီးယား အမျိုးသားလွှတ်တော် စုံညီအစည်းအဝေးမှ အတည်ပြုခဲ့သော သမ္မတ ယွန်ဆော့ယိုးအား စွပ်စွဲပြစ်တင်ရန် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၂၄ မိနစ်တွင် သမ္မတရုံးသို့ ပေးပို့ခဲ့ပြီး သမ္မတယွန်၏ အခွင့်အာဏာကို ရပ်ဆိုင်းခဲ့သည်။

သမ္မတယွန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သည့်အတိုင်း ၎င်း၏အာဏာကို နိုင်ငံတော်အကြီးအကဲနှင့် အမှုဆောင်အဖြစ် ကျင့်သုံးနိုင်တော့မည်မဟုတ်ပေ။

ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏လုပ်ပိုင်ခွင့်များမှာ

▼ လက်နက်ကိုင်တပ်ဖွဲ့များ၏ ကွပ်ကဲမှု ▼ သဘောတူစာချုပ်များကို နိဂုံးချုပ်အတည်ပြုရန် အာဏာ ▼ ခွင့်လွှတ်နိုင်ခွင့်၊ စီရင်ချက်ပြောင်းလဲခြင်းနှင့် ပြန်လည်နေရာချထားခြင်း ▼ ဗီတိုအာဏာသုံးခွင့် (ပြန်လည်စဉ်းစားသုံးသပ်ရန် တောင်းဆိုပိုင်ခွင့်) ▼ အခွင့်အရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် စတင်ထုတ်ပြန်ကြေညာခြင်း ▼ ဥပဒေပြင်ဆင်ချက်ထုတ်ပြန်ပိုင်ခွင့် ▼ ဘတ်ဂျက်အဆိုပြုချက် တင်သွင်းခွင့်၊ အုပ်ချုပ်ရေးဥပဒေပြုအာဏာနှင့် ပြည်သူ့ဝန်ထမ်းများကို ခန့်အပ်ခွင့်၊ ထုတ်ပယ်ပိုင်ခွင့်တို့ ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 54 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင်
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 51 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL)
တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 68 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင်
နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်ထပ်မြင့်အဆောက်အအုံများစုပြုံလောင်ကျွမ်းခံရခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 27 ရက်
  • 78 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက် ဤမီးလောင်မှုသည် ဟောင်ကောင်၊ တိုင်ပေါ (Tai Po) ခရိုင်ရှိ အများပြည်သူ လူနေအိမ်ရာ အဆောက်အအုံကြီးဖြစ်သော ဝမ်ဖုခ် (Wang Fuk) တိုက်တန်းအိမ်ရာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ သေဆုံးမှုနှင့်
ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 86 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့် ဆူမိုပြိုင်ပွဲတစ်ရပ်တွင် အနိုင်ရရှိခဲ့ပြီး၊ ယှဉ်ပြိုင်မှုပြင်းထန်သော ဤအားကစားနည်း၌ သူ၏ လျင်မြန်သော တိုးတက်မှုကို ချီးမွမ်းခြင်းခံခဲ့ရသည်။
ဂျပန် တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်-ဂျပန် အဆင့်မြင့်အရာရှိဆွေးနွေးပွဲမှာ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားလျက် စကားပြောနေသည့်ပုံစံကြောင့် လူမှုကွန်ရက်တွင် ကန့်ကွက်မှုများဖြစ်ပေါ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 118 Views
နိုဝင်ဘာလ (၁၉) ရက်။ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအေ၏ ထိုင်ဝမ်အရေးနှင့် ပတ်သက်သည့် လွှတ်တော်တွင်း ဖြေကြားချက်အပြီး ကျင်းပခဲ့သော ၁၈ ရက်နေ့ ဂျပန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင်၊ တရုတ်ဘက်မှ အရာရှိက လက်နှစ်ဖက်ကို
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သေဒဏ်ချမှတ်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 98 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ ဖြုတ်ချခံလိုက်ရသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သေဒဏ်ချမှတ်ခံရ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာ ခုံရုံး-ဘင်္ဂလားဒေ့ရှ် (ICT-BD) သည် တနင်္လာနေ့တွင် အဆိုပါ စီရင်ချက်ကို
Asia ဂျပန် နိုင်ငံတကာသတင်း အာရှ

တရုတ်ကောင်စစ်ဝန်က ဂျပန်ဝန်ကြီးချုပ်ကို တိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး “အဲဒီ ညစ်ညမ်းတဲ့ ဦးခေါင်းကို တစ်စက်ကလေးမှ တွန့်ဆုတ်မနေဘဲ ခုတ်ပစ်လိုက်ရုံပဲ” ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 123 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် ဂျပန်ပြည်တွင်းရေးနှင့် နိုင်ငံတကာရေးရာများ ပြီးခဲ့သည့်အပတ် ပါလီမန်တွင် ဂျပန်အမျိုးသမီး ဝန်ကြီးချုပ် တာကာအိချိက ထိုင်ဝမ်နိုင်ငံ တိုက်ခိုက်ခံရပါက ဂျပန်နိုင်ငံအနေနှင့် “အဖွဲ့လိုက် ခုခံကာကွယ်ခွင့် (Shūdanteki Jieiken – Collective self-defense)”