နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အာရှ ဥရောပ

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေယာဉ် ကာဇက်စတန်တွင် ပျက်ကျ ၂၈ ဦး အသက်ရှင်

ဒီဇင်ဘာလ (၂၅) ရက်။

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပါ ခရီးသည် (၆၂) ဦးနှင့် လေယာဉ်အမှုထမ်း (၅) ဦး စုစုပေါင်း (၆၇) ဦးအနက် ကလေး (၂ ဦး အပါအဝင် (၂၈) ဦး အသက်ရှင်တယ်လို့ သိရပါတယ်။

လေယာဉ်မီးငြှိမ်းသတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို အနီးနားရှိ ဆေးရုံတစ်ခုမှာ ကုသပေးနေတယ်လို့ ကာဇက်စတန်နိုင်ငံ အရေးပေါ်အခြေအနေ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အဲ့ဒီလေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ မြို့တော် ဘာကူကနေ ရုရှားနိုင်ငံ တောင်ပိုင်းရှိ ချက်ချန်းသမ္မတနိုင်ငံ ဂရိုဇ်နီကို ပျံသန်းရန် စီစဉ်ထားခဲ့ပေမယ့် ကာဇက်စတန် အက်တိုမြို့ကနေ ၃ ကီလိုမီတာအကွာမှာ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း ကာဇက်စတန် အာဏာပိုင်များက ပြောကြားခဲ့ပြီး ရုရှားလေကြောင်းထိန်းချုပ်ရေးအာဏာပိုင်က အစောပိုင်းအချက်အလက်တွေအရ လေယာဉ်မှူးဟာ ငှက်နဲ့ တိုက်ခိုက်ခဲ့အပြီး အရေးပေါ်ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျမှု သတင်းရရှိပြီးနောက် အဇာဘိုင်ဂျန်သမ္မတ အလီယက်ဗ်ဟာ ရုရှားနိုင်ငံကို သွားရောက်လည်ပတ်နေရာကနေ အဇာဘိုင်ဂျန်ကို ပြန်ခဲ့တယ်လို့ RIA သတင်းဌာနက ဖော်ပြပါတယ်။

ရုပ်သံကိုတော့ ခေတ်မျက်လုံးရဲ့ တယ်လီဂရမ်ချန်နယ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/eraseye/2919

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သတင်းပတ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 2 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် သေဆုံးမှုများပြားခဲ့သည့် သီတင်းပတ်ပေါင်းများစွာကြာ နယ်စပ်တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ချက်ချင်းအပစ်အခတ်ရပ်စဲရန် သဘောတူညီ လိုက်
နိုင်ငံတကာသတင်း အမေရိကန်

AI မှ ဗင်နီဇွဲလားအထိ- ၂၀၂၆ ခုနှစ်သည် ကမ္ဘာ့အာဏာစက်အတွက် အလှည့်အပြောင်းနှစ် ဖြစ်လာရခြင်း အကြောင်းရင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 29 Views
CNN – ၂၀၂၅၊ ဒီဇင်ဘာလ ၂၄ရက် လွန်ခဲ့သော တစ်နှစ်၊ ယခုကဲ့သို့ ရက်သတ္တပတ်တွင် ဂျိုးဘိုင်ဒင်သည် သမ္မတအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံလွတ်မြောက်ရေး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနှင့် အမေရိကန် ညှိနှိုင်းရေးမှူးများ ခရစ္စမတ်နေ့တွင် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ဆွေးနွေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 30 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးသည် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး သဘောတူညီချက် အခြေအနေရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေစဉ်၊ ခရစ္စမတ်နေ့တွင် အမေရိကန်
နိုင်ငံတကာသတင်း အမေရိကန် အာဖရိက

နိုင်ဂျီးရီးယားရှိ ISIS အကြမ်းဖက်သမားများကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း ထရန့် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 25 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဖလော်ရီဒါပြည်နယ်၊ West Palm Beach — နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များကို ညှဉ်းပန်းနှိပ်စက်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် အစ္စလာမ္မစ်နိုင်ငံတော် (IS) အကြမ်းဖက်သမားများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်း၏ နောက်ဆုံးငြိမ်းချမ်းရေးအစီအစဉ်တွင် ဇလန်းစကီးက စစ်မဲ့ဇုန်များဖန်တီးရန် အဆိုပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 24 Views
BBC – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် အရှေ့ပိုင်းဒေသများမှ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းပေးနိုင်ခြေနှင့် ထိုနေရာများတွင် စစ်မဲ့ဇုန် (Demilitarised Zone) များ ဖန်တီးရန် ပါဝင်သော
ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် ဒရုန်းများနှင့်အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
မြန်မာစစ်တပ်အတွက် ရည်ရွယ်သည်ဟု ဆိုသော တရုတ်နိုင်ငံထုတ် ဒရုန်း ၁၀ စီးကို လေဆိပ်အနီးရှိ ဟိုတယ်ခန်းတစ်ခုအတွင်း သိမ်းဆည်းရမိ Bangkok Post- ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၃ရက် သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) အနီးတွင် ဒရုန်းများ ပျံသန်းနေကြောင်း
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း- ကမ္ဘောဒီးယား ပဋိပက္ခ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 36 Views
ချောင်အန်မာနှင့် တာကွိုင်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး BM-21 ရော့ကတ်များဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒုတိယစစ်ဒေသက ထုတ်ပြန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်၊ အင်္ဂါနေ့ ချောင်အန်မာ (Chong An Ma) ဧရိယာတွင်