နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရိုမီယိုနှင့် ဂျူလီယက် “Romeo and Juliet” မင်းသမီး အိုလီဗီယာ ဟပ်ဆီ (Olivia Hussey) ကွယ်လွန်

ဒီဇင်ဘာလ (၂၈) ရက်။

၁၉၆၈ ခုနှစ်၊ ရိုမီယိုနှင့် ဂျူလီယက်နှင့် ထိတ်လန့်ဖွယ်ဇာတ်ကား “ A Bell Tolls” တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး အိုလီဗီယာ ဟပ်ဆီ ကွယ်လွန်သွားကြောင်း ၎င်း၏တရားဝင် အင်စတာဂရမ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ သူမသည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။

“ ဒီဇင်ဘာ ၂၇ ရက်နေ့က သူမကို ချစ်တဲ့သူတွေ ဝိုင်းရံထားတဲ့ နေအိမ်မှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တဲ့ အိုလီဗီယာ ဟပ်ဆီရဲ့ ကွယ်လွန်မှုကို ကြေကွဲဝမ်းနည်းမိပါတယ်” ဟု အင်စတာဂရမ်တွင် ရေးသားထားပါသည်။ “ အိုလီဗီယာသဟာ နွေးထွေးသဘောထားကောင်းပြီး သူမရဲ့ နက်ရှိုင်းတဲ့တွေးခေါ်မှုနဲ့ စစ်မှန်တဲ့ကြင်နာမှုတွေက သူမကို သိသူတိုင်းကို သိရှိစေတဲ့သူတစ်ဦး ဖြစ်ပါတယ်။” ဟု ဖော်ပြထားသည်။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့သည့် အာဂျင်တီးနား-ဗြိတိသျှ မင်းသမီး အိုလီဗီယာအတွက် အောင်မြင်ကျော်ကြားသည့် ဇာတ်ကား ဖြစ်သည်။

ရိုမီယိုနှင့် ဂျူလီယက်သည် (Franco Zeffirelli) ၏ စာ​ရေးဆရာ ဝီလျမ် ရှိတ်စပီးယား၏ဂန္ထဝင်ဝတ္ထုကို လိုက်လျောညီထွေဖြစ်အောင် ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းအချိန်က အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အိုလီဗီယာနှင့် သူမ၏တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနတ် ဝွိုက်တင် (Leonard Whiting) တို့သည် ငယ်ရွယ်စဉ်အချိန်က ဝတ်လစ်စားလစ် မြင်ကွင်းများ ကို ခွင့်ပြုခဲ့သော ရုပ်ရှင်ထုတ်လုပ်သည့် ပါရာမောက် စတူဒီယို (Paramount Studios) ကို တရားစွဲဆိုခဲ့သည်။ ထိုအချိန်က အိုလီဗီယာက အသက် ၁၅ နှစ် ဖြစ်ပြီး ဝွိုက်တင်က ၁၆ နှစ် သာရှိသေးသည်။ ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ၎င်းတို့နှစ်ဦးသည် ကိုယ်လုံးတီးဖြင့် သရုပ်မဆောင်ပါက ရုပ်ရှင်ပျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတရားစွဲဆိုမှုကို ၂၀၂၃ ခုနှစ် မေလတွင် ပယ်ချခံခဲ့ရသည်။

အိုလီဗီယာသည် ၁၉၇၄ ခုနှစ်တွင် ထိတ်လန့်ဖွယ်ဇာတ်ကား “A Bell Tolls in the Dark” တွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် စာရေးဆရာမ အက်ဂါသာ ခရစ္စတီး (Agatha Christie) ၏လက်ရာကို အခြေခံသည့် “ Murders on the Nile´ ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် သူမသည် ဒါရိုက်တာ ဇက်ဖီလေလီနှင့် ထပ်မံပူးပေါင်းပြီး “Jesus of Nazareth” တီဗီရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အပျိုစင်မာရီအဖြစ် သရုပ်ဆောင်ခဲ့သည်။

အိုလီဗီယာကို အာဂျင်တီးနားနိုင်ငံ ဘွေနို့စ်အိုင်းရဲ့စ်မြို့၌ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ “ သူဟာ အနုပညာမှာ စိတ်အားထက်သန်ပြီး မေတ္တာတရားကြီးမားစွာ ဘဝကို ဖြတ်သန်းခဲ့ပြီး တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ ဘဝကို မြှုပ်နှံပြီးနေခဲ့သူဖြစ်ပါတယ်။” ဟု ဆိုပါသည်။

“ အိုလီဗီယာ ကွယ်လွန်ပြီးနောက် သူမ၏ချစ်လှစွာသောမိသားစု၊ သူမ၏ကလေး (၃) ဦး၊ ၃၅ နှစ်ကြာ လက်တွဲခဲ့သည့် သူမ၏ခင်ပွန်း ဒေးဗစ်ဂလင်အိုက်စလီ (David Glenn Eisley) သူမ၏မြေး ဂရေစွန် (Grayson) နှင့် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ထာဝရမြတ်နိုးရမည့် မေတ္တတရားများကို အမွေအနှစ်တွေအဖြစ် ချန်ထားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဤကြီးမားသည့်ဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးရင်း အိုလီဗီယာက ကျွန်ုပ်တို့ဘဝနှင့် ကျွန်ုပ်တို့၏လုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့တဲ့ ထာဝရအကျိုးသက်ရောက်မှုကို ဂုဏ်ပြုပါသည်” ဟု ပြောခဲ့ပြီး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဓာတ်ပုံ။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်ခဲ့သော အိုလီဗီယာ ဟပ်ဆီ (ညာ)/Bettmann Archive/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 5 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 14 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုများစတင်ရန် အခြေခံအချက် အလက် များကို အမေရိကန်နှင့် အီရန်တို့ ဆွေးနွေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် နိုင်ငံပိုင်မီဒီယာ Tasnim ၏ အဆိုအရ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မာအေးလ် ဘာဂါအီက အမေရိကန်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့များသည် နောက်ဆုံးသဘောတူညီချက်တစ်ခုရရှိရန် ညှိနှိုင်းမှုများအတွက် အခြေခံအချက်အလက်များကို ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ဆွစ်ဇာလန်ရှိ
နိုင်ငံတကာသတင်း ပါကစ္စတန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အီရန်တို့ ငြိမ်းချမ်းရေးအကြိုသဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 22 Views
BBC ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ ရက် ပြီးခဲ့သည့်သီတင်းပတ်က စစ်ပွဲအဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်အရာရှိများသည် ဆွစ်ဇာလန်နိုင်ငံ၌ တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ်
နိုင်ငံတကာသတင်း အမေရိကန် အီတလီ

အီတလီဝန်ကြီးချုပ် မီလိုနီသည် G7တွင် ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့သည်ဟု ထပ်လောင်း ပြောဆိုပြီး ထရမ့်က သူမနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို ပိုမိုပြင်းထန်အောင် လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပ ခဲ့သော G7 ထိပ်သီးအစည်းအဝေးတွင် အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) က