နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရိုမီယိုနှင့် ဂျူလီယက် “Romeo and Juliet” မင်းသမီး အိုလီဗီယာ ဟပ်ဆီ (Olivia Hussey) ကွယ်လွန်

ဒီဇင်ဘာလ (၂၈) ရက်။

၁၉၆၈ ခုနှစ်၊ ရိုမီယိုနှင့် ဂျူလီယက်နှင့် ထိတ်လန့်ဖွယ်ဇာတ်ကား “ A Bell Tolls” တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ရုပ်ရှင်မင်းသမီး အိုလီဗီယာ ဟပ်ဆီ ကွယ်လွန်သွားကြောင်း ၎င်း၏တရားဝင် အင်စတာဂရမ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ သူမသည် ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။

“ ဒီဇင်ဘာ ၂၇ ရက်နေ့က သူမကို ချစ်တဲ့သူတွေ ဝိုင်းရံထားတဲ့ နေအိမ်မှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့တဲ့ အိုလီဗီယာ ဟပ်ဆီရဲ့ ကွယ်လွန်မှုကို ကြေကွဲဝမ်းနည်းမိပါတယ်” ဟု အင်စတာဂရမ်တွင် ရေးသားထားပါသည်။ “ အိုလီဗီယာသဟာ နွေးထွေးသဘောထားကောင်းပြီး သူမရဲ့ နက်ရှိုင်းတဲ့တွေးခေါ်မှုနဲ့ စစ်မှန်တဲ့ကြင်နာမှုတွေက သူမကို သိသူတိုင်းကို သိရှိစေတဲ့သူတစ်ဦး ဖြစ်ပါတယ်။” ဟု ဖော်ပြထားသည်။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်မှုဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့သည့် အာဂျင်တီးနား-ဗြိတိသျှ မင်းသမီး အိုလီဗီယာအတွက် အောင်မြင်ကျော်ကြားသည့် ဇာတ်ကား ဖြစ်သည်။

ရိုမီယိုနှင့် ဂျူလီယက်သည် (Franco Zeffirelli) ၏ စာ​ရေးဆရာ ဝီလျမ် ရှိတ်စပီးယား၏ဂန္ထဝင်ဝတ္ထုကို လိုက်လျောညီထွေဖြစ်အောင် ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းအချိန်က အငြင်းပွားဖွယ်ရာဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် အိုလီဗီယာနှင့် သူမ၏တွဲဖက်သရုပ်ဆောင်မင်းသား လီယိုနတ် ဝွိုက်တင် (Leonard Whiting) တို့သည် ငယ်ရွယ်စဉ်အချိန်က ဝတ်လစ်စားလစ် မြင်ကွင်းများ ကို ခွင့်ပြုခဲ့သော ရုပ်ရှင်ထုတ်လုပ်သည့် ပါရာမောက် စတူဒီယို (Paramount Studios) ကို တရားစွဲဆိုခဲ့သည်။ ထိုအချိန်က အိုလီဗီယာက အသက် ၁၅ နှစ် ဖြစ်ပြီး ဝွိုက်တင်က ၁၆ နှစ် သာရှိသေးသည်။ ဒါရိုက်တာဖရန်ကို ဇက်ဖီလေလီက ၎င်းတို့နှစ်ဦးသည် ကိုယ်လုံးတီးဖြင့် သရုပ်မဆောင်ပါက ရုပ်ရှင်ပျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတရားစွဲဆိုမှုကို ၂၀၂၃ ခုနှစ် မေလတွင် ပယ်ချခံခဲ့ရသည်။

အိုလီဗီယာသည် ၁၉၇၄ ခုနှစ်တွင် ထိတ်လန့်ဖွယ်ဇာတ်ကား “A Bell Tolls in the Dark” တွင် သရုပ်ဆောင်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် စာရေးဆရာမ အက်ဂါသာ ခရစ္စတီး (Agatha Christie) ၏လက်ရာကို အခြေခံသည့် “ Murders on the Nile´ ဇာတ်ကားတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် သူမသည် ဒါရိုက်တာ ဇက်ဖီလေလီနှင့် ထပ်မံပူးပေါင်းပြီး “Jesus of Nazareth” တီဗီရုပ်ရှင်ဇာတ်လမ်းတွဲများတွင် အပျိုစင်မာရီအဖြစ် သရုပ်ဆောင်ခဲ့သည်။

အိုလီဗီယာကို အာဂျင်တီးနားနိုင်ငံ ဘွေနို့စ်အိုင်းရဲ့စ်မြို့၌ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ “ သူဟာ အနုပညာမှာ စိတ်အားထက်သန်ပြီး မေတ္တာတရားကြီးမားစွာ ဘဝကို ဖြတ်သန်းခဲ့ပြီး တိရိစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့လုပ်ငန်းမှာ ဘဝကို မြှုပ်နှံပြီးနေခဲ့သူဖြစ်ပါတယ်။” ဟု ဆိုပါသည်။

“ အိုလီဗီယာ ကွယ်လွန်ပြီးနောက် သူမ၏ချစ်လှစွာသောမိသားစု၊ သူမ၏ကလေး (၃) ဦး၊ ၃၅ နှစ်ကြာ လက်တွဲခဲ့သည့် သူမ၏ခင်ပွန်း ဒေးဗစ်ဂလင်အိုက်စလီ (David Glenn Eisley) သူမ၏မြေး ဂရေစွန် (Grayson) နှင့် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ထာဝရမြတ်နိုးရမည့် မေတ္တတရားများကို အမွေအနှစ်တွေအဖြစ် ချန်ထားခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ဤကြီးမားသည့်ဆုံးရှုံးမှုအတွက် ကျွန်ုပ်တို့ ဝမ်းနည်းပူဆွေးရင်း အိုလီဗီယာက ကျွန်ုပ်တို့ဘဝနှင့် ကျွန်ုပ်တို့၏လုပ်ငန်းအပေါ် သက်ရောက်မှုရှိခဲ့တဲ့ ထာဝရအကျိုးသက်ရောက်မှုကို ဂုဏ်ပြုပါသည်” ဟု ပြောခဲ့ပြီး ဝမ်းနည်းကြေကွဲမှုကို ဖော်ပြတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဓာတ်ပုံ။

ရိုမီယိုနှင့် ဂျူလီယက်ရုပ်ရှင်တွင် ဂျူလီယက်အဖြစ် သရုပ်ဆောင်ခဲ့သော အိုလီဗီယာ ဟပ်ဆီ (ညာ)/Bettmann Archive/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှားတပ်ဖွဲ့ဝင်များသည် သင်္ကေတအရအရေးပါပြီး ကြီးမားသော အဖိုးအခပေးနေရသည့် ပိုခရော့ဗ်စခ်(Pokrovsk) မြို့ကို နောက်ဆုံး၌ သိမ်းပိုက်ရန် အသင့်အနေအထားရှိနေပြီ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 34 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၉)ရက် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းအရှေ့ပိုင်းရှိ ပိုခရော့ဗ်စခ် (Pokrovsk) မြို့ကို နောက်ဆုံး၌ သိမ်းပိုက်ရတော့မည့် အခြေအနေသို့ ရောက်ရှိနေပုံရပြီး၊ ၎င်းသည်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း စစ်သုံ့ပန်းကို ပစ်သတ်မှုဖြင့် ရုရှားစစ်သားအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက် ယူကရိန်း တရားရုံးတစ်ခုက ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခု၌ ယူကရိန်း စစ်သုံ့ပန်းတစ်ဦးကို သတ်ဖြတ်မှုဖြင့် ရုရှားစစ်သားတစ်ဦးကို အပြစ်ရှိကြောင်း တွေ့ရှိရပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည် ဤကဲ့သို့သော
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးစစ်တပ်က ဟစ်ဇ်ဘိုလာပစ်မှတ်များ ဟုဆိုကာ လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ စတင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 29 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၇) ရက် အစ္စရေးစစ်တပ်သည် ကြာသပတေးနေ့က လက်ဘနွန်တောင်ပိုင်း ဒေသအနှံ့ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး၊ ယင်းသည် စစ်သွေးကြွအဖွဲ့က ဒေသတွင်း စစ်ဆင်ရေးများ ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေခြင်းကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

နျူကလီးယားစွမ်းအင်သုံး ဘာရီဗက်နစ် (Burevestnik) ဒုံးကျည် တီထွင်သူများကို ပူတင် ဂုဏ်ပြု၊ အနောက်နိုင်ငံများသို့ နောက်ဆုံး သတိပေးအချက်ပြလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 30 Views
CNN- ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် နျူကလီးယားစွမ်းအင်သုံး Burevestnik ခရုစ်ဒုံးကျည် နှင့် ပိုဆီဒွန် (Poseidon) ရေအောက် တော်ပီဒို တီထွင်သူများကို နိုင်ငံတော် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့သည်။ ၎င်းသည်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်နိုင်ငံတွင် ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် ပြီးခဲ့သည့်လက အလျင်အမြန် မြင့်တက်လာ၊ ၂၂ နှစ်အတွင်း အောက်တိုဘာလတွင် အဆိုးရွားဆုံးဖြစ်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 29 Views
CNN -၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် ဝါရှင်တန်။ ဉာဏ်ရည်တု (AI)အစားထိုးသုံးစွဲမှု က အလုပ်သမားဈေးကွက်ကို ဆက်လက် ထိခိုက်စေကြောင့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုရှိ ကုမ္ပဏီများ၏ ဝန်ထမ်းလျှော့ချမှု ကြေညာချက်များသည် အလျင်အမြန် မြင့်တက် လာခဲ့သည်။ ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေဇုန် (Amazon) မှ ဝန်ထမ်း ၁၄,၀၀၀ ကို ထုတ်ပယ်ခြင်းသည် ငွေကြေးကြောင့် မဟုတ်ဘဲ ‘ယဉ်ကျေးမှု’ ကြောင့် ဖြစ်သည်ဟုဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 32 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၇)ရက် နယူးယောက် — အမေဇုန်၏ အမှုဆောင်အရာရှိချုပ် (CEO) အန်ဒီ ဂျက်ဆီ (Andy Jassy) ၏ ကုမ္ပဏီမှ ဝန်ထမ်း ၁၄,၀၀၀ ကို အဘယ်ကြောင့် လျှော့ချရသည်
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ ရှယ်ယာရှင်များက အီလွန် မတ်စ် (Elon Musk) ကို ဒေါ်လာ ၁ ထရီလီယံ တန်ဖိုးရှိ လစာသတ်မှတ်ချက်ကို အတည်ပြု

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 34 Views
CNN – နိုဝင်ဘာ ၇၊ ၂၀၂၅ တက်စလာ ရှယ်ယာရှင်များက ကြာသပတေးနေ့က အတည်ပြုလိုက်သော လစာသတ်မှတ် ချက်ကို ရရှိသွားသောကြောင့် လက်ရှိတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသော တက်စလာ ၏ စီအီးအို (CEO) အီလွန်