နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

Facebook မှ ဖယ်ရှားခဲ့ရသော အချက်အလက်များကို ပြန်လည်ရှာဖွေသည့်အခါ ဘိုင်ဒင်၏ တာဝန်ရှိသူများက ‘အော်ဟစ်’ ပြီး ကျိန်ဆဲကြလိမ့်မည်ဟု ဇူကာဘတ် ပြော

ဇန်နဝါရီလ (၁၁) ရက်။

Meta CEO မှ ဘိုင်ဒင်အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများသည် “ မှန်ကန်သော အကြောင်းအရာများ” အပါအဝင် အချို့သောပို့စ်များကို ဖယ်ရှားရန် ကုမ္ပဏီအား တောင်းဆိုခဲ့ကြောင်း ပေါ့ဒ်ကတ်စ်တွင် ဇန်နဝါရီလ (၁၁) နေ့က ပြောကြားခဲ့သည်။

သောကြာနေ့က ထုတ်လွှင့်ခဲ့သော ဂျိုးရိုဂင်၏ အတွေ့အကြုံ ( “ The Joe Rogan Experience” ) ဇာတ်လမ်းတွဲတွင် Meta စီအီးအို မာ့ခ်ဇူကာဘတ် (Mark Zuckerberg) သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှ အကြောင်းအရာအချို့ကို ဖယ်ရှားရန် တောင်းဆိုမှုအတွင်း Facebook ဝန်ထမ်းများအား ဘိုင်ဒင်အစိုးရ အုပ်ချုပ်ရေးအရာရှိများက ဖိအားပေးလုပ်ခိုင်းခဲ့ကြောင်း ဖွင့်ချခဲ့သည်။

“ အခြေခံအားဖြင့် ဘိုင်ဒင်အစိုးရ အုပ်ချုပ်ရေးမှ ဤလူများသည် ကျွန်ုပ်တို့၏အဖွဲ့ကိုခေါ်ပြီး သူတို့ကို အော်ဟစ်ပြီး ကျိန်ဆဲကြသည်” ဟု ဇူကာဘတ်သည် podcast အစီအစဉ် တင်ဆက်သူနှင့် လူရွှင်တော် ဂျိုးရိုဂင် (Joe Rogan) သို့ “ ဒါက မဟုတ်တော့ဘူး၊ ကျွန်တော်တို့က လုပ်မှာမဟုတ်ဘူး၊ မှန်ကန်တဲ့အရာတွေကို ကျွန်တော်တို့က ဖြုတ်ချမှာ မဟုတ်ဘူး၊ အဲဒါက အဓိပ္ပါယ်မရှိဘူး။” ဟု သူက ပြောကြားခဲ့သည်။

ဇူကာဘတ်၏မှတ်ချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် NBC News ၏တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်းတုံ့ပြန်ခြင်း မရှိပေ။

Facebook ၏ ပူးတွဲတည်ထောင်သူမှ အစိုးရအုပ်ချုပ်ရေးအရာရှိများက ပို့စ်များကို ဖယ်ရှားရန် ဖိအားပေးပြောဆိုခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ပေ။

အောက်လွှတ်တော် တရားစီရင်ရေးကော်မတီ ဥက္ကဌ ရီပတ်ဘလီကန်အမတ် ဂျင်မ် ဂျော်ဒန် (Jim Jordan) ထံ ယမန်နှစ်က စာတစ်စောင်တွင် ဇူကာဘတ်က “ဟာသနှင့် သရော်စာ အပါအဝင် COVID-19 အကြောင်းအရာအချို့ကို ဖယ်ရှားရန် အိမ်ဖြူတော်က Facebook ကို ထပ်ခါတလဲလဲ ဖိအားပေးခဲ့သည်” ဟု ပြောကြားခဲ့သည်။

ဇူကာဘတ်က “ Meta ပိုင်တဲ့ Facebook ဟာ တခါတရံမှာ မျက်စိမှိတ် ခေါင်းငြိမ့်ခဲ့ရမှုတို့” ရှိခဲ့ပြီး ရှေ့ဆက်ပြီးတော့ မတူညီတဲ့ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်သွားမယ်လို့ အကြံပြုပြောဆိုခဲ့ပါသည်။ သူက ကုမ္ပဏီသည် “ တချို့ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ရပြီး လွန်ပြီးမှသိလာသောအမြင်နှင့် သတင်းအချက်အလက်များ၏ အကျိုးကျေးဇူးဖြင့် ယနေ့ ကျွန်ုပ်တို့ မပြုလုပ်နိုင်သော ရွေးချယ်မှုအချို့ကို ပြုလုပ်ခဲ့ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ထိုအချိန်က အိမ်ဖြူတော်၏တုံ့ပြန်သည့် ကြေညာချက်တွင် “သေစေတတ်သော ကပ်ရောဂါဆိုးကြီးနှင့် ရင်ဆိုင်ရသောအခါ၊ ဤအုပ်ချုပ်ရေးသည် ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသော လုပ်ဆောင်ချက်များကို အားပေးတိုက်တွန်းခဲ့သည်။ ကျွန်ုပ်တို့၏ ရပ်တည်ချက်သည် ရှင်းလင်းပြတ်သားပြီး တသမတ်တည်းဖြစ်သည်။ နည်းပညာကုမ္ပဏီများနှင့် အခြားပုဂ္ဂလိက သရုပ်ဆောင်များသည် ၎င်းတို့တင်ပြသည့် အချက်အလက်များနှင့်ပတ်သက်ပြီး လွတ်လပ်သော ရွေးချယ်မှုများ ပြုလုပ်နေချိန်တွင် အမေရိကန်ပြည်သူများအပေါ် ၎င်းတို့၏လုပ်ဆောင်မှုများအပေါ် သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားသင့်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။”

ရိုဂင်၏တီဗီရှိုးတွင် ဇူကာဘတ်က အစိုးရအုပ်ချုပ်ရေးက “ မင်းသား လီယိုနာဒို ဒီကာပရီယိုက ကိုဗစ်ကာကွယ်ဆေးကို တစ်ကြိမ်သာထိုးသူတွေကို အရေးယူတရားစွဲဆိုမှုကို တီဗီဖန်သားပြင်မှာ ညွှန်ပြနေတာကို ပြသခဲ့တဲ့ အချက်” ကို ၎င်း၏ဖေ့ဘွတ် ပလက်ဖောင်းမှ ဖယ်ရှားရန် တောင်းဆိုခဲ့ကြောင်း ဇူကာဘတ်က ပြောကြားခဲ့သည်။

“ သူတို့က ‘မဟုတ်ဘူး၊ မင်းတို့အဲဒါကို ဖြုတ်ချပစ်ရမယ်’ လို့ သူတို့က တောင်းဆိုကြောင်း ဇူကာဘတ်က ပြောပြီး “ မဟုတ်ဘူး၊ ကျွန်တော်တို့ လုပ်မှာမဟုတ်ဘူး၊ ကျွန်တော်တို့က ဟာသနဲ့ သရော်စာတွေကို ဖျက်ပစ်မှာမဟုတ်ဘူး” ဟု ဇူကာဘတ်က ပြောပါသည်။ မှန်ကန်သည့် အကြောင်းအရာတို့ကို မဖယ်ရှားဘူး” ဟု သူက ဆိုပါသည်။

အဆိုပါ meme (မင်း(မ)) ကို ၂၀၂၃ ခုနှစ်တွင် တရားရုံးချုပ်သို့ တင်ခဲ့သည့် အမှုတွင် ကွန်ဂရက် လွှတ်တော် ရီပတ်ဘလီကန်များ တင်သွင်းသည့် အကျဉ်းချုပ်တွင် အထောက်အထားအဖြစ် ထည့်သွင်းထားသည်။

(မှတ်ချက်။ မင်း(မ) (meme) ဆိုသည်မှာ အင်တာနက်စကားလုံးတခုဖြစ်ပြီး ယဉ်ကျေးမှုတစ်ခုအတွင်း လူတစ်ဦးမှ တစ်ဦးသို့ ပျံ့နှံ့သွားသော အတွေးအခေါ်၊ အပြုအမူ၊ စတိုင်လ် သို့မဟုတ် အသုံးပြုမှုကို ဆိုလိုသည်။ ရယ်စရာကောင်းသော သို့မဟုတ် စိတ်ဝင်စားစရာကောင်းသည့်အရာ (ဥပမာ- စာတန်းထိုးထားသောရုပ်ပုံ သို့မဟုတ် ဗီဒီယိုကဲ့သို့) သို့မဟုတ် အထူးသဖြင့် ဆိုရှယ်မီဒီယာမှတဆင့် အွန်လိုင်းတွင် တွင်ကျယ်စွာ ပျံ့နှံ့နေသည့် အကြောင်းအရာကို ဆိုလိုပါသည်။)

ယင်းအခြေအနေတွင် လူဝီစီယားနား၊ မစ်ဆူရီနှင့် ပို့စ်များကို ဖယ်ရှားခြင်း သို့မဟုတ် အဆင့်နှိမ့်ချထားသည့် Facebook အသုံးပြုသူများ အပါအဝင် တရားစွဲသူများသည် ဆိုရှယ်မီဒီယာကုမ္ပဏီများနှင့် ဆက်သွယ်ခြင်း မပြုရန် အစိုးရအရာရှိများကို တားမြစ်ရန် တောင်းဆိုခဲ့ကြသည်။

တရားရုံးချုပ်သည် နောက်ဆုံးတွင် ၆-၃ စီရင်ချက်ဖြင့် တရားစွဲခြင်းကို ပယ်ချခဲ့ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် အစိုးရ၏ဝင်ရောက်စွက်ဖက်မှုမရှိဘဲ အကြောင်းအရာကို ထိန်းညှိပေးသည့် ပလက်ဖောင်းများစွာရှိကြောင်း သက်သေပြခဲ့သည်။

ရိုဂင်၏ပေါ့ဒ်ကတ်စ်တွင် ဇူကာဘတ်၏မှတ်ချက်များသည် Meta သည် ၎င်း၏အချက် အလက်စစ်ဆေးခြင်းပရိုဂရမ်ကိုအဆုံးသတ်ကာ X ရှိ ကွန်မြူနတီ နုတ် (Community Notes) စနစ်နှင့် ဆင်တူသော community-driven structure ဖြင့် အစားထိုးမည်ဟု ကြေညာအပြီး ရက်ပိုင်းအတွင်း ၎င်း၏ ပလက်ဖောင်းများဖြစ်သည့် Facebook နှင့် အင်စတာဂရမ် (Instagram) တို့တွင် နိုင်ငံရေးအကြောင်းအရာနှင့် ပတ်သက်သော စည်းမျဉ်းများကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဇူကာဘတ်သည် အမေဇုန် (Amazon) ၏ ဂျက် ဘီးဇော့ (Jeff Bezos) အပါအဝင် နည်းပညာရှင်များစွာထဲမှတစ်ဦးဖြစ်ပြီး ကုမ္ပဏီများက ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် သမတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဒေါ်လာ ၁ သန်းပေးမည်ဟု ကတိပြုထားသည်။

သတင်းရင်းမြစ်။ NBC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 28 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 36 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 38 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 46 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဆီယံ အီရန်

အိမ်မှအလုပ်လုပ်ခြင်း၊ တစ်ပတ်လျှင် ၄ ရက်အလုပ်လုပ်ခြင်းနှင့် ကျောင်းများပိတ်ခြင်း – စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အာရှနိုင်ငံများ ရုန်းကန်နေရ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် အာရှနိုင်ငံများသည် မည်သည့်အခွင့်အရေးကိုမျှ အဆုံးရှုံးမဖြစ်ရန် ကြိုတင်ပြင်ဆင် နေကြ သည်။ အာရှဒေသသည် ၎င်း၏ ရေနံလိုအပ်ချက်၏ ၆၀% ခန့်ကို အရှေ့အလယ်ပိုင်း ဒေသမှ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက် လက်ရှိအခြေအနေများ အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့်