ဇန်နဝါရီလ (၁၂)ရက်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတုတွေ ပြုလုပ်သူ (၉)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မှတ်ပုံတင်ကတ်အတုနဲ့ ထောက်ခံစာအတူတွေကို အခကြေးငွေယူပြီး ပြုလုပ်ရောင်းချနေတာကို သတင်းရရှိတာကြောင့် ဖော်ထုတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ဖမ်းဆီးခဲ့သူ (၉)ဦးထဲ အမျိုးသား (၃)ဦးနဲ့ အမျိုးသမီး (၆)ဦးပါဝင်ကာ လှိုင်သာယာမြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းတို့ကဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆေးချက်အရ မှတ်ပုံတင်ကတ်အတုနဲ့ အလုပ်သမားမှတ်အပုံတင်အတုတွေကို တစ်ကတ်ကို ငွေကျပ် (၃၀၀၀၀)နဲ့ တဆင့်ရောင်းချပြီး ဝယ်သူတွေဆီ ပို့ဆောင်ပေးတာလို့ ရေးသားထားပါတယ်။
ဖမ်းမိသူတွေဆီကနေ မှတ်ပုံတင်ကတ်အလွတ်နဲ့ ကတ်အတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် အလုပ်သမားမှတ်ပုံတင်ကတ်အလွတ်တွေနဲ့ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာ အတုတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဖမ်းမိခဲ့သူ (၉)ဦးကို ရာဇသတ်ကြီးပုဒ်မ ၄၂၁/၄၆၈နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ဖမ်းဆီးဖို့ ကျန်တဲ့သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။