နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

၁၅ လကြာ စစ်ပွဲကြောင့် ဂါဇာမှာ ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ရလဲ။

စစ်ဒဏ်ကြောင့် ပျက်စီးမှုကြီးမားခဲ့ရတဲ့ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးနဲ့ဟားမက်စ်တို့ဟာ အခုအခါမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြပေမယ့် ပျက်ဆီးဆုံးရှုံးမှုတွေကို ဘယ်အချိန်မှာ ပြန်တည် ဆောက်မယ်၊ ရန်ပုံငွေ ဘယ်လို ရှာဖွေမလဲ ဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။


15 လတာ ကြာမြင့်ခဲ့တဲ့ ပဋိပက္ခအပြီးမှာ ပါလက်စတိုင်းနယ်မြေအတွင်း ဘာတွေ ပျက်ဆီးဆုံးရှုံးခဲ့ပါသလဲ
2023 ခုနှစ် အောက်တိုဘာလ 7 ရက်နေ့က ဟားမက်စ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသား 1200 ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်ပဲ အစ္စရေးဘက်က ပြန်လည်လက်တုံ့ပြန်ရာမှာ ပါလက်စတိုင်းဘက်က လူပေါင်း 46000 ကျော်အသက်ဆုံးပါးခဲ့ရတယ်လို့ ပါလက်စ်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


အစ္စရေး-ဟားမက်စ် စစ်ပွဲကြောင့် ဂါဇာဒေသမှာ အပျက်အဆီးတန်ချိန်ပေါင်း 46 သန်းအထိရှိနေပါတယ်။ အဲဒါတွေကို ဖယ်ရှားရှင်းလင်းဖို့အတွက် အချိန်ကာလ 14 နှစ်ခန့် ကြာမြင့်မှာဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ကန်ဒေါ်လာ 1.2 ဘီလီယံလောက် ကုန်ကျမှာဖြစ်တယ်လို့ ကုလသမဂ္ဂက တွက်ချက်ထားပါတယ်။ အဲဒီအပျက်အဆီးတွေအောက်မှာ လူရုပ်အလောင်းပေါင်းများစွာကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းက ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ အပျက်အဆီးတွေအောက်မှာ လူရုပ်အလောင်း တစ်သောင်းကျော်ခန့် ရှိနိုင်တယ်လို့ သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့နေအိမ်တွေကို ပြန်တည်ဆောက်ဖို့အတွက် 2040 ခုနှစ် အထိအချိန်ယူရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုမှာဖော်ပြထားပေမယ့် တကယ့်လက်တွေ့မှာတော့ အဲဒီထက်ပိုပြီး ကြာနိုင်ပါတယ်။ အေဂျင်စီတွေရဲ့ မှတ်တမ်းတွေအရတော့ ဂါဇာမှာ စစ်ကြိုခေတ်အဆောက်အဦ 3 ပုံ 2 ပုံခန့် ပြိုကျပျက်ဆီး သွားခဲ့ရပြီလို့ ဆိုပါတယ်။ အဲဒီပမာဏကပဲ အဆောက်အဦပေါင်း 170000 ကျော်ရှိခဲ့တာပါ။


ဂါဇာဒေသမှာ အိမ်ရာပေါင်း 245000 ကျော် ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာမှာ လူပေါင်း 1.8 သန်းဟာ အကူအညီတွေလိုအပ်နေပါတယ်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘီလင်ကန်ကတော့ အိမ်နီးချင်းအာရပ်နိုင်ငံတွေအနေနဲ့ ဂါဇာကို ပြန်လည်တည်ဆောက်ရေးအတွက် မကူညီကြဘူးဆိုရင် နှစ်ပေါင်းများစွာ နိမ့်ကျကျန်ရစ်နေလိမ့်မယ်လို့ ဆိုပါတယ်။


2024 ဇန်နဝါရီလအတွင်းက ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေမှာ ဂါဇာက အခြေခံအဆောက်အဦတွေ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးဟာ ကန်ဒေါ်လာ 18.5 ဘီလီယံ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအပျက်အစီးစာရင်းမှာ အစိုးရအဆောက်အဦ၊ ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်တွေနဲ့ ဝတ်ပြုဗလီတွေလည်းပါဝင်ပါတယ်။ တစ်နှစ်အကြာအချက်အလက်တွေမှာတော့ စစ်ကြိုခေတ် အဆောက်အဦတွေဟာ လေးပုံ တစ်ပုံခန့်သာ ကျန်ရှိပါတော့တယ်။ ဒါ့အပြင် ဂါဇာဒေသက လမ်းပန်းဆက်သွယ်ရေးကလည်း 68 ရာခိုင်နှုန်းအထိ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။


ငတ်မွတ်ခေါင်းပါးမှုကလည်း ကြီးထွားနေပါတယ်။ ကုလသမဂ္ဂရဲ့ ဂြိုလ်တုဓါတ်ပုံတွေအရ ဂါဇာဒေသရဲ့ စိုက်ပျိုးမြေ ထက်ဝက်ကျော်လောက်က စစ်ပွဲကြောင့် ပျက်ဆီးခဲ့ရပါတယ်။ နိုင်ငံတကာအေဂျင်စီတွေရဲ့ 2024 ရှာဖွေတွေ့ရှိမှုတွေအရ ဂါဇာဒေသက ကျွဲ၊နွားတွေလည်း 95 ရာခိုင်နှုန်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား လက်တင်အမေရိက

ဗင်နီဇွဲလားသမ္မတ မာဒူရို တစ်ပတ်အတွင်း မဟာမိတ်နှစ်နိုင်ငံ ဆုံးရှုံးသွားခြင်း – ဒေသတွင်းတွင် မည်သည့်မိတ်ဖက်များ ကျန်ရှိနေသေး သနည်း?

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 19 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ကာရစ်ဘီယံပင်လယ်အတွင်း ဝါရှင်တန်၏ ရေတပ်အင်အားတိုးချဲ့မှုကို ရင်ဆိုင်နေရစဉ် အတွင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 32 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း အမေရိကန်

ကန်နာဘစ် (ဆေးခြောက်) လုပ်ငန်းရှင်များ၏ တိုက်တွန်းမှုကြောင့် ဆေးခြောက် အမျိုးအစား ပြန်လည်သတ်မှတ်ရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် ထရန့်က အမိန့်ဒီကရီ ကို လက်မှတ်ရေးထိုး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 26 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဆေးခြောက် (Marijuana) အား အမျိုးအစား ပြန်လည်သတ်မှတ်ခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန် အမှုဆောင်အမိန့်တစ်ရပ်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 32 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 48 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော