ဇန်နဝါရီ (၁၉) ရက်။
ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ (မြန်မာစံတော်ချိန်စံတော်ချိန် ညနေ ၄ နာရီခွဲ) မှာ အစ္စရေး ဝန်ကြီးချုပ်ရုံးမှ ၁၉ ရက်နေ့မှာ ပြန်လွှတ်ပေးရန် စီစဉ်ထားတဲ့ အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ထံမှ ဓားစာခံ စာရင်းကို လက်ခံရရှိကြောင်း ကြေညာခဲ့ပါတယ်။
မူလက မြန်မာစံတော်ချိန်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် စတင်ရန် စီစဉ်ထားတဲ့ ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကိ ဝန်ကြီးချုပ်ရုံးက ဒီနေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှာ စတင်မှာ ဖြစ်ကြောင်း သိရပါတယ်။
သဘောတူညီချက်အရ ဟားမတ်စ်ဘက်က အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဓားစာခံ ၃၃ ဦးကို လွှတ်ပေးမှာဖြစ်ပြီး အစ္စရေးဘက်က အကျဉ်းထောင်တွေနဲ့ အခြားနေရာတွေမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းတွေကို လွှတ်ပေးမာဖြစ်ပြီး လူဦးရေထူထပ်တဲ့ ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးစစ်တပ်ကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပစ်အခတ်ရပ်စဲရေး မစတင်မီ တစ်နာရီခန့်အလိုမှာ အစ္စရေး ဝန်ကြီးချုပ်ရုံးက ဟားမတ်စ်တို့၏ ဓားစာခံစာရင်းကို မတင်ပြမချင်း အပစ်အခတ်ရပ်စဲရေး စတင်မှာ မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။
သတင်းရင်းမြစ်။ NHK ဂျပန်