နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် အသက်ရှင်ကျန်ရစ်သူအားလုံးကို လွှဲပြောင်းပေးမှု ပြီးဆုံး

ဖေဖော်ဝါရီလ (၂၂) ရက်။

ပါလက်စတိုင်းထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြှောင်ဒေသက အစ္စလာမ္မစ်ဟားမတ်စ်အဖွဲ့က အစ္စရေး ဓားစာခံ ခြောက်ဦးကို ဒီနေ့ ၂၂ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ မူလက ၃ ဦးကို လွှတ်ပေးဖို့ စီစဉ်ခဲ့ပေမယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ အမြန်လွှတ်ပေးရေး သဘောတူညီချက်အရ ၆ ဦးကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသား ၆၀၂ ဦးကို ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။

ဓားစာခံ ခြောက်ဦးဟာ အသက် ၂၀ နဲ့ ၄၀ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပြီး အခု အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစပြီး ဟားမတ်စ်က အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေကို လွှတ်ပေးခဲ့တာ အခုဆိုရင် သတ္တမအကြိမ်မြောက် ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ကတိပြုထားတဲ့အတိုင်း အသက်ရှင်ကျန်ရစ်တဲ့ ဓားစာခံတွေအားလုံးကို လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဟားမတ်စ်ဘက်က ဓားစာခံ အမျိုးသမီးတစ်ဦးလို့ ယူဆရတဲ့ ရုပ်အလောင်းအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကို လွှဲပြောင်းပေးခဲ့ပြီး ၂၀ ရက်နေ့မှာ အစ္စရေးကို လွှဲပြောင်းပေးခဲ့တဲ့ အမျိုးသမီး ရဲ့ ရုပ်အလောင်းဟာ အခြားအမျိုးသမီးဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အတွက် ၂၁ ရက်နေ့မှာ အမျိုးသမီး ရုပ်အလောင်းကို ဟားမတ်စ်တို့က ထပ်မံလွှဲပြောင်းပေးခဲ့ရာ အစ္စရေးဓားစာခံအမျိုးသမီး ဖြစ်တယ်လို့ ဒေသခံမီဒီယာတွေရဲ့ အဆိုအရ သိရပါတယ်။ ဟားမတ်စ်က အဲ့ဒီအမျိုးသမီးကို အစ္စရေးရဲ့ စစ်ရေးတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့ကြောင်း ပြောကြားထားသော်လည်း အစ္စရေးဘက်က ဟားမတ်စ်နဲ့ မဟာမိတ်အဖွဲ့က သူမအား သတ်ဖြတ်ခဲ့တာလို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

ဒီနေ့ ၂၂ ရက်နေ့မှာ လွတ်မြောက်လာသူ ခြောက်ဦး အပါအဝင် ဟားမတ်စ်က အခုအခါ အသက်ရှင် ကျန်ရစ်တဲ့ အစ္စရေး ဓားစာခံ ၂၅ ဦးနဲ့ ရုပ်အလောင်း လေးလောင်းကို လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန် သတင်းဆိုက် Axios ရဲ့ ဖော်ပြချက်အအေး နောက်ထပ် ရုပ်အလောင်း လေးလောင်းကို ၂၇ ရက်နေ့မှာ လွှဲပြောင်းပေးအပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဇန်နဝါရီလ ၁၉ ရက်ကနေ ၄၂ ရက်အထိ ကြာမြင့်မယ့် အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဟားမတ်စ်က စုစုပေါင်း ဓားစာခံ ၃၃ ဦးကို အစ္စရေးလက်သို့ လွှဲပြောင်းပေးမှာ ဖြစ်ပြီး အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၉၀၀ ခန့်ကို လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်။ မာအိနီချီ ရှင်ဘွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအစိုးရက ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၀ရက် အစီအစဉ်ကို အတည်ပြု: အရာရှိနှစ်ဦး၏ ပြောကြားချက်အရ၊ အမေရိကန်က ကြားဝင် ဖျန်ဖြေပေးသည့် အစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အိန္ဒိယပွဲတော်တစ်ခုတွင် ဟိန္ဒူနတ်ဘုရားမက ဘီလူးကို သုတ်သင်ရာ၌ ယခုနှစ် မကောင်းဆိုးဝါးဘီလူး မှာ ထရန့် ဖြစ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက် ဟိန္ဒူနတ်ဘုရားမ ဒူရဂါ (Durga) သည် ၎င်း၏ခြင်္သေ့ပေါ်တွင် ထိုင်လျက် လက်ဆယ်ဖက်စီ၌ ကိုယ်စီနတ်လက်နက်များ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ထင်ရှားသော ပါလက်စတိုင်းအကျဉ်းသားတစ်ဦးကို လွှတ်ပေးရန် ဟားမတ်စ်တောင်းဆိုမှုမှာ အစ္စရေးအတွက် အနီရောင်မျဉ်း ဖြစ်နိုင်ဖွယ်ရှိ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 28 Views
CNN – ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၈)ရက် နိုင်ငံရေးသမားများထဲတွင် အစ္စရေးအကျဉ်းထောင်၌ တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ၅ ခု ကျခံနေရသော အထင်ရှားဆုံး ပါလက်စတိုင်းအကျဉ်းသား မာဝမ် ဘာဂူတီ (Marwan Barghouti) ကဲ့သို့ ပါလက်စတိုင်းများအကြား
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ဂါဇာ၊ ဟားမတ်စ်၊ အစ္စရေးနှင့် အမေရိကန်တို့ ပါဝင်သော သဘောတူညီမှုနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများအရ အရေးပါသော အောင်မြင်မှုတစ်ခု ရရှိခဲ့ကြောင်း ဖော်ပြသည်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၉ရက်- ပထမအဆင့် သဘောတူညီချက် ရရှိ • အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) က ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် ငြိမ်းချမ်းရေးအစီအစဉ်၏ “ ပထမအဆင့်” ကို
နိုင်ငံတကာသတင်း အိန္ဒိယ

အိန္ဒိယက ထောင်ချထားသည့်သူကို ကနေဒါက အကျဉ်းထောင်မှ အကြမ်းဖက်မှုများ စေခိုင်းနေသည်ဟု စွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 44 Views
CNN- ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၇ရက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခုရှိ သူ၏ အခန်းငယ်လေးထဲမှ လောရန့်စ် ဘစ်ရှ်နွိုင် (Lawrence Bishnoi) သည် ပြစ်မှုဆိုင်ရာ အင်ပါယာတစ်ခုကို စေခိုင်းအုပ်ချုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ ၃၂
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် တိုက်ခိုက်ရန် စစ်သားစုဆောင်းရေးအတွက် ရုရှားဒေသများတွင် စစ်မှုထမ်းစာရင်းသွင်းသူများအတွက် အပိုဆုကြေးငွေများကို အစုလိုက်အပြုံလိုက် တိုးမြှင့်ပေးနေခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 20 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၇ရက် ရုရှားဒေသများတွင် ယူကရိန်းသို့သွားရောက် တိုက်ခိုက်ရန် လူများကို လှုံ့ဆော်ရန်အတွက် “ အတွေးအခေါ်ဆိုင်ရာ” စစ်မှုထမ်း စည်းရုံးလှုံ့ဆော်မှုများ မလုံလောက်တော့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားချိန်တွင် စစ်မှုထမ်းအသစ်များအား ပေးချေသည့် ငွေပမာဏကို သိသိသာသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ဟားမတ်စ် အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းများအတွက် ပေးဆပ်ရသော ‘မြင့်မားသော အဖိုးအခ’ ကို ကာကွယ်ပြောဆို၊ ၎င်းတိုက်ခိုက်မှုက ‘ရွှေအခွင့်အရေး’ ဖန်တီးပေးခဲ့ဟု ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 33 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် ဒိုဟာ၊ ကာတာ — ဟားမတ်စ်အဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးအပေါ် သေစေနိုင်လောက်သော တိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခဲ့ပြီး ဂါဇာတွင် လူပေါင်း ထောင်သောင်းချီ သေဆုံးခဲ့ရသော်လည်း
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်က လက်ဝဲယိမ်း တရားစီရင်ရေး ‘ပုန်ကန်မှု’ ဟု စွပ်စွဲသည်။ သို့သော် ရီပတ်ပလီကင်ပါတီ(GOP) နှင့် ထရမ့် ခန့်အပ်သူများစွာသည်လည်း သမ္မတအား ပြန်လည် ဆန့်ကျင်နေကြသည်။

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၆ရက် စနေနေ့ ညနေ ၂ နာရီခန့်တွင် အိမ်ဖြူတော် ထိပ်တန်း အကြံပေး စတီဖင် မီလာ (Stephen Miller) သည် X (ယခင် Twitter) တွင် “လက်ဝဲစွန်း