နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရွှေ့ပြောင်းနေထိုင်သူ ၅၀၀,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးဖို့ အမေရိကန်က ဗီဇာ ရုပ်သိမ်း

မတ်လ (၂၂) ရက်။

ရွှေ့ပြောင်းအခြေချနေထိုင်သူ ၅၀၀,၀၀၀ ကျော်၏ နေထိုင်ခွင့်ကို ရုပ်သိမ်းပြီး လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် တွန်းအားပေးမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက မတ်လ (၂၁) ရက်နေ့တွင် ကြေညာခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လက်တင်အမေရိကမှ ဝင်ရောက်လာသူများကို တားဆီးကာ အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေး လှုပ်ရှားမှုကို စတင်မည်ဟု ကတိပြုခဲ့သည်။

ကျူးဘား၊ ဟေတီ၊ နီကာရာဂွါးနှင့် ဗင်နီဇွဲလားနိုင်ငံသား စုစုပေါင်း ၅၃၂,၀၀၀ တို့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သည့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏အစီအစဉ်အရ နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများ ဖြစ်သည်။

အမိမြေလုံခြုံရေးဌာန၏အမိန့်ကို မတ်လ ၂၅ ရက်နေ့တွင် ဖက်ဒရယ်မှတ်ပုံတင်စာရင်းကို ထုတ်ပြန်ရန် စီစဉ်ထားပြီး နေထိုင်ခွင့်ကို ယင်းထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အကြာတွင် ရပ်ဆိုင်းမည်ဟု သိရသည်။

ယင်းအစီအစဉ်မှ အကျိုးခံစားခွင့်ရှိသော ရွှေ့ပြောင်းအခြေချသူများသည် အခြားလူဝင်မှုကြီးကြပ်ရေးအဆင့်ကို မရရှိနိုင်ပါက ဧပြီလ ၂၄ ရက်နေ့ နောက်ဆုံးထား၍ “ အမေရိကန်ပြည်ထောင်စုမှ ဖယ်ရှားရမည်” ဟု အမိန့်ထုတ်ပြန်ထားသည်။

အမေရိကန်တွင် ခိုလှုံခွင့်တောင်းနေသူများအတွက် အကူအညီပေးနေသည့် Welcome.US သည် ထိခိုက်နစ်နာသူများကို လူဝင်မှုကြီးကြပ်ရေးရှေ့နေများထံ ချက်ချင်းဆက်သွယ်ရန် တိုက်တွန်းထားသည်။

AFPBB News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အမေရိကန်

သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 11 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၈ရက် သမိုင်းဝင် အစိုးရဧည့်သည်တော်အဖြစ် ထရန့်၏ အင်္ဂလန်ခရီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ဝင်ဆာရဲတိုက်ကြီးသို့
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

စစ်သားတယောက်တိုင်းအတွက်ဒရုန်းတစင်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 73 Views
CNN သတင်း။ ဂျာမနီနိုင်ငံ၊ Wiesbaden မြို့ရှိ ကွန်ဖရင့်စင်တာတစ်ခုတွင် ဇူလိုင်လက ယူကရိန်းစစ်တပ်အကြီးအကဲများသည် ဒရုန်းများတွင် ရင်းနှီးမြှုပ်နှံရန် NATO အဖွဲ့၏
နိုင်ငံတကာသတင်း ရုရှား အမေရိကန် ဥရောပ

မော်စကို၏ ကျူးကျော်မှုများကြောင့် နေတိုးမဟာမိတ်များ ဖိအားခံစားနေရချိန်တွင် အမေရိကန်က ဘီလာရုစ်-ရုရှား စစ်ရေးလေ့ကျင့်မှုကို လေ့လာစောင့်ကြည့်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 73 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၇ရက် ဘိုရီဆော့ဗ်စကီး စစ်ရေးလေ့ကျင့်ရေးကွင်း၊ ဘီလာရုစ် —ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာမှုကြောင့် တင်းမာနေပြီး ဖြစ်သော အခြေအနေတွင် အမေရိကန်၏ ဥရောပရှိ နေတိုးမဟာမိတ်များသည် မော်စကို၏ ဖိအားပေးမှုကို ခံစားနေရကာ စိုးရိမ်ပူပန်မှုများ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 142 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အကယ်၍ ၎င်းတို့အားလုံးက သဘောတူပြီး ရုရှားမှ ရေနံဝယ်ယူခြင်းကို ရပ်ဆိုင်းလိုက်မှသာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 144 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည် အစ္စရေးက မြို့ကို လုံးဝပြောင်းရွှေ့ရန် အမိန့်ပေးပြီးနောက် နောက်ဆုံးအကြိမ် ဖျက်ဆီးမှုဖြစ်သည်။ဂါဇာစီးတီးအပေါ် အစ္စရေး၏ တိုက်ခိုက်မှုသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 239 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 263 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 271 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု