နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။

ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့ တနင်္လာနေ့မှာ ထရန့်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အရေးပေါ် အယူခံမှာ တရားသူကြီးက အစမ်းခန့် ဝန်ထမ်း ၁၆၀၀၀ ခန့်ကို အလုပ်ပြန်ခန့်ဖို့ ထရန်န့်အစိုးရကို အတင်းအကြပ် ခိုင်းစေတာမျိုး မပြုလုပ်နိုင်ကြောင်း ခုခံငြင်းဆိုထားပါတယ်။

ကွန်ဆာဗေးတစ်တရားသူကြီးအများစု ရှိနေတဲ့ ဗဟိုတရားရုံးဟာ သမ္မတ ‌ဒေါ်နယ်ထရန့်ရဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ ဆက်တိုက်လုပ်ဆောင်မှုတွေဟာ ဖက်ဒရယ်ဥပဒေကို မလိုက်နာကြောင်း တွေ့ရှိတယ်လို့ ဆုံးဖြတ်ထားတာကြောင့် ထရန့်ရဲ့ လုပ်ဆောင်မှုတွေ အခုအချိန်ကာလအထိ ဆိုင်းငံ့နှေးကွေးစေခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုရှိ အမေရိကန်ခရိုင်တရားသူကြီး ဝီလီယံ အယ်ဆပ် (William Alsup) ထံက ထွက်ပေါ်လာတဲ့အမိန့်က အလုပ်ထုတ်ပယ်မှုတွေဟာ ဖက်ဒရယ်ဥပဒေနဲ့မညီကြောင်း တွေ့ရှိခဲ့ပြီး ပြန်လည်ခန့်ထားရေးကမ်းလှမ်းချက်တွေကို ချက်ချင်းပေးပို့ဖို့ လိုအပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီပြန်လည်ခန့်အပ်ရမယ့်အေဂျင်စီတွေမှာ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကာကွယ်ရေး၊ စွမ်းအင်၊ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးဌာနတွေ ပါဝင်ပါတယ်။

ရီပတ်ဘလီကန်အစိုးရက ဖက်ဒရယ်ဝန်ထမ်းတွေကိုကို လျှော့ချဖို့ လှုံ့ဆော်နေချိန်မှာ အလုပ်သမားသမဂ္ဂတွေနဲ့ ညွန့်ပေါင်းအဖွဲ့တွေက တရားစွဲဆိုမှုကြောင့် ယာယီတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အကာအကွယ်ကင်းမဲ့ပြီး အယူခံမဝင်နိုင်တဲ့အစမ်းခန့်လုပ်သားတွေကို အလုပ်ထုတ်ခြင်းဖြင့် ဝန်ထမ်းအင်အား လျှော့ချရေးဆိုင်ရာ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ကျော်လွန်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို စိတ်ပျက်မိကြောင်း အယ်ဆပ် (Alsup) က ဖော်ပြခဲ့ပါတယ်။

ဒီအမှုဟာ အစုလိုက်အပြုံလိုက် ထုတ်ပယ်မှုကို စိန်ခေါ်တဲ့ တရားစွဲမှု အများအပြားထဲမှာ ပါဝင်နေပြီး ဒုတိယ တရားသူကြီးက အဲဒီနေ့မှာပဲ ထောင်နဲ့ချီတဲ့ အစမ်းခန့်ဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 17 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 42 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်