နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အစမ်းခန့် ဖက်ဒရယ်ဝန်ထမ်းများကို ပြန်လည်ခန့်အပ်ရန် တရားသူကြီး၏အမိန့်ကို ရပ်ဆိုင်းရန် ထရန့် အစိုးရက တရားရုံးချုပ်ကို တောင်းဆိုထားသည်။

မတ်လ (၂၄) ရက်။ ဝါရှင်တန် (AP)။

ထရန့်အစိုးရက ဖက်ဒရယ်အစိုးရ အရွယ်အစားကို သိသိသာသာ လျှော့ချဖို့ ရည်ရွယ်တဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ထုတ်ပစ်မှုကို ရပ်ဆိုင်းပြီး ပြန်လည်ခန့်အပ်ဖို့ အမိန့်ချမှတ်မှုကို ဗဟိုတရားရုံးချုပ်က ရပ်ဆိုင်းပေးဖို့ တနင်္လာနေ့မှာ ထရန့်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အရေးပေါ် အယူခံမှာ တရားသူကြီးက အစမ်းခန့် ဝန်ထမ်း ၁၆၀၀၀ ခန့်ကို အလုပ်ပြန်ခန့်ဖို့ ထရန်န့်အစိုးရကို အတင်းအကြပ် ခိုင်းစေတာမျိုး မပြုလုပ်နိုင်ကြောင်း ခုခံငြင်းဆိုထားပါတယ်။

ကွန်ဆာဗေးတစ်တရားသူကြီးအများစု ရှိနေတဲ့ ဗဟိုတရားရုံးဟာ သမ္မတ ‌ဒေါ်နယ်ထရန့်ရဲ့ အုပ်ချုပ်ရေးယန္တရားရဲ့ ဆက်တိုက်လုပ်ဆောင်မှုတွေဟာ ဖက်ဒရယ်ဥပဒေကို မလိုက်နာကြောင်း တွေ့ရှိတယ်လို့ ဆုံးဖြတ်ထားတာကြောင့် ထရန့်ရဲ့ လုပ်ဆောင်မှုတွေ အခုအချိန်ကာလအထိ ဆိုင်းငံ့နှေးကွေးစေခဲ့ပါတယ်။

ဆန်ဖရန်စစ္စကိုရှိ အမေရိကန်ခရိုင်တရားသူကြီး ဝီလီယံ အယ်ဆပ် (William Alsup) ထံက ထွက်ပေါ်လာတဲ့အမိန့်က အလုပ်ထုတ်ပယ်မှုတွေဟာ ဖက်ဒရယ်ဥပဒေနဲ့မညီကြောင်း တွေ့ရှိခဲ့ပြီး ပြန်လည်ခန့်ထားရေးကမ်းလှမ်းချက်တွေကို ချက်ချင်းပေးပို့ဖို့ လိုအပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီပြန်လည်ခန့်အပ်ရမယ့်အေဂျင်စီတွေမှာ စစ်မှုထမ်းဟောင်းရေးရာ၊ စိုက်ပျိုးရေး၊ ကာကွယ်ရေး၊ စွမ်းအင်၊ ပြည်ထဲရေးနဲ့ ဘဏ္ဍာရေးဌာနတွေ ပါဝင်ပါတယ်။

ရီပတ်ဘလီကန်အစိုးရက ဖက်ဒရယ်ဝန်ထမ်းတွေကိုကို လျှော့ချဖို့ လှုံ့ဆော်နေချိန်မှာ အလုပ်သမားသမဂ္ဂတွေနဲ့ ညွန့်ပေါင်းအဖွဲ့တွေက တရားစွဲဆိုမှုကြောင့် ယာယီတားမြစ်မိန့် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

အကာအကွယ်ကင်းမဲ့ပြီး အယူခံမဝင်နိုင်တဲ့အစမ်းခန့်လုပ်သားတွေကို အလုပ်ထုတ်ခြင်းဖြင့် ဝန်ထမ်းအင်အား လျှော့ချရေးဆိုင်ရာ ဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ကျော်လွန်ဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို စိတ်ပျက်မိကြောင်း အယ်ဆပ် (Alsup) က ဖော်ပြခဲ့ပါတယ်။

ဒီအမှုဟာ အစုလိုက်အပြုံလိုက် ထုတ်ပယ်မှုကို စိန်ခေါ်တဲ့ တရားစွဲမှု အများအပြားထဲမှာ ပါဝင်နေပြီး ဒုတိယ တရားသူကြီးက အဲဒီနေ့မှာပဲ ထောင်နဲ့ချီတဲ့ အစမ်းခန့်ဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း

 အမေရိကန်နိုင်ငံရေး၊ အစ္စရေး-ဟားမတ်စ်စစ်ပွဲနှင့် ရုရှား-ယူကရိန်းစစ်ပွဲတို့နှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို အကျဉ်းချုပ် တင်ပြပေး လိုက်ပါတယ်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၄ရက် အမေရိကန်နိုင်ငံရေး (US Politics) အစိုးရလုပ်ငန်း ရပ်ဆိုင်းမှုနှင့် တရားရုံးစီရင်ချက်များ: လက်ရှိတွင် အမေရိကန်အစိုးရ၏ လုပ်ငန်းများ (Government
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 33 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို
နိုင်ငံတကာသတင်း ဗြိတိန်

ဗြိတိသျှမင်းသား အင်ဒရူး (Prince Andrew)မင်းသား ဘွဲ့မှ ဖယ်ရှားခံရခြင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 34 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၁ရက် သုံးယောက်မြောက်ချားလ်ဘုရင်(King Charles III) သည် ညီတော် မင်းသား အင်ဒရူး(Prince Andrew) ၏ မင်းသားဘွဲ့ (Prince title) အပါအဝင် တော်ဝင်ဘွဲ့များအားလုံးကို ဖယ်ရှားကာ ၎င်းနေထိုင်ရာ တော်ဝင်စံအိမ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့တွေ့ကြပြီ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 68 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၃၀ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တို့ဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ ကြာသပတေးနေ့ မှာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန်

 အစ္စရေး၏ ဂါဇာတိုက်ခိုက်မှုများတွင် လူ ၁၀၄ ဦး သေဆုံးကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ပြောကြား၊ ဟားမတ်စ်အား စစ်သားသတ်မှုဖြင့် အစ္စရေးကစွပ်စွဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 67 Views
BBC- ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အလယ်ပိုင်း ဂါဇာရှိ နူစိုင်ရတ် ဒုက္ခသည်စခန်းတွင် လူ လေးဦး သေဆုံးခဲ့သည်။ အင်္ဂါနေ့ညက ဂါဇာတွင် အစ္စရေးတို့၏ လှိုင်းလုံးလိုက် လေကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရန့်တို့ တွေ့ဆုံမည့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 48 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တွေ့ဆုံမည့်ရက်: သမ္မတ ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ ၃၀ ရက်နေ့ (ကြာသပတေးနေ့) တွင် တောင်ကိုရီးယား၌ ပြုလုပ်သည့် APEC ထိပ်သီး အစည်းအဝေး ဘေးပန်းနေရာတခုတွင် တွေ့ဆုံရန်
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အမေရိကန်

တောင်ကိုရီးယားသမ္မတ လီမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လောင်စာအတွက် ထရန့်ဖ်အား တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 44 Views
CNN ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ရေငုပ်သင်္ဘောများကို ယှဉ်ပြိုင်နိုင်ရန် တည်ဆောက်လိုသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ အတွက် လောင်စာ ရရှိရေးအတွက် အမေရိကန်၏ ခွင့်ပြုချက်ကို ထပ်မံတောင်းဆိုခဲ့ပါသည်။ တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်
တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

သမ္မတ ထရန့်ဖ်၏ တောင်ကိုရီးယား ခရီးစဉ်နှင့် ရွှေရောင်သရဖူ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 41 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ရက် သမ္မတ ထရန့်ဖ်သည် ၎င်း၏ အာရှခရီးစဉ် နောက်ဆုံးအဆင့်အဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူ (Gyeongju)မြို့ သို့ ရောက်ရှိ ခဲ့ပါသည်။ ထိုမြို့တွင်