နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်လုပ်ငန်းရှင်တွေထံ ရောင်းချဖို့ Tiktok ကို နောက်ထပ် ၇၅ ရက် အချိန်ပေး

++++++++++++++++++++
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ တရုတ်ကုမ္ပဏီ Bytedance ပိုင်ဆိုင်တဲ့ Tiktok ကို အမေရိကန်နိုင်ငံသားတွေထံ မရောင်းချရင် ပိတ်ပင်မယ်ဆိုတဲ့ တားမြစ်ချက်ကို နောက်ထပ် ၇၅ ရက် အချိန်ပေးလိုက်ပါတယ်။ “လက်မှတ်ရေးထိုးဖို့အတွက် လိုအပ်တဲ့အတည်ပြုချက်တွေအားလုံး သေချာအောင် လုပ်ရဦးမှာပါ။ တရုတ်နဲ့ Tiktok တို့ ဒီသဘောတူညီချက်တွေကို လိုက်နာနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဒေါ်နယ်ထရန့်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာမှာ ရေးသားဖော်ပြခဲ့တာပါ။ ၂၀၂၄ ခုနှစ်က ချမှတ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ ByteDance ကုမ္ပဏီပိုင်ဆိုင်တဲ့ Tiktok လူမှုကွန်ယက်စာမျက်နာကို အမေရိကန်ပိုင်ဆိုင်မှုထံ လွှဲပြောင်းမရောင်းချဘူးဆိုရင် ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်နေ့က စပြီး အမေရိကန်နိုင်ငံမှာ ပိတ်ပင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် သမ္မတသစ်ဒေါ်နယ်ထရန့်တက်လာပြီးနောက် အဲဒီဆုံးဖြတ်ချက်ကို ဆိုင်းငံ့ပေးခဲ့ပြီး အခုအခါမှာ နောက်ထပ် ၇၅ ရက် အချိန်ပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ Tiktok ကို လွှဲပြောင်းဝယ်ယူဖို့အတွက် မတူညီတဲ့ အုပ်စု လေးခုက ဆက်သွယ်ကမ်းလှမ်းထားတယ်လို့ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောထားပေမယ့် ဘယ်ကုမ္ပဏီတွေဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုပြောဆိုထားခြင်းမရှိပါဘူး။ အခုရက်ပိုင်းထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲဒီကုမ္ပဏီ လေးခုမှာ Amazon ကုမ္ပဏီနဲ့ Onlyfans တည်ထောင်သူရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Zoop တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ အခွန်းစည်းကြပ်တဲ့ မူဝါဒသစ်ကြောင့် အခုအခါမှာ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအားလုံး ၅၄ ရာခိုင်နှုန်းအထိ စည်းကြပ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ယခင်စည်းကြပ်မှုရဲ့ ၃၄ရာခိုင်နှုန်း ပိုတင်းကြပ်ခံရတာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်က ByteDance အနေနဲ့ Tiktok ကို အမေရိကန်နိုင်ငံထံ ရောင်းချပါက တရုတ်နိုင်ငံအပေါ် စည်းကြပ်မှုကို လျှော့ပေါ့ပေးနိုင်တယ်လို့ လည်း ပြောဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 35 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို