နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်၏ စည်းကြပ်ခွန်များကြောင့် အာရှစတော့ရှယ်ယာဈေးကွက် သိသိသာသာ ကျဆင်းသွား

ဧပြီလ (၇) ရက်။

ထရမ့်၏ စည်းကြပ်ခွန်များကြောင့် အာရှဈေးကွက်များလည်း ကျဆင်းသွားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စတော့ဈေးကွက် ကျဆင်းမှုသည် ပိုမိုနက်ရှိုင်းလာသည်။

ဂျပန်တွင် စတော့အရောင်းအဝယ်စတင်ပြီးနောက် Nikkei စတော့ပျမ်းမျှနှုန်းသည် ၈.၈ ရာခိုင်နှုန်း ကျဆင်းသွားကာ အညွှန်းကိန်း ၃၀,၇၉၂.၇၄ အထိ ရောက်ရှိခဲ့သည်။

တိုကျိုစတော့ဈေးနှုန်းအညွှန်းကိန်း တော့ပစ်စ် (Topix) သည် အညွှန်းကိန်း ၂,၂၄၃.၂၁ အထိ ကျဆင်းခဲ့ရာ ၉.၆ ရာခိုင်နှုန်း ဆုံးရှုံးခဲ့သည်။

အိုဆာကာ စတော့အိတ်ချိန်းရှိ Nikkei၏ ကြိုတင်စတော့ဈေးနှုန်းသည်လည်း ၉ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ခြင်းကြောင့် အရောင်းအဝယ်ကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

ရိုက်တာ၏အဆိုအရ ၀န်ကြီးချုပ် အီရှီဘာရှိဂေရူက ဂျပန်အစိုးရသည် အကောက်ခွန်လျှော့ချရန် ထရမ့်ကို ဆက်လက်တိုက်တွန်းသွားမည်ဟု (၇) ရက်နေ့တွင် ပြောကြားခဲ့သည်။ သို့သော် ရလဒ်များသည် ချက်ချင်းဖြစ်လာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဧပြီလ (၂) ရက်နေ့တွင် ထရမ့်သည် ဂျပန်အပေါ်အပြန်အလှန်အခွန် ၂၄ ရာနှုန်း စည်းကြပ်ရန် ကြေညာခဲ့သည်။

အာရှဈေးကွက်များတွင် သိသိသာသာ ကျဆင်းမှုသည် Wall Street တွင် ငါးနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှု၏ နောက်ဆက်တွဲဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံသူများသည် ထရမ့်၏ကြီးမားသော အကောက်ခွန်မူဝါဒများကို ပယ်ချသည့် လက္ခဏာများကို ပြသခြင်းဖြစ်သည်။ အချို့သောအခွန်အကောက်များသည် ၅ ရက်နေ့မှစတင်အသက်ဝင်မည်ဖြစ်ပြီး အချို့သည် ၉ ရက်နေ့မှ စတင်အသက်ဝင်မည်ဖြစ်သည်။ စည်းကြပ်ခွန်များနှင့်ပတ်သက်၍ တရုတ်က အမေရိကန်ထုတ်ကုန်များအပေါ် ထပ်လောင်းအကောက်ခွန် ၃၄ ရာခိုင်နှုန်းကို “အပြန်အလှန်အခွန်စည်းကြပ်မှု” အဖြစ် ၄ ရက်နေ့တွင် ကြေညာခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲ တိုးမြင့်လာမှုနှင့် ၎င်း၏အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

(၆)ရက်နေ့က Air Force One တွင် သတင်းထောက်များနှင့် စကားပြောရာ၌ ထရမ့်က သူသည် စျေးကွက်ပျက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း စျေးကွက်၏ အနာဂတ်အတွက် ခန့်မှန်းချက်တစ်စုံတစ်ရာကို မပေးကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားဈေးကွက်တွင် Korea Composite Stock Price Index (KOSPI) သည် အရောင်းအဝယ်စတင်ပြီးနောက် 4.8% ကျော် ကျဆင်းသွားခဲ့သည်။ အရောင်းအ၀ယ်ကို ငါးမိနစ်ကြာ ရပ်ဆိုင်းခဲ့သည်။

ထိုင်ဝမ်ဈေးကွက်တွင် အရောင်းအဝယ်စတင်ပြီးနောက် အလေးချိန်ညွှန်းကိန်းသည် 9.7% ကျော်ကျဆင်းခဲ့သည်။

သြစတြေးလျတွင် ASX 200 သည် နံနက်ပိုင်း အရောင်းအဝယ်တွင် 6.3% အထိ ကျဆင်းခဲ့သည်။

ဂျပန်နှင့် တရုတ်နိုင်ငံသည် အမေရိကန်အစိုးရငွေချေးစာချုပ်အများဆုံးကို ပိုင်ဆိုင်ထားသည့် နှစ်နိုင်ငံဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

တရားရုံးချုပ်က ထရန့် နှင့် ရီပတ်ပလီကင်ပါတီ (GOP) အဖွဲ့ဝင်များအတွက် ကွယ်ဝှက် ထားသော လက်ဆောင်တစ်ခု ပေးအပ်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် တရားရုံးချုပ်သည် သောကြာနေ့တွင် သမ္မတ ဒေါ်နယ်ထရန့် ၏
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အရေးကြီးသော ဆွေးနွေးပွဲများမတိုင်မီ အီရန်အပေါ် အမေရိကန်က စစ်ရေးဖိအားများ တိုးမြှင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ရက် လာမည့်အင်္ဂါနေ့တွင် ဂျီနီဗာမြို့၌ အီရန်နှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများမတိုင်မီ အမေရိကန် စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် လေကြောင်းနှင့် ရေတပ်အင်အားကို သိသိသာသာ ဆက်လက်တိုးမြှင့်လျက်ရှိသည်။ တီဟီရန်အစိုးရကို ခြိမ်းခြောက်ရန်နှင့် အကယ်၍ ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 46 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အနောက်ဘက်ကမ်းခြေ ဒေသအများအပြားကို နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ရန် အစ္စရေး၏ လုပ်ဆောင်ချက်မှာ ‘အင်အားသုံး သိမ်းပိုက်ခြင်း’ ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၆ရက် တဲလ်အဗစ် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ နယ်မြေများကို နိုင်ငံပိုင်မြေအဖြစ် မှတ်ပုံတင်ရန် အစ္စရေးအစိုးရက ရှေ့ဆက်လုပ်ဆောင်နေပြီး ယင်းလုပ်ရပ် ကို ပါလက်စတိုင်းတို့က “အင်အားသုံး နယ်မြေသိမ်းပိုက်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ရုရှား

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နိကို ဖားအဆိပ်မြှား (Dart Frog Toxin) သုံး၍ သတ်ဖြတ်ခဲ့ကြောင်း ဗြိတိန်ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 46 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ (Alexei Navalny) သည် ဖားမှ ထုတ်ယူဖော်စပ်ထားသော အဆိပ်ကို အသုံးပြု၍မြှားဆိပ်ဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက