နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ”

အမေရိကန်လူဝင်မှုကြီးကြပ်ရေးကောင်စီအဖွဲ့ဝင် ပေါ်လစီ ဒါရိုက်တာနေနာဂုပါ (Nayna Gupa) က အာဘရီဂို ဂါဆီယာ (Abrego Garcia) ကို အယ်ဆာဗေဒိုးနိုင်ငံရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့်ထောင်သို့ တရားမဝင် ပို့ဆောင်မှုအပေါ် ဒီမိုကရေစီ (Democracy Today) သတင်းဌာနမှာ “ ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာ” ဟု ပြောကြားခဲ့ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရရင် ဒေါ်နယ်ထရန့်နဲ့ သူ့ရဲ့အစိုးရဟာ အာဘရီဂို ဂါဆီယာကို အိမ်သို့ ပြန်လည်ခေါ်ယူလာနိုင်ပါတယ်။ အဲဒါက သူတို့ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိပါ တယ်။ ICE ဟာ အရင်ကလည်း လူထောင်ပေါင်းများစွာကို မတရားသဖြင့် ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ အေဂျင်စီက လူတွေကို ပြန်ခေါ်ဆောင်နိုင်တဲ့ လုပ်ငန်းစဉ်တွေ ရှိတယ်။

အေဂျင်စီက သူတို့ မှားယွင်းစွာ ပြည်နှင်ဒဏ်ပေးမှုကို ဝန်ခံခဲ့တဲ့အမှုတွေမှာ အေဂျင်စီက လူတွေကို ချက်ချင်း အိမ်ပြန်ပို့တဲ့အမှုကိစ္စတွေမှာ ကျမက ဆောင်ရွက်ခဲ့ပါတယ်၊ သမ္မတက ဒါကို မလုပ်နိုင်ဘူးဆိုတာဟာ လိမ်ညာမှု ဖြစ်ပါတယ်။ အခုဆိုရင် သမ္မတနဲ့ သူ့အစိုးရဟာ နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအာဏာဟာ အကန့်အသတ်မရှိဘူး ဆိုတာတော့ မဟုတ်ပါဘူး။

အာဘရီဂို ဂါဆီယာကို သူ့ရဲ့ဇာတိနိုင်ငံ အယ်ဆာဗေဒိုးကို ပြန်လည်ပို့ဆောင်ဖို့ ဟန့်တားတဲ့ လူဝင်မှုကြီးကြပ်ရေးတရားရုံးရဲ့အမိန့်ကို အခုထရန့်အစိုးရဟာ ချိုးဖောက်ခဲ့ပါတယ်။ မစ္စတာ အာဘရီဂို ဂါဆီယာပြန်လာရေးကို လွယ်ကူချောမွေ့စေဖို့ ချမှတ်ထားတဲ့ တရားရုံးချုပ်နဲ့ ဗဟိုတရားရုံးရဲ့အမိန့်ကို သူတို့က ချိုးဖောက်နေပါတယ်။

ဒါဟာ ထရန့်အစိုးရက တရားဥပဒေစိုးမိုးရေးကို ချိုးဖေါက်ပြီး သတ်မှတ်ထားတဲ့လုပ်ငန်းစဥ်ကို လုပ်ဆောင်ဖို့ကို ချိုးဖောက်ပြီး သူ့နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မှတ်တမ်းရှိတဲ့ သမ္မတ ဘတ်ကီလီ (Bukele) ကို နွေးထွေးစွာ ပေါင်းဖက်ပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးယန္တရားက ဒီနေရာမှာ အသုံးပြုနေတဲ့နည်းဗျူဟာ အန္တရာယ်ရှိပြီး ရက်စက်ကြမ်းကြုတ်လှပါတယ်။

အခုအချိန်မှာ အမေရိကန်နိုင်ငံသားတွေအတွက် အန္တရာယ်မရှိသေးပါဘူး ဒါပေမဲ့ ထရန့် အစိုးရက တရားရုံးကအမိန့် ကို ထပ်ခါထပ်ခါ ချိုးဖေါက် ရှောင်တိမ်းနေနိုင်ပြီး အာဘရီဂို ဂါဆီယာကို ပြန်ခေါ်ပေးဖို့ ငြင်းဆန်နေတာက အလုပ်ဖြစ်သွားခဲ့ရင် သမတထရန့်ကို ပိုမိုရဲတင်းစွာ လုပ်ဆောင်လာစေမှာ ဖြစ်ပါတယ်။

မနေ့က ကျွန်မတို့မြင်ခဲ့ရတာက နိုင်ငံရေးပြဇာတ်တစ်ခုဖြစ်ပြီး ထရန့်အစိုးရအရာရှိတွေက အမေရိကန်ပြည်သူတွေကို လိမ်ညာနေတာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး