+++++++++++++++++++++++
သောကြာနေ့ညက ထရန့်အစိုးရဟာ ကျွန်တော်တို့ တက္ကသိုလ်ကို ပေးပို့ ခဲ့တဲ့ တောင်းဆိုစာဟာ တနင်္လာနေ့မှာတော့ လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။
သူ့တောင်းဆိုချက်တွေထဲကတစ်ခုကတော့ ဒီကျောင်းဝင်းထဲက သင်တန်းတိုင်းကို စစ်ဆေးမယ့် ဗဟိုအစိုးရကြီးကြပ်မှူးတယောက်ကို ကျောင်းက ခန့်အပ်ထားဖို့ ဒါမှမဟုတ် ထရန့်က ခန့်ထားဖို့၊ ဘာသာရပ်ဌာနတိုင်းက ထရန့်အစိုးရက လိုလားနှစ်သက်တဲ့ အတွေးအခေါ် ချိန်ခွင်လျှာကို လိုက်လျောညီထွေ ဖြစ်စေဖို့ ကြိုးစားပြီး ဖက်ဒရယ်အရာရှိက ထရန့်က ကျွန်တော်တို့ကို သင်ကြားစေလိုတဲ့နည်းကို သင်ပေးမယ့် ဆရာအသစ်တွေကို ငှားရမ်းခိုင်းပြီး ကျွန်တော်တို့ရဲ့သင်ကြားမှုပုံစံတွေကို ပြောင်းလဲပါလိမ့်မယ်။
ဒီအချက်က အမေရိကန်ကျောင်းတွေမှာ ဘာတွေကို သင်ကြားပေးရမလဲဆိုတာကို ဗဟိုအစိုးရက လုံးဝချုပ်ကိုင်ဖို့ ကြိုးစားအားထုတ်တာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်လာမှုဟာ အာဏာရှင်တွေက အာဏာရရှိလာဖို့ ကမ္ဘာတဝှမ်းမှာ ကြိုးစားနေတာကို ကျွန်တော်တို့ မြင်နေရတာပဲ ဖြစ်ပါတယ်။
ပရော်ဖက်ဆာ အင်ဒရူးမန်နျူရယ် ခရက်စ်ပို (Andrew Manuel Crespo)
ဟားဗတ်တက္ကသိုလ် ဥပဒေဌာန
