နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်သမ္မတက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဟုဆို

ဧပြီလ (၂၃) ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုများကို သိသိသာသာ လျှော့ချမည်ဖြစ်သော်လည်း သုညတော့ ဖြစ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်တွင် ဧပြီလ (၂၃) ရက်နေ့က ပြောကြားခဲ့ကြောင်း သိရသည်။

ထရန့်၏ မှတ်ချက်များသည် တရုတ်နိုင်ငံအပေါ် ၎င်း၏ ရပ်တည်ချက်ကို ပျော့ပျောင်းသွားသည်ကို ညွှန်ပြနေပုံရသည်။ ရက်သတ္တပတ်များအတွင်း တင်းတင်းမာမာ ပြောဆိုမှုများနှင့် လက်တုံ့ပြန်သည့် အစီအမံများ အပြီးတွင်၊ ထရန့်သည် တရုတ်ထုတ်ကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်း ချမှတ်ခဲ့သည်။

ဘဲဥပုံရုံးရှိ သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားရာတွင် ထရန့်က အခွန်စည်းကြပ်မှု ၁၄၅% သည် အလွန်မြင့်မားကြောင်း ဝန်ခံခဲ့ပြီး “ ဒါက ဒီလောက်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သိသာထင်ရှားစွာ နိမ့်ပါလိမ့်မယ်၊ ဒါပေမယ့် သုညတော့ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့ကြား စည်းကြပ်ခွန်များ မြင့်မားနေခြင်းသည် နှစ်နိုင်ငံစလုံး ကုန်သွယ်ရေးကို ပိတ်ဆို့သွာသည့် အခြေအနေ ဖြစ်စေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဒေးဗစ်ဘီဆင့်၏ မှတ်ချက်နှင့်ပတ်သက်၍ ထရန့်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

သတင်းရင်းမြစ်များအရ ဘီဆင့်က အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲသည် ရေရှည်ဖြစ်ပွားမည် မဟုတ်ကြောင်းနှင့် ကုန်သွယ်ရေးတင်းမာမှုများ မကြာမီ သက်သာလာမည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့သည်။

ဘီဆင့်က ရင်းနှီးမြှုပ်နှံသူများကို ပြောကြားရာတွင် ရည်ရွယ်ချက်မှာ အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်မှုကို ချိုးဖျက်ခြင်း မဟုတ်ဘဲ ကုန်သွယ်မှုကို ပြန်လည်ချိန်ညှိရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံ အချင်းချင်းအပေါ် စံချိန်တင်အခွန်အကောက်များ မြင့်မားစွာချမှတ်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာစျေးကွက်များကို တုန်လှုပ်စေကာ ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေပြီး စီးပွားရေးကျဆင်းမှုဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

တရုတ်နိုင်ငံသည် ယခုအချိန်အထိ ထိပ်တိုက်ရင်ဆိုင်ရေး ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး ညှိနှိုင်းမည့် အရိပ်အယောင်များ မပြသေးပေ။ ယင်းအစား အမေရိကန်ထုတ်ကုန်များအပေါ် အခွန်တိုးကောက်ခြင်း၊ အမေရိကန်ကုမ္ပဏီများကို ပို့ကုန်ထိန်းချုပ်မှုစာရင်းတွင် ထည့်သွင်းခြင်းနှင့် အရေးကြီးသော ဓာတ်သတ္တုအရင်းအမြစ်များ တင်ပို့မှုကို ကန့်သတ်ခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

တရုတ်အစိုးရသည် နိုင်ငံအတွင်း ပြသမည့် ဟောလိဝုဒ်ရုပ်ရှင် အရေအတွက်ကို ကန့်သတ်ထားပြီး တရုတ်လေကြောင်းလိုင်းများမှ အသုံးပြုမည့် ဘိုးရင်းလေယာဉ်နှစ်စင်းကို ပြန်လည်ပေးအပ်ခြင်းအပါအဝင် အမေရိကန်စက်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်သည့် အစီအမံများကို လုပ်ဆောင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 30 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 45 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 51 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 79 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 57 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး