နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဘီလ်ဂိတ်စ် (Bill Gates) က သူ့ပိုက်ဆံတွေကို အကုန်ပေးပြီးတော့ နှစ် ၂၀ မှာ Gates Foundation ကို အဆုံးသတ်ဖို့ အစီအစဉ်ကို ကြေညာ

၂၀၂၅ ခုနှစ်၊ မေလ ၈ရက်

ဘီလ် နှင့် မဲလင်ဒါဖရင့်ချ် ဂိတ် (Melinda French Gates) သည် ၂၀၀၀ ခုနှစ်တွင် ဂိတ်စ်ဖောင်ဒေးရှင်းကို တည်ထောင်သောအခါ ၎င်းတို့သေဆုံးပြီးနောက် ဆယ်စုနှစ်များစွာကြာအောင် ကျန်ရှိနေသော ဓနများကို အသုံးပြုကာ အဖွဲ့အစည်း၏ လုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ခဲ့ကြသည်။

သို့ရာတွင် ယခုအချိန်မှာတော့ မိုက်ခရိုဆော့ဖ် (Microsoft) တည်ထောင်သူ သန်းကြွယ်သူဌေးက “ သူ့ရဲ့ ကြွယ်ဝမှုအများစုကို စွန့်လွှတ်ဖို့ အချိန်အကြာကြီး မစောင့်ချင်တော့ဘူး” ဟု ပြောပါသည်။

၂၀၄၅ ဒီဇင်ဘာ ၃၁ ရက် ဖောင်ဒေးရှင်းကို မပိတ်မီ လာမည့် နှစ် ၂၀ အတွင်း ၎င်း၏ ကြွယ်ဝမှု အားလုံး ဒေါ်လာ ဘီလီယံ ၂၀၀ ခန့် ဖြန့်ဝေရန် စီစဉ်ထားကြောင်း Gates က ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်၏အစိုးရသည် ကျန်းမာရေး၊ နိုင်ငံခြားထောက်ပံ့ရေးရန်ပုံငွေနှင့် အခြား အများပြည်သူထောက်ပံ့ရေးအစီအစဥ်များကို ဖြတ်တောက်ရန် လုပ်ဆောင်နေချိန်တွင် ထိုကြေငြာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂိတ်ဖောင်ဒေးရှင်းမှ ထောက်ပံ့ အားပေးသည့်အကြောင်းအရာများမှာ အရေးကြီးသောသုတေသနလုပ်ငန်းများ ရပ်တန့်နေခြင်းနှင့် အခြားရေးကြီးသော စီမံကိန်းများ ရပ်ဆိုင်းနေခြင်းအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေခဲ့ရခြင်းကြောင့် ဖြစ်သည်။

ဂိတ်သည် သူ၏ဖောင်ဒေးရှင်းလုပ်ငန်းများကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနှင့် သာတူညီမျှမှုဆိုင်ရာ စွမ်းဆောင်မှုစတင်သည့် ခြေလှမ်းများကို အားပေးထောက်ပံ့ရန်နှင့် အခြားဘီလီယံနာများက သူ့လုပ်ဆောင်မှုကို အတုယူပြီး ပါဝင်လာစေရန် မျှော်လင့်ထားသည်ဟု ကြာသပတေးနေ့နံနက်က ထုတ်ပြန်သည့် ဘလော့ဂ်ပို့စ်တွင် ၎င်းက ပြောကြားခဲ့သည်။

ကတိကဝတ်ဖြင့်တည်ဆောက်ထားသည့် ဂိတ်၏ ပရဟိတလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းကို မှတ်တမ်းအဖြစ် ထားရှိထားသည်။ ဇနီးဟောင်း ဖရင့်ဂိတ်နှင့် ဝါရင်ဘတ်ဖက် (Warren Buffett) တို့နှင့်အတူ ချမ်းသာကြွယ်ဝသူများသည် ၎င်းတို့၏ ဘဝတစ်သက်တာအတွင်း သို့မဟုတ် ၎င်းတို့၏ဆန္ဒအရ အလှူငွေအများစုကို လှူဒါန်းရန် ၂၀၁၀ ခုနှစ်တွင် “ပေးကမ်းစွန့်ကြဲခြင်း ကတိကဝတ်” ကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ယခုအခါတွင် လက်မှတ်ရေးထိုးသူ ၂၄၀ ကျော်ရှိနေပြီဖြစ်သည်။

“ကျွန်တော်သေသွားတဲ့အခါ လူတွေက ကျွန်တော်အကြောင်း အမျိုးမျိုး ပြောကြလိမ့်မယ်၊ ဒါပေမယ့် ‘သူဌေးကြီးတယောက်အနေနဲ့သေသွားတဲ့’ သူတွေထဲက တစ်ယောက် မဖြစ်ချင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်” ဟု ယခုနှစ်နှောင်းပိုင်းတွင် အသက် ၇၀ အရွယ်ရှိ ဂိတ်စ်က ရေးသားခဲ့သည်။ “ ကမ္ဘာမှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိတယ် ကျွန်တော်အတွက် အသုံးချနိုင်တဲ့ အရင်းအမြစ်တွေကို ဆုပ်ကိုင်ထားပြီး လူတွေကို ကူညီဖို့လိုတယ်” ဟု ဆိုသည်။

ကမ္ဘာ့အကြီးဆုံး ပရဟိတလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ဂိတ်ဖောင်ဒေးရှင်းသည် စတင်တည်ထောင်ချိန်မှစ၍ ဒေါ်လာ ၁၀၀ ဘီလီယံကျော်ကို ကာကွယ်ဆေးအသစ်များ၊ ရောဂါရှာဖွေရေးကိရိယာများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ရောဂါများကို တိုက်ဖျက်ရန် ကုသရေးယန္တရားများ တီထွင်ရန် အပါအဝင် ဒေါ်လာ ၁၀၀ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

ဂိတ်သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ပေးကမ်းမှုအရှိန်အဟုန်ကို မြှင့်တင်ခဲ့ပြီး အထူးသဖြင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် ကြာသပတေးနေ့တွင် ၎င်း၏စည်းစိမ်ဥစ္စာများကို သုံးစွဲရာတွင် သိသိသာသာ အရှိန်မြှင့်လာခဲ့သည်။ ဂိတ်ဖောင်ဒေးရှင်းက ၎င်းကို “ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး ပရဟိတ ကတိကဝတ်များ” ဟုခေါ်သည်။

လာမည့်နှစ် ၂၀ အတွင်း၊ ဂိတ်ဖောင်ဒေးရှင်းသည် မိခင်နှင့် ကလေးငယ်များ၏ သေဆုံးမှုကို ကာကွယ်နိုင်သော အဓိက ရည်မှန်းချက် (၃) ရပ်ကို အာရုံစိုက်သွားမည်ဖြစ်ပြီး သေစေနိုင်သော ကူးစက်ရောဂါများ ပပျောက်ရေးနှင့် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသောလူများကို ဆင်းရဲတွင်းမှ ဖယ်ရှားပေးမည်ဖြစ်သည်။

၎င်း၏ ကြေညာချက်တွင် ဖောင်ဒေးရှင်းသည် ရပ်တန့်နေသည့် ကမ္ဘာ့ကျန်းမာရေးလမ်းကြောင်းများအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ ကြာသပတေးနေ့က ထုတ်ဝေသည့် Financial Times နှင့်အင်တာဗျူး တွင် ဂိတ်သည် အမေရိကန်နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်များကို ဖြတ်တောက်ခြင်းကြောင့် “ ကမ္ဘာ့အဆင်းရဲဆုံးကလေးများကို သတ်ခဲ့တယ်” ဟု ဂိတ်က စွပ်စွဲခဲ့သည်။ နယူးယောက်တွင် ကြာသပတေးနေ့တွင် ကတိကဝတ်ပြုကြောင်း ကြေညာသည့်ပွဲတစ်ခုတွင် ဂိတ်သည် အထူးသဖြင့် USAID ၏ အကူအညီအား ဖြတ်တောက်ခြင်းနှင့်ပတ်သက်၍ ၎င်း၏စိုးရိမ်မှုများကို ဖော်ပြရန်အတွက် ဖေဖော်ဝါရီလတွင် ထရန့်နှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲအတွင်း ဘီလီယံနာ မိုက်ဘလွန်းဘတ်ဂ် (Mike Bloomberg)၊ အဆိုတော် ဂျွန် ဘတ်တီစ် (Jon Batiste) နှင့် အခြားသော ပရဟိတလုပ်ဖော်ကိုင်ဖက်များ တက်ရောက်ခဲ့ကြသည်။ ဂိတ်ဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် မာ့ခ် ဆူဇ်မန် (Mark Suzman) က ယခုအချိန်တွင် ကမ္ဘာကြီးသည် “ ကျွန်ုပ်တို့ စတင်တည်ထောင်ကတည်းက ကျွန်တော်တို့ရဲ့အစီအစဉ်အတွက် အခက်ခဲဆုံး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ လမ်းကြောင်းများကို ကြုံတွေ့နေရတဲ့ အခိုက်အတန့်မှာ ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ အံ့သြဖွယ်တိုးတက်မှုများစွာဟာ အန္တရာယ်ရှိနေပါတယ်”

သို့သော် ကြာသပတေးနေ့တွင် ၎င်း၏ဘလော့ဂ်ပို့စ်တွင် ဂိတ်က သူ၏ပေးကမ်းမှုနှင့်အတူ ဉာဏ်ရည်တုဆိုင်ရာ တိုးတက်မှုများသည် တိုးတက်မှုနှုန်းကို တိုးမြင့်စေနိုင်သည်ဟု အကောင်းမြင်ကြောင်း ဖော်ပြခဲ့သည်။

ဂိတ်၏ လက်ရှိအသားတင်ပိုင်ဆိုင်မှုမှာ ၁၀၈ ဘီလီယံဒေါ်လာ ဖြစ်သည်။ Bloomberg ၏ ဘီလျံနာအညွှန်းကိန်းက သူ့ကို ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားသည်။ ယခုအခါ ၎င်း၏ ပိုင်ဆိုင်မှုသည် ၂၀၄၅ ခုနှစ်တွင် ၉၉% ကျဆင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လာမည့်နှစ် ၂၀ အတွင်း ဖောင်ဒေးရှင်းမှ ပေးဆောင်ရန် မျှော်မှန်းထားသည့် ဒေါ်လာ ၂၀၀ ဘီလီယံသည် ၎င်း၏ လက်ရှိ ရန်ပုံငွေ ၇၇ ဘီလီယံနှင့် ၎င်း၏ ကိုယ်ပိုင်ကြွယ်ဝမှုမှ ရရှိသည့် အမြတ်အစွန်းများဖြစ်သည့် TerraPower ကဲ့သို့သော စီးပွားရေး ရင်းနှီးမြုပ်နှံမှုများမှ၀င်ငွေများ အပါအဝင်ဖြစ်သည်။

ဇနီးဟောင်း ဖရင့်ဂိတ်သည် ၂၀၂၁ ခုနှစ်တွင် ကွာရှင်းပြတ်စဲပြီးနောက် လွန်ခဲ့သည့်နှစ်တွင် ဂိတ်ဖောင်ဒေးရှင်းမှ နုတ်ထွက်ခဲ့သည်။ သူမသည် ဂိတ်ဖောင်ဒေးရှင်းမှတစ်ဆင့် သူမ၏ ကြွယ်ဝမှုအများအပြားကို ၂၀၂၂ ခုနှစ်တွင် ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဂိတ်တည်ထောင်ခဲ့သည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ယခုဒေါ်လာ ၃ ထရီလီယံ ကျော်တန်ဖိုးရှိသော Microsoft သည် ယခုကြေညာချက်အပြီး ရက်သတ္တပတ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ကုမ္ပဏီကတစ်ဆင့် ကျွန်တော်ရရှိတဲ့ အရင်းအမြစ်တွေကို စွန့်လွတ်ဖို့ ကတိကဝတ်ပြုပြီး မှတ်တိုင်တစ်ခုကို ဂုဏ်ပြုလိုက်တာ မှန်ကန်တယ်လို့ ခံစားရပါတယ်” ဟု ရေးသားခဲ့သည်။

CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို