နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

မေလ (၁၇) ရက်။

အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇ ရက်နေ့က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အီရန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“အဆင့်အတန်းက အရမ်းနိမ့်တဲ့အတွက် သူနဲ့ အမေရိကန် ပြည်သူတွေအတွက် အရှက်ရစေပါတယ်” လို့ သူက ဝေဖန်ပြောဆိုလိုက်ပါတယ်။

ထရန့်က အီရန်နဲ့ နျူကလီးယားသဘောတူစာချုပ် ချုပ်ဆိုဖို့ ဆန္ဒထုတ်ဖော်ခဲ့ပေမဲ့ “အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးမှုကို အဆုံးသတ်ဖို့၊ အီရန်ရန် proxy စစ်ပွဲတွေကို အဆုံးသတ်ဖို့၊ အတည်ပြုနိုင်တဲ့ နျူကလီးယားလက်နက်တွေကို ရပ်တန့်ဖို့ အီရန်နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။

ခါမေနီက ထရန့်ရဲ့ “ အင်အားသုံးတဲ့ ငြိမ်းချမ်းရေး” ဆိုတဲ့ လှုံ့ဆော်မှုကို ပြဿနာအဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။ “ထရန့်နဲ့ အမေရိကန် အစိုးရဟာ ဂါဇာ (ပါလက်စတိုင်း နယ်မြေ) မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ မြှင့်တင်ဖို့ သူတို့ရဲ့ အာဏာကို အသုံးပြုပြီး စစ်ပွဲကို လှုံ့ဆော်နေတာ” လို့ သူက ပြောကြားခဲ့ပါတယ်။

Jiji Press သတင်း။

၁၇ ရက်နေ့က တီဟီရန်တွင် မိန့်ခွန်းပြောနေစဉ် အီရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီကို တွေ့ရစဉ် (ဓာတ်ပုံ – EPA Jiji Press)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

နေတိုးမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရန့် စာပို့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 57 Views
CNN သတင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်။ ယခု စနေနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်သည် နေတိုးမဟာမိတ်များကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဓားစာခံများအတွက် မြေပြင်စစ်ဆင်ရေးအန္တရာယ်ကို ဆွေးနွေးရန် အစိုးရအဖွဲ့ အစည်းအဝေး မကျင်းပမီ ဂါဇာစီးတီးရှိ အထပ်မြင့်အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 15 ရက်
  • 62 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက် အစ္စရေးစစ်တပ်သည် ဂါဇာစီးတီးရှိ ရပ်ကွက်များစွာကို လူများထွက်ခွာရန် သတိပေးပြီးနောက် ယခုတနင်္ဂနွေနေ့တွင် အထပ်မြင့်အဆောက်အအုံများစွာကို တိုက်ခိုက်ခဲ့သည်။ ၎င်းသည်
နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 142 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ ချမ်းသာသောလူနေမှုပုံစံများကို ဆန့်ကျင်သည့် ဂျင်ဇီ မျိုးဆက် (Gen Z) ဦးဆောင်သော လူမှုကွန်ရက်လှုပ်ရှားမှုတစ်ခုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 183 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု ယူတာအုပ်ချုပ်ရေးမှူး စပန်ဆာကော့စ်(Spencer Cox) ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သတင်းထောက်က အာဏာပိုင်များက “တေလာရော်ဘင်ဆင် (Tyler
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 196 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

သီးသန့် CNN နှင့်အင်တာဗျူးတွင် ကာတာဝန်ကြီးချုပ်က နက်တန်ယာဟုသည် အစ္စရေး ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ပြောကြားခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 198 Views
CNN -၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ကာတာဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒိုဟာ၌ ဟားမတ်စ်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းသည် “အရိုင်းအစိုင်း
နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 202 Views
လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည် ဖယ်ရှားခံရမည့် အခြေအနေဖြစ်လာခဲ့သည်။ ပဟေဠိဆန်သည့် အနုပညာရှင် ဘန့်စီ ၏ အခြားသော အငြင်းပွားဖွယ်ရာ
နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 197 Views
BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။ သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။ ချားလ်စ်