နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်သတ္တပတ်များစွာ ငတ်မွတ်နေပြီးနောက် ဂါဇာတွင် အမေရိကန်၏ အကူအညီများ ဖြန့်ဝေမှု ပထမနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

မေလ (၂၈) ရက်။

မေလ (၂၇) ရက် အင်္ဂါနေ့တွင် အငြင်းပွားဖွယ် အမေရိကန် ကျောထောက်နောက်ခံပြုအဖွဲမှ ဂါဇာတွင် ထောက်ပံ့မှုပေးသည့်နေရာ၌ အစားအသောက်များကို ရယူကြရန် ထောင်နှင့်ချီသော ပါလက်စတိုင်းသားများ ရောက်ရှိလာမှုကြောင့် ပရမ်းပတာ ဖြစ်ပွားခဲ့ပြီး အစ္စရေးစစ်သားများက လေထဲသို့ သေနတ်များပစ်ဖောက်၍ သတိပေးခဲ့ရပြီး ထိုကိစ္စကို ကြီးကြပ်နေသည့် အမေရိကန်ကန်ထရိုက်တာများက ခဏတာ ရပ်ဆိုင်းခဲ့ရသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများကို သီတင်းပတ် ၁၁ ပတ်ကြာ အစ္စရေးက ပိတ်ဆို့ထားခြင်းကြောင့် ပါလက်စတိုင်း လူဦးရေ ၂ သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေခဲ့ရပြီး ပိုမိုနက်ရှိုင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပထမဆုံး ပြန်လည် စတင်ခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်က အဝိုင်းခံထားရသော ဂါဇာကမ်း မြှောင်ဒေသသို့ ရောက်ရှိလာခဲ့သည်။

ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) မှ ဦးစီးသော တယ်အယ်စူလတန် (Tel al-Sultan) ရှိ ဖြန့်ဖြူးရေးဆိုက်မှ ဗီဒီယိုများတွင် လူအုပ်ကြီးသည် အဆောက်အဦများဆီသို့ အလျင်စလို ပြေးလွှားကာ လူစုလူဝေးစီးဆင်းမှုကို ထိန်းချုပ်ရန် ဒီဇိုင်းထုတ် တားဆီးထားသော ခြံစည်းရိုးအချို့ကို ဖြိုဖျက်ကာ အတားအဆီးများကို ကျော်တက်လာခဲ့ကြသည်။

“သူတို့က စံနစ်တကျလုပ်ပေးချင်ပေမယ့် လူတွေဟာ ငတ်မွတ်နေပြီး အစာရေစာ စားချင်စိတ် ပြင်းပြသူတွေဖြစ်လို့ အတင်းတိုးဝှေ့လာခဲ့တယ်” ဟု အကူအညီရရှိရန်မျှော်လင့်ချက်ဖြင့် အကူအညီပေးသည့်ဆိုက်ကို လာခဲ့သည့် ဝါဖစ် ကွီဒက် (Wafiq Qdeih) က ပြောသည်။

“အစ္စရေးစစ်တပ်က လေထဲမှာသေနတ်တွေနဲ့ ပစ်ခတ်နေပြီး အမေရိကန်တွေနဲ့ သူတို့ရဲ့ အလုပ်သမားတွေက နောက်ဆုတ်ခွာသွားတဲ့အတွက် ပြည်သူတွေကို အကူအညီတွေ ဖြန့်ဝေဖို့ အလွန်ခက်ခဲနေပါတယ်။”

အကူအညီရယူရန် ကြိုးစားနေသည့် ဒေသခံအများအပြားက ၎င်းတို့ရရှိသည့် အစားအစာအတွက် ကျေးဇူးတင်ကြောင်း CNN သို့ ပြောကြားခဲ့သော်လည်း ဖြန့်ဖြူးရေးစင်တာသို့ ရောက်ရန်အလွန်ဝေးကွာရန် လမ်းလျှောက်သွားရခြင်း၊ နာရီကြာမြင့်စွာတန်းစီရခြင်းနှင့် အထွေထွေ စိတ်ရှုပ်ထွေးစရာများကို ဖော်ပြခဲ့သည်။

“ နေရာက အရမ်းဝေးတယ်၊ အဲဒီနေရာရောက်တဲ့အထိ တော်တော်လေး ရုန်းကန်သွားခဲ့ရတယ်။ ရောက်ခဲ့အခါ မောပန်းနွမ်းနယ်နေတယ်။ ဒီလူတွေအားလုံးအတွက် ဘယ်လို အစားအစာတွေ ဖြည့်ဆည်းပေးနိုင်မလဲ။ ဒီမှာလူတွေများလွန်းတယ်၊ လုံခြုံရေးက သူတို့အားလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး” ဟု အဘူ ရမ်ဇီ (Abu Ramzi) က ပြောကြားခဲ့သည်။

သံတမန်အရာရှိတစ်ဦးက အဆိုပါနေရာရှိ ပရမ်းပတာဖြစ်ရပ်ကို “မည်သူ့ကိုမျှ အံ့သြစရာ ဖြစ်စေမှာမဟုတ်” ဟု ပြောကြားခဲ့သည်။

ဂါဇာလူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) က ပရမ်းပတာဖြစ်ခြင်းကို အသိအမှတ် ပြုထားပြီး GHF အဖွဲ့သည် ပါလက်စတိုင်း နည်းနည်းချင်းစီအား ဘေးကင်းစွာ အကူအညီ ပေးနိုင်ရန် GHF အဖွဲ့သည် ပြန်လည်နောက်ဆုတ်ခဲ့ရသည်” ဟု ဆိုခဲ့သည်။ “ ဒါကို GHF သံတမန်ကျင့်ဝတ် (protocol) အရ အသေအပျောက် မရှိအောင် လုပ်ဆောင်ခဲ့တာပါ” ဟု ၎င်းကဆိုသည်။

မြေပြင်ရှိ အမေရိကန်လုံခြုံရေး ကန်ထရိုက်တာများသည် ပစ်ခတ်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘဲ ဗုဒ္ဓဟူးနေ့တွင် လုပ်ငန်းများ ပြန်လည်စတင်မည်ဟု လုံခြုံရေး သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့၏တပ်ဖွဲ့ဝင်များသည် ခြံဝင်းအပြင်ဘက်ရှိ ဧရိယာအတွင်း သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် အဆိုပါနေရာသို့ ဝေဟင်မှ ပစ်ခတ်ခြင်းပြုလုပ်ခြင်း မရှိကြောင်းဆိုခဲ့သည်။

ပါလက်စတိုင်းအစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက်၏ ဒါရိုက်တာ အမ်ဂျတ်အယ်ရှာဝါ (Amjad al-Shawa) က “ ဒါဟာ ကျွန်တော်တို့က ဒီလုပ်ဆောင်ချက်ကို မလုပ်ကြဖို့ ပြောကြားထားခဲ့ပေမဲ့ ဆက်လက်လုပ်ခဲ့တဲ့အတွက် ကြီးမားတဲ့ကျရှုံးမှု ဖြစ်လာတာ ဖြစ်တယ်” ဟု ဆိုသည်။

“အစ္စရေးက ဒီလိုပိတ်ဆို့ထားခြင်းနဲ့ အစာငတ်မွတ်မှုကို ပိုမိုပြင်းထန်အောင်လုပ်တာဟာ လူသားချင်းစာနာထောက်ထားမှုမူဝါဒရဲ့ အခြေခံဥပဒေသတွေကို ချိုးဖောက်ခဲ့ပြီးနောက် ဒီလို ဖြန့်ဖြူးရေးနည်းလမ်းကို အလုပ်ဖြစ်မယ်လို့ အစ္စရေးက ယုံကြည်ပါက သူတို့ အမှားလုပ်နေတာသာ ဖြစ်တယ်။” ဟု ပြောဆိုခဲ့သည်။

GHF က ယခုအချိန်အထိ ဂါဇာတွင် အစားအသောက် သေတ္တာပေါင်း ၈၀၀၀ ခန့်ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်သည်။ ရက်သတ္တပတ်အကုန်တွင် ဂါဇာရှိ လူဦးရေ ၁.၂ သန်းမှ ၆၀ ရာခိုင်နှုန်းအထိ အစားအစာများ ပို့ဆောင်ရန် ရည်မှန်းချက်ဖြင့် အစားအစာများ နေ့စဉ်တိုးမြှင့်ပေးလာမည်ဟု ၎င်းတို့က ဆိုသည်။

GHF သည် တနင်္လာနေ့တွင် စတင်လည်ပတ်နေပြီဟု အခိုင်အမာ ပြောဆိုခဲ့သော်လည်း အဖွဲ့အစည်း၏ ဓာတ်ပုံများတွင် အကူအညီသေတ္တာများ သယ်ဆောင်လာသူ လက်တစ်ဆုပ် စာမျှသာရှိပြီး အခြားနေရာလွတ်တစ်ခုတွင်ဆင့်ထားသည့် ပစ္စည်းအောက်ခံခုံများပါရှိသည့် အနည်းငယ် လက်တစ်ဆုပ်စာမျှသာ တွေ့ရပါသည်။

GHF သည် အထောက်အပံ့များ ဖြန့်ဖြူးရန်အတွက် ဂါဇာတောင်ပိုင်းတွင်နေရာနှစ်ခုနှင့် ဂါဇာအလယ်ပိုင်းတွင် တစ်ခု စုစုပေါင်း ၃ ခုကို ပြင်ဆင်နေသည်။ တောင်ဘက်ရှိ နေရာအားလုံးသည် အစောပိုင်းတနေ့က ကြီးမားသော ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်ပေးမှုအောက်ရှိသည့် ဧရိယာထဲတွင် ရှိနေသည်။

ဂါဇာမြောက်ပိုင်းတွင် ဖြန့်ဖြူးရေးနေရာများ မရှိကြောင်း၊ အကူအညီပေးရေး ကျွမ်းကျင်သူ များစွာက ဝေဖန်နေခဲ့သည်။ ယခုလအစောပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ် (Israel Katz) က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းတွင်ရှိ လူဦးရေအားလုံးကို ရွှေ့ပြောင်းပစ်မည်ဟု ပြောကြားခဲ့ခြင်းကို အားပေးထောက်ခံမှုအနေနှင့် အထောက်အပံ့ပေးရန်နေရာဆိုက်များသည် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင်သာ ရှိနေကြောင်း ကုလသမဂ္ဂက ယခင်က သတိပေးခဲ့ဖူးသည်။

ဝိုင်းရံထားသော နယ်မြေအတွင်း ထိုးစစ်အသစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂါဇာကမ်းမြောင် ဒေသ၏ ၇၅ ရာခိုင်နှုန်းကို နှစ်လအတွင်း သိမ်းပိုက်ရန် အစ္စရေးက စီစဉ်နေကြောင်း အစ္စရေး စစ်ဘက်အရာရှိ တစ်ဦးက ယခုသီတင်းပတ်အစောပိုင်းက CNN သို့ ပြောကြားခဲ့သည်။

အကယ်၍ အဆိုပါ အစီအစဉ်များ အကောင်အထည်ဖော်ပါက ပါလက်စတိုင်း နှစ်သန်းကျော်ကို အစ္စရေး တပ်ဖွဲ့များက ဝိုင်းရံထားသည့် ကမ်းရိုးတန်း ဧရိယာ၏ လေးပုံတစ်ပုံဆီသို့ တွန်းပို့မည်ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယခုလအစောပိုင်းတွင် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းသို့ လူဦးရေအားလုံးကို ရွှေ့ပြောင်းပစ်မည်ဟု ပြောကြား ခဲ့သည်။

GHF အကူအညီပေးရေးယန္တရားသည် “လက်တွေ့တွင် မဖြစ်နိုင်ဘဲ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာမူများနှင့် ကိုက်ညီမှု မရှိသည့်ပုံပေါ်ပြီး နိုင်ငံတကာဥပဒေအောက်တွင် အစ္စရေး၏ တာဝန်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်နေချိန်၌ အားလုံးအတွက် ဆိုးရွားသည့် လုံခြုံရေးအန္တရာယ်များကို ဖန်တီးလိမ့်မည်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံးမှ စာရွက်စာတမ်းတစ်ခုတွင် ယခုလ အစောပိုင်းက ရေးသားခဲ့သည်ကို CNN မှ ရရှိခဲ့သည်။

ကုလသမဂ္ဂလက်အောက်ရှိ ယန္တရားအသစ်နှင့် ယန္တရားဟောင်းနှစ်ခုစလုံးသည် ယခုအခါတွင် လုပ်ဆောင်နေပြီဟု အစ္စရေးစစ်ဘက်အရာရှိတစ်ဦးက သတင်းထောက်များနှင့် အင်္ဂါနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတွင် အင်္ဂါနေ့က ထရပ်ကား ၉၅ စီး ဝင်ရောက်ခဲ့ကြောင်း နယ်မြေများရှိ အစိုးရ လှုပ်ရှားမှုများ ဆိုင်ရာ ညှိနှိုင်းရေးမှူး (COGAT) က ပြောသည်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့်လုပ်ငန်းများအေဂျင်စီ (UNRWA) က အခြားလူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းများနှင့်အတူ “ ဤအခိုက်အတန့်တွင် အဓိပ္ပာယ်ပြည့်ဝသော အကူအညီများ ဖြန့်ဝေရန်” ကျွန်ုပ်တို့က ခွင့်ပြုထားသော်လည်း ယခုအချိန်အထိ ဂါဇာကမ်းမြောင်သို့ခွင့်ပြုခဲ့သည့် မိသားစုအရေအတွက်မှာ အနည်းငယ်သာရှိသေးသည်ဟုဆိုသည်။

ကုလသမဂ္ဂအကူအညီပေးရေးညှိနှိုင်းရေးရုံး၏ပြောရေးဆိုခွင့်ရှိသူ ဂျန်စ် လီရာကေး(Jens Laerke) က GHF ထောက်ပံ့ရေးအစီအစဉ်သည် “ အမှန်တကယ် လိုအပ်နေသည့်အရာမှ အာရုံလွဲပေးခြင်းဖြစ်ပြီး၊ တကယ်လိုအပ်ချက်မှာ ဂါဇာတွင်းသို့ အဝင်လမ်းများ အားလုံးကို ပြန်လည် ဖွင့်ပေးခြင်းဖြစ်ပြီး၊ ဂါဇာကမ်းမြောင်ဒေသအတွင်း လုံခြုံသော ပတ်ဝန်းကျင်တစ်ခု၊ ဖန်တီးပေးခြင်းနှင့်လျှင်မြန်သောပူး‌ပေါင်းဆောင်ရွက်မှုကို ခွင့်ပြုပြီး ကျွန်ုပ်တို့နယ်စပ် အပြင်ဖက်တွင်ရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများကို ချက်ချင်း ပို့ဆောင်ပေးရေးဖြစ်သည် ” ဟု ဝေဖန်ခဲ့သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် အငြင်းပွားဖွယ်ရာ ယန္တရားအသစ်တွင် ပါဝင်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို အမည်ဖော်ပြရန် ငြင်းဆိုထား သော်လည်း GHF မှ ပုံများတွင် ကမ္ဘာတလွှားရာမာ (“Rahma Worldwide”) ဟု တံဆိပ် တပ်ထားသည့် ပုံများတွင် “ကမ္ဘာပေါ်ရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများကို အကူအညီနှင့် အကူအညီများ ပံ့ပိုးပေးသည်” ဟု ဖော်ပြထားသည့် မစ်ရှီဂန်အခြေစိုက် အကျိုးအမြတ် မယူသောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်