နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးကို သူတို့အား စွပ်စွဲထားသည့် အထောက်အထားများကို ပေးအပ်ရန် UNRWA က တောင်းဆိုလိုက်သည်။

ဇွန်လ (၇) ရက်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ (UNRWA) က ၎င်းအား စွပ်စွဲမှုများနှင့်ပတ်သက်၍ အစ္စရေးထံမှ “ ပူးပေါင်းဆောင်ရွက်နိုင်ရန် အထောက်အထား” ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း တောင်းဆိုချက်အားလုံးကို အဖြေမပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ လ ၂၀ ကြာပြီးနောက်၊ UNRWA သည် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့သည့်အပြင် အစ္စရေးအစိုးရသည် လုံလောက်သောမည်သည့် သက်သေအထောက်အထားကိုမျှ မမျှဝေပါ” ဟု အေဂျင်စီက X တွင်ပို့စ်တစ်ခု၌ပြောကြားခဲ့သည်။

UNRWA က ၎င်းကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အတွက် ဆောင်ရွက်ပေးရန် ကတိကဝတ်ပြုထားပြီး “အခြားကုလသမဂ္ဂအေဂျင်စီများနှင့်အတူ ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် အဆင်သင့်ဖြစ်နေပြီ” ဟု ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံတောင်ပိုင်းတွင် ဟားမတ်စ် ဦးဆောင်သော တိုက်ခိုက်မှုများတွင် UNRWA ဝန်ထမ်းများ ပါဝင်ပတ်သက်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲထားပြီး ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

အဆိုပါစွပ်စွဲချက်များအပြီးတွင်၊ အစ္စရေးလွှတ်တော်သည် လွန်ခဲ့သည့်နှစ်တွင် UNRWA ၏နယ်စပ်များတွင် လှုပ်ရှားမှုများလုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည့် ဥပဒေကြမ်းနှစ်ခုကို အတည်ပြုခဲ့ပြီး အစ္စရေးတာဝန်ရှိသူများကို UNRWA နှင့် အဆက်အသွယ်ပြုလုပ်ခြင်းအား တရားမဝင်ဟုသတ်မှတ်ခဲ့သည်။ အဆိုပါအစီအမံများသည် ဇန်နဝါရီကတည်းက အသက်ဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ခွဲခြမ်းစိတ်ဖြာခြင်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 11 Views
ပြင်သစ်၏ ပါလက်စတိုင်းအား တိုင်းပြည်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းသည် မက်ခရွန်၏ ရဲရင့်သောလှုပ်ရှားမှုအဖြစ် ထင်ရှားလာသည်။ (CNN)- ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂၅ရက် ဆိုရှယ်မီဒီယာတွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာတွင် ငတ်မွတ်မှုကြောင့် အာဟာရချို့တဲ့သည့် ၅ လသား ကလေးငယ်သည် မိခင်၏လက်ထဲတွင် သေဆုံး

  • 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 14 Views
ဇူလိုင်လ (၂၇) ရက်။ ပါလက်စတိုင်းထိန်းချုပ်ရာ ဂါဇာကမ်းမြောင်ဒေသတွင် အာဟာရချို့တဲ့မှုပြင်းထန်စွာခံစားရသည့် အသက် ၅ လအရွယ် ကလေးမလေးတစ်ဦးသည် ၂၅ ရက်မြောက်နေ့တွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ “ နည်းဗျူဟာအရ ခေတ္တရပ်တံ့ခြင်း” က ဘာကို ဆိုလိုသလဲ။

  • 2025 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 11 Views
CNN- ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၇ရက် ကျွန်ုပ်တို့ သတင်းပို့နေသည့်အတိုင်း၊ အစ္စရေးသည် ဂါဇာရှိ နယ်မြေသုံးခုတွင် ယနေ့မှစတင်၍ စစ်ရေးလှုပ်ရှားမှုကို ၁၀ နာရီကြာ ရပ်နားထားရန် ကြေညာထားသည်။ သို့သော် “နည်းဗျူဟာအရ ခေတ္တရပ်တံ့ခြင်း” ဆိုတာ မည့်သည့်သဘောနည်း-၊
နိုင်ငံတကာသတင်း အာရှ

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခတွင် တရုတ်နှင့် ခိုင်မာသောအချိတ်အဆက်ရှိပြီး စစ်အင်အား ချို့တဲ့သော ကမ္ဘောဒီးယားနှင့် ကောင်းမွန်စွာစစ်လက်နက် တပ်ဆင်ထားသော အမေရိကန် ၏မဟာမိတ် ထိုင်းကို နက်ရှိုင်းစွာ ရင်ဆိုင်မှုကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 19 Views
CNN — ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ရက် ဘန်ကောက်နှင့် ဖနွမ်းပင်တို့သည် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က ကိုလိုနီအာဏာရှင် ပြင်သစ်တို့က နှစ်နိုင်ငံ နယ်နိမိတ်ဆွဲပေးလိုက်သည့်နောက် နယ်မြေအငြင်းပွားသည့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ကြာသပတေးနေ့ တိုက်ပွဲများ စတင်ဖြစ်ပွားချိန်မှစ၍
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် တိုက်ပွဲများ ဒုတိယမြောက်နေ့တွင်စစ်ရှောင် လာသူ တစ်သိန်းကျော်ရှိလာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 16 Views
CNN- ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၅ရက် ဘန်ကောက်၊ ထိုင်း / ဖနွမ်းပင်၊ ကမ္ဘောဒီးယား -ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အငြင်းပွားနေသော နယ်စပ်တလျှောက်တွင် သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူတစ်ဒါဇင်ကျော် သေဆုံးပြီး
နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့် သည်ဂျပန်နှင့် ‘ကြီးမားသောကုန်သွယ်မှုသဘောတူညီချက်’ ကိုကြေငြာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 22 Views
CNN —ဇူလိုင် ၂၂၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ခက်ခဲပုံပေါ်သည့် မဟာမိတ်များနှင့် အဓိကကုန်သွယ်ဖက်များအကြား မူဘောင်တစ်ရပ်အဖြစ် အင်္ဂါနေ့ညတွင် ဂျပန်နှင့် ကြာရှည်စွာစောင့်မျှော်ခဲ့သော ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာခဲ့သည်။ “ ကျွန်ုပ်တို့သည် ဂျပန်နိုင်ငံနှင့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းရဲ့ ဒရုန်းများကြောင့်မော်စကိုလေဆိပ်ကို နှောင့်ယှက်မှုတွေ ဖြစ်စေခြင်းကြောင့် ယူကရိန်းကို ရုရှားမှဒုံးကျည်လှိုင်းလုံးတွေအများအပြားပစ်လွှတ်လိုက်ပါသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 11 Views
CNN —၂၀၂၅ခုနှစ် ဇူလိုင်လ ၂၂ရက် မော်စကိုလေဆိပ်များတွင် တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ခရီးသွားလာမှု များကိုအဟန့်အတားဖြစ်နေချိန်တွင် ရုရှားနိုင်ငံမှ ဒုံးကျည်လှိုင်းလုံးကြီးများက ယူကရိန်းကို တနင်္ဂနွေနေ့တွင် ညတွင်းချင်း ထုနှက်တိုက်ခိုက်ခဲ့သည်။ ကိယက်ဗ်နှင့် အခြား ယူကရိန်းမြို့ကြီးများတွင် နေထိုင်သူများသည် တနင်္လာနေ့တွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက ခရစ်ယန် ဘုရားကျောင်းကို တိုက်ခိုက်ပြီးနောက် ခရစ်ယာန် ခေါင်းဆောင်များသည် ဂါဇာသို့ ရှားရှားပါးပါး သွားရောက်ခဲ့ကြသည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 27 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ရက် ကက်သလစ်နှင့် ဂရိသြသိုဒေါက်ဘုရားကျောင်းမှ ခေါင်းဆောင်များသည် ဂါဇာရှိ တစ်ခုတည်းသော ကက်သလစ်ဘုရားကျောင်းကို အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း လူသုံးဦး သေဆုံးခဲ့ပြီးနောက် သောကြာနေ့တွင် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ နယ်မြေတွင်း ပြင်ပမှ ဝင်ထွက်မှုကို