နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်

ဇွန်လ (၁၁) ရက်။

ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ အချို့နေရာများတွင် ညမထွက်ရအမိန့်ကို ဇွန်လ (၁၀) ရက် နေ့ ညတွင် စတင်မည်ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂဲဗင် နယူးစ်ဆွမ် (Gavin Newsom) သည် ဒေသစံတော်ချိန် ညနေ ၆း၃၀ နာရီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင်ဘတ်စ် (Karen Bass) က ထိုနေ့ညနေပိုင်းမှစ၍ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် အရေးပေါ်ညအချိန် ညမထွက်ရအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ကြာမြင့်ချိန်ကို ထည့်သွင်းစဉ်းစားနေဆဲဖြစ်သော်လည်း ရက်အတော်ကြာ ဆက်လက်ရှိနေမည် ဖြစ်သည်ဟုဆိုသည်။

ညမထွက်ရအမိန့်သက်ရောက်မည့် ဧရိယာသည် လော့စ်အိန်ဂျလိစ်မြို့လယ်၏ ခန့်မှန်းခြေအားဖြင့် ၂.၆ စတုရန်းကီလိုမီတာဖြစ်မည်ဟုဆိုသည်။ အချိန်မှာ ၁၀ ရက်နေ့ ည ၈ နာရီမှ နောက်နေ့ ၁၁ ရက်နေ့ နံနက် ၆ နာရီအထိဖြစ်သည်။။

လော့စ်အိန်ဂျလိစ်ရဲချုပ် ဂျင်မက်ဒေါ်နယ် (Jim McDonnell) က ညမထွက်ရအမိန့်ကို “ အသက်နှင့် ဥစ္စာပစ္စည်းများကို ကာကွယ်ရန်” ဟု ဖော်ပြခဲ့ပြီး ညမထွက်ရဇုန်အတွင်း ဝင်ရောက်လာသူ မည်သူမဆို အမိန့်မှ ကင်းလွတ်ခွင့်ရသော နေထိုင်သူများနှင့် အရေးပေါ်ဝန်ထမ်းများမှလွဲ၍ ဖမ်းဆီးခံရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဂျင်မက်ဒေါ်နယ်၏ အဆိုအရ ဆန္ဒပြမှုများနှင့် ဆက်နွယ်သည့် ဖမ်းဆီးမှု အရေအတွက်သည် ဆက်လက်တိုးလာနေပြီး ၇ ရက်နေ့ တွင် လူ ၂၇ ဦး ဖမ်းဆီး ခံရကာ ၈ ရက်နေ့တွင် ၄၀ ဦး၊ ၉ ရက်နေ့တွင် ၁၁၄ ဦး နှင့် ၁၀ ရက်နေ့ တွင် ၁၉၇ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ဆန္ဒပြမှုများသည် အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ပျံ့နှံ့နေပြီး နယူးယောက်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ယာဉ်စည်းကမ်းဖောက်ဖျက်နေကြောင်း သတိပေးရန်အတွက် အသံချဲ့စက်များကို အသုံးပြုခဲ့သည်။ လူဆယ်ယောက်ထက်မနည်းကို လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားခဲ့သည်။

လော့စ်အိန်ဂျလိစ်မြို့ မြို့တော်ဝန် ကရင်ဘတ်စ်၏ အဆိုအရ လုယက်မှု ၂၃ မှုခန့်ရှိပြီး လော့စ်အိန်ဂျလိစ်မြို့လယ်တွင် လုယက်မှုများလည်း များပြားခဲ့သည်။ Adidas နှင့် Apple စတိုးဆိုင်များ၊ ဆေးခန်းများ၊ ဆေးဆိုင်များနှင့် လက်ဝတ်ရတနာစတိုးဆိုင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု CNN ၏ တွဲဖက် KABC က ဖော်ပြခဲ့သည်။

CNN ဂျပန်သတင်း။

ဓာတ်ပုံ

လော့စ်အိန်ဂျလိစ်မြို့ မြို့တော်ဝန် ကရင်ဘတ်စ် သတင်းစာရှင်းလင်းပွဲတွင် ညမထွက်ရ အမိန့်ထုတ်ပြန်နေစဉ်


(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်