နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အီရန်၏ စစ်ရေးနှင့် နျူကလီးယားခေါင်းဆောင်များ အပါအဝင် သြဇာကြီးမားသော အမျိုးသားအချို့ သေဆုံးခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ရက်

အီရန်၏ အဆင့်အမြင့်ဆုံး တပ်မတော်အရာရှိ၊ ၎င်း၏ ထိပ်တန်း တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ၊ ၎င်း၏ လေတပ်နှင့် အမျိုးသား လုံခြုံရေး အကြီးအကဲဟောင်းတစ်ဦးတို့သည် အစ္စရေး၏ မကြုံစဖူးသော “ထလာသောခြင်္သေ့စစ်ဆင်ရေး”တွင် သေဆုံးခဲ့ရသည်။

၎င်းတို့၏သေဆုံးမှုများသည် အီရန်နိုင်ငံ၏စစ်တပ် အသိုင်းအဝိုင်းအတွင်း တုန်လှုပ်ချောက်ချားပြီး လှိုင်းများထသွားစေမည်ဖြစ်သည်။

အစ္စရေး၏တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အစ္စလမ္မစ်သမ္မတနိုင်ငံ၏စွမ်းရည်ကို ဆိုးဆိုးရွားရွား ဟန့်တားသွားနိုင်မည်ဖြစ်သည်။ အောက်တွင် သိထားသင့်သည့်အကြောင်းအရာများ ဖြစ်သည်။

လျှို့ဝှက်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန်ဆာလာမီသည် အီရန်နိုင်ငံ၏ အင်အားအကြီးဆုံး စစ်လက်နက်များကို ကြီးကြပ်ကွပ်ကဲကာ ၎င်း၏ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီထံ တိုက်ရိုက်သတင်းပို့သူဖြစ်သည်။

၁၉၆၀ တွင်မွေးဖွားခဲ့ပြီး အမေရိကန်၏ ပိတ်ဆို့အရေးယူမှုစာရင်းဇယားအရ ဆာလာမီသည် လျှို့ဝှက်စွာနှင့် IRGC ကို ၂၀၁၉ ခုနှစ်ကတည်းက ခေါင်းဆောင်ခဲ့သည်။

ပြည်တွင်း၌ သဘောထားကွဲလွဲမှုများကို ချေမှုန်းရန်နှင့် အီရန်၏ နိုင်ငံရပ်ခြားတွင် ပါဝါကို တည်ဆောက်မှုကို ပုံဖော်ရာတွင် အဓိကကျသော အီရန်နိုင်ငံမှ သြဇာအရှိဆုံး ရာထူးကို ကိုင်စွဲထားပြီး ပဲ့ကိုင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

IRGC သည် အမေရိကန်နှင့် အရှေ့အလယ်ပိုင်းရှိ အခြားသော စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကို တိုက်ခိုက်ရန် အတွက် ဒေသတွင်း ကျယ်ပြန့်သော ပြည်သူ့စစ်ကွန်ရက်များကို ငွေကြေး ထောက်ပံ့ပေးသည်ဟု လေ့လာသူများက ဆိုသည်။

IRGC သည် ယီမင်ရှိ ဟူသီသူပုန်များကို အထောက်အပံ့ပစ္စည်းများကို ပံ့ပိုးပေးသည်ဟု ယုံကြည်ရပြီး အဆိုပါအဖွဲ့သည် ပင်လယ်နီအတွင်း နိုင်ငံတကာသင်္ဘောများကို တိုက်ခိုက်ကာ အစ္စရေးသို့ ဒုံးကျည်များနှင့် ဒရုန်းများကို ပစ်လွှတ်နိုင်စေသည်ဟု ယုံကြည်ရသည်။

အစ္စရေးပိုင်နက်ကို အီရန်၏ ပထမဆုံး တိုက်ရိုက်တိုက်ခိုက်မှုတွင် အီရန်သည် ယမန်နှစ် ဧပြီလနှင့် အောက်တိုဘာလတွင် ရာနှင့်ချီသော ဒရုန်းများနှင့် ဒုံးကျည်များ ပစ်လွှတ်ခဲ့ချိန်တွင် ဆာလာမီသည် IRGC ၏ ဦးဆောင်သူဖြစ်သည်။

ဇန်နဝါရီလက အီရန်နိုင်ငံပိုင် မီဒီယာမှ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တွင် ဆာလာမီသည် အဆိုပါ တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည့် မြေအောက် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုကို ကြည့်ရှုစစ်ဆေးနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု မီဒီယာများက ပြောဆိုခဲ့သည်။

အစိမ်းရောင် စစ်ယူနီဖောင်း ၀တ်ဆင်ထားပြီးနှင့် မုတ်ဆိတ်တိုတိုထားသည့် ဆာလာမီသည် လှိုင်ဂူကဲ့သို့မြေအောက်အဆောက်အအုံတခုထဲတွင် စစ်သားများ၏ အလေးပြုခြင်းကို ခံယူကာ မြေပြင်ပေါ်တွင် ချထားသော အမေရိကန်နှင့် အစ္စရေးအလံများပေါ်တွင် လျှောက်လှမ်းသွားခဲ့သည်။

ယခုအခါ အဆိုပါနေရာသည် “ အထူးဒုံးကျည်အသစ်များ” ကို ထုတ်လုပ်နေပြီဖြစ်ကြောင်း အီရန်မီဒီယာတစ်ခုဖြစ်သည့် Mehr News က ဖော်ပြခဲ့သည်။

ဆာလာမီသည် IRGC တွင် ဦးဆောင်နေစဥ် ယူကရိန်း ခရီးသည်တင် ဂျက်လေယာဉ်ကို တီဟီရန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာပြီး များမကြာမီတွင် ပစ်ချခံခဲ့သည့်အတွက် လေယာဉ်ပေါ်ပါ လူ ၁၇၆ ဦးစလုံး သေဆုံးခဲ့သည်။

လေယာဉ်ကို ပစ်ချခဲ့သည့် Tor M1 မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်၏ အမည်မဖော်လိုသူ IRGC တပ်မှူးတစ်ဦးအား ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ကြောင်း အီရန်၏ Mehr သတင်းတွင် ဖော်ပြထားသည်။

CNN ၏လုံခြုံရေးလေ့လာဆန်းစစ်သူ ဘာ့သ် ဆန်နာ (Beth Sanner) က ဆာလာမီကို ဖယ်ရှားခြင်းသည် အမေရိကန်ပူးတွဲဝန်ထမ်းအကြီးအကဲများ၏ ဥက္ကဌကို ဖယ်ရှားခြင်းနှင့် ဆင်တူသည်ဟုဆိုခဲ့ပြီး – “ အမေရိကန်တွေက အဲဒီလိုအလုပ်ခံရရင် ဘာပြန်လုပ်မယ်ဆိုတာ မင်းစိတ်ကူးကြည့်နိုင်ပါတယ်” ဟုသူမကဆိုသည်။

ဗိုလ်ချုပ် မိုဟာမက်ဘာဂါရီ (Mohammad Bagheri) ၂၀၁၆ ခုနှစ်ကတည်းက အီရန်စစ်တပ်၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးသိပ္ပံ (IISS) မှ လေ့လာမှုအရ သူသည် တက်ကြွသော တပ်ဖွဲ့ဝင် ၅၀၀,၀၀၀ ကျော်ကို ခေါ်ယူနိုင်မည်ဟု IISS မှ ခန့်မှန်းထားသည်။

စစ်ဦးစီးအဖွဲ့ (General Staff) သည် လက်နက်ကိုင်တပ်ဖွဲ့များအတွင်း မူဝါဒကို အကောင်အထည်ဖော်ရန်နှင့် စောင့်ကြည့်ကြပ်မတ်ရန်နှင့် ညှိနှိုင်းလုပ်ဆောင်သည့် အီရန်ရှိ အကြီးတန်းစစ်ဘက်ဆိုင်ရာ အဖွဲ့ဖြစ်သည်။

ဘာဂါရီ အပါအဝင် အယာတိုလာခါမေနီ (Ayatollah Khamenei) နှင့် နီးစပ်သူ ကိုးဦးတို့သည် “အီရန်ပြည်သူများကို ဆယ်စုနှစ်များစွာ ဖိနှိပ်မှု၊ အကြမ်းဖက်ဝါဒ တင်ပို့မှုနှင့် ကမ္ဘာတဝှမ်း မတည်မငြိမ်ဖြစ်စေသော မူဝါဒများ ချမှတ်ခဲ့သည်” ဟု စာတမ်းတွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် ဆီးရီးယားရှိ အစိုးရတပ်ဖွဲ့များနှင့်အတူ မြေပြင်၌ တိုက်ခိုက်နေသည့် အီရန်တပ်များနှင့် တွေ့ဆုံခဲ့ကြောင်း အီရန် Tasnim သတင်းမှ ထုတ်ဝေသည့် ဓာတ်ပုံများတွင် ပြသခဲ့သည်။

ဧပြီလတွင် ဘာဂါရီသည် ဆော်ဒီကာကွယ်ရေးဝန်ကြီး မင်းသား ခါလစ် ဘင် ဆဲလ်မန် အယ်ဆပ် (Prince Khalid bin Salman Al Saud) ကို တီဟီရန်တွင် တွေ့ဆုံခဲ့ပြီး အစ္စလမ်မစ် သမ္မတနိုင်ငံသို့ ထိပ်တန်းဆော်ဒီတော်ဝင်တစ်ဦး၏ ရှားရှားပါးပါး အလည်အပတ်ခရီးစဉ်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုအတွင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးက ဘာဂါရီအား သတိပေးခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။ သမ္မတဒေါ်နယ်ထရန့်၏ နျူသဘောတူညီချက်ကို အလေးအနက်ထား ညှိနှိုင်းရန် ကမ်းလှမ်းချက်အား လက်ခံခြင်းဖြင့် အစ္စရေးနှင့် စစ်ဖြစ်နိုင်ခြေကို ရှောင်ရှားရန် နည်းလမ်းကို တင်ပြခဲ့သည်။

အလီ ရှမ်ခါနီသည် အီရန်၏ အဓိပတိခေါင်းဆောင် အယာတိုလာအလီခါမန်နီ(Ayatollah Ali Khamenei ) ၏ အနီးကပ် လက်ထောက်တစ်ဦး ဖြစ်ပြီး ရန်သူ ဆော်ဒီအာရေဗျနှင့် သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်ရန် အထင်ကရ သဘောတူညီချက်ကို အတည်ပြုထားသည့် ဆွေးနွေးပွဲများတွင် တီဟီရန်ကို ကိုယ်စားပြုခဲ့သည်။

သောကြာနေ့က အစ္စရေး၏ မကြုံစဖူးသော တိုက်ခိုက်မှုအပြီးတွင် ၎င်း၏သေဆုံးမှုကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကွန်ရက် IRINN က အတည်ပြုခဲ့သည်။

အလီရှမ်ခါနီသည် နိုင်ငံ၏ထိပ်တန်းအမျိုးသားလုံခြုံရေးအရာရှိအဖြစ် ၂၀၁၃ ခုနှစ်မှ ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမတိုင်မီက အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့အပါအဝင် အရေးကြီးသော အခန်းကဏ္ဍများစွာတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဝါရှင်တန်နှင့် ဥရောပရှိ နိုင်ငံခြားရေးမူဝါဒ အသိုင်းအဝိုင်းများတွင် လူသိများသော အီရန်သံခင်းတမန်ခင်း၏ ထင်ပေါ်လာသော နာမည်ကြီးတစ်ဦးဖြစ်သည်။

အလီရှမ်ခါနီသည် နှစ်ပေါင်းများစွာ ရန်လိုမှုများဖြစ်ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဆော်ဒီအရာရှိများနှင့် တရုတ်ကြားဝင်ဆွေးနွေးမှုတွင် အီရန်ကို ကိုယ်စားပြုခဲ့သည်။

သို့ရာတွင် သူ့ကို ၂၀၂၃ နှစ်လယ်မှာ ရုတ်တရက် အစားထိုးခဲ့ပါသည်။

အမျိုးသားလုံခြုံရေး အကြီးအကဲဟောင်းသည် ရည်မှန်းချက်ကြီးပြီး သူ့တွင် ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သောလုပ်ငန်း အတွေ့အကြုံများ ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ၂၀၀၁ ခုနှစ်တွင် IRGC နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့တွင် အဓိကရာထူးများ ထမ်းဆောင်ထားစဥ် သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အလီခါမေနီက သူသည် ရည်မှန်းချက်ကြီးလွန်းသည်ဟု မှတ်ထင်ခဲ့ကြောင်း ဖြစ်နိုင်သည်ဟု သုံးသပ်သူအချို့က ဆိုခဲ့သည်။

သို့သော်လည်း သူသည် ထိပ်တန်းခေါင်းဆောင်၏ အနီးကပ်လက်ထောက်တစ်ဦးအဖြစ် ဆက်လက်ရှိနေခဲ့ပြီး အီရန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရအဖွဲ့နှင့် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်ဝင်ရောက်လာချိန်တွင် အကြံဉာဏ်များ ပေးခဲ့သည်။

ဧပြီလတွင် အမေရိကန်နှင့် ဆွေးနွေးမှု မပြုမီ ရက်ပိုင်းအလိုတွင် တီဟီရန်သည် ခြိမ်းခြောက်မှု ခံနေရပါက ကုလသမဂ္ဂ နျူကလီးယား စစ်ဆေးရေးမှူးများကို နှင်ထုတ်ပစ်နိုင်ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရပ်ဆိုင်းနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

IRGC ၏ လေတပ်မှူး အမီရာ အလီ ဟာဂျီဇာဒက် သေဆုံးမှုသည် တီဟီရန်အတွက် အဓိကထိုးနှက်ချက်တစ်ခု ဖြစ်သည်။

ဟာဂျီဇာဒက်သည် နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးနှင့် နိုင်ငံရပ်ခြားမှ တိုက်ခိုက်မှုများ လုပ်ဆောင်ရာတွင် ပါဝင်သည့် နိုင်ငံ၏ ဒုံးကျည်အစီအစဉ်ကို ဦးဆောင်ခဲ့သည်။

ဟာဂျီဇာဒက်သည် ၂၀၂၄ ခုနှစ် ဧပြီလတွင် အစ္စရေးကို အီရန်၏ ယခင်တိုက်ခိုက်မှု၏ အကြီးအကဲဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အီရတ်ရှိ အမေရိကန်အခြေစိုက်စခန်းအား ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်။

မြေအောက်ကွပ်ကဲမှုစင်တာတစ်ခုတွင် စုဝေးနေစဉ် တိုက်ခိုက်မှုအတွင်း ဟာဂျီဇာဒဟ်သည် အခြား အကြီးတန်းလေတပ်ခေါင်းဆောင်များနှင့်အတူ သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဝဲမှယာ။

ဗိုလ်ချုပ် ဟူစိန်ဆာလာမီ၊ အလီ ရှမ်ခါနီ၊ ဗိုလ်ချုပ် မိုဟာမက်ဘာဂါရီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 31 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို