နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အီရန်

အစ္စရေးသည် အီရန်ကို တိုက်ခိုက်မှုအသစ်များထပ်မံ ပြုလုပ်ခဲ့ခြင်း။

ဇွန်လ (၁၅) ရက်။

အစ္စရေးသည် အီရန်နိုင်ငံရှိ မတူညီသော နေရာများကို ပစ်မှတ်ထားပြီး ဆင့်ကာဆင့်ကာ တိုက်ခိုက်မှု ကြီး ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်နှင့် အီရန်မီဒီယာများက ဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒီဖရင် (Effie Defrin) က အစ္စရေးလေတပ် (IAF) ၏ “လုပ်ဆောင်ဆဲစစ်ဆင်ရေး” သည် နာရီ ၄၀ နီးပါး ကြာမြင့်ပြီး ရည်မှန်းချက် ၁၅၀ ကျော်ကို ပစ်မှတ်ထားသည်ဟု ပြောကြားခဲ့သည်။

“ IAF လေယာဉ်များသည် စစ်ဘက်နှင့် မဟာဗျူဟာပိုင်ဆိုင်မှုများ၊ နျူကလီးယား ပရောဂျက်နေရာများနှင့် အီရန်၏ အကြမ်းဖက်ခေါင်းဆောင်မှုတွင် အဆင့်မြင့်ပုဂ္ဂိုလ်များကို တိုက်ခိုက်မှု လှိုင်းလုံးများဖြင့် အောင်မြင်စွာ လုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့သည် အီရန်နှင့် အကြမ်းဖက်သမားများ၏ အရေးကြီးသောဗဟိုကျသည့် ပစ်မှတ်များဖြစ်သည်” ဟု ဒီဖရင်က ပြောကြားခဲ့သည်။

လက်ရှိတွင် ၎င်းတို့သည် တီဟီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်နေကြောင်း IDF မှ အတည်ပြုခဲ့သည်။

တီဟီရန်၊ အစ္စဖာဟန် နှင့် တီဟီရန် အပါအဝင် အီရန်မြို့ အများအပြားတွင် လေကြောင်းရန် ကာကွယ်ရေးကို စတင်လုပ်ဆောင်ခဲ့သည် ဟု မာ့ရှဟက် (Mashhad) ၊ အီရန်နိုင်ငံပိုင် Press TV က ဖော်ပြခဲ့သည်။

ဇန်ဂျန် (Zanjan) နှင့် ခေါ်ရမ်မာဘတ် (Khorramabad) တို့တွင် လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များကို ကြားဖြတ်ဟန့်တားနေသည့် ဗီဒီယိုများကို အီရန်နိုင်ငံပိုင် မီဒီယာက လွှင့်တင်ခဲ့သည်။

အစ္စရေးက အီရန်၏ ရှဟာရမ် (Shahran) ရေနံသိုလှောင်ရုံနှင့် လောင်စာဆီတိုင်ကီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော်လည်း အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာ IRNA က နိုင်ငံ၏ ရေနံဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြခဲ့သည်။

Shahran ရေနံသိုလှောင်ရုံသည် တီဟီရန်၏ အနောက်မြောက်ဘက်တွင်ရှိပြီး တိုင်ကီသည် တီဟီရန်၏ တောင်ဘက်တွင် တည်ရှိသည်။ စစ်ဆင်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာသို့ တုံ့ပြန်ခဲ့ကြောင်း IRNA က ဖော်ပြခဲ့သည်။

“ကနဦး အစီရင်ခံစာတွေအရ သိုလှောင်ကန် တိုင်ကီနှစ်ခုလုံးမှာ လောင်စာဆီပမာဏက မမြင့်ဘူး၊ အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားပါတယ်” ဟု IRNA က ဖော်ပြခဲ့သည်။

အစ္စရေး၏ ဒရုန်းဖြင့် တိုက်ခိုက်မှုသည် ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့တွင်းဖြစ်သည့် အီရန်နိုင်ငံ South Pars ဓာတ်ငွေ့မြေကို ထိမှန်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပြီးနောက် ယခုကဲ့သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေပြီး CNN မှ ပို့ပေး သည့် ဗီဒီယိုဖိုင်တွင် အီရန်နိုင်ငံတောင်ပိုင်း Bushehr ပြည်နယ်ရှိ ဓာတ်ငွေ့တွင်းမှ ကြီးမားသော မီးလောင်ကျွမ်းမှုနှင့် မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို ပြသခဲ့သည်။

အစ္စရေးအတွင်း အဆောက်အအုံ အများအပြား တိုက်ရိုက်ထိမှန်ခဲ့ကြောင်း အစ္စရေးအရေးပေါ် တုံ့ပြန်ရေး သမားများက ပြောသည်။

(ဓာတ်ပုံ) အစ္စရေးလုံခြုံရေးတပ်ဖွဲ့များသည် တနင်္ဂနွေနေ့အစောပိုင်းက အစ္စရေးနိုင်ငံ Tel Aviv အနီးတွင် အီရန်မှ ဒုံးကျည်ဖြင့် ထိမှန်ပျက်စီးသွားသော အဆောက်အအုံကို စစ်ဆေးကြည့်ရှု ခဲ့သည်။

အစ္စရေးလ်၏ မီးသတ်နှင့် ကယ်ဆယ်ရေးဝန်ဆောင်မှု၏ ပြောကြားချက်အရ အီရန်၏ အမြောက်အများဒုံးပျံများ ပစ်လွှတ် တိုက်ခိုက်မှုကြောင့် အလယ်ပိုင်းရှိ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ကြောင်း အစ္စရေး၏ မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

Dan ခရိုင်တွင် ရှစ်ထပ်တိုက် အဆောက်အအုံတစ်ခု တိုက်ရိုက်ထိမှန်ခဲ့ပြီး ယင်းဒေသရှိ အခြားလူနေအဆောက်အအုံတစ်ခု ပျက်စီးသွားခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

အလယ် ခရိုင်ရှိ အဆောက်အဦအများအပြားလည်း တိုက်ရိုက်ထိမှန်ခဲ့ပြီး ထိုပွင့်လင်းနေသော ဧရိယာတွင် မီးလောင်ကျွမ်းနေခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

အေဂျင်စီမှ ပံ့ပိုးပေးထားသည့် ဓာတ်ပုံများတွင် အရေးပေါ် တုံ့ပြန်ရေး သမားများက ပျက်စီးသွားသော အဆောက်အအုံများတွင် အပျက်အစီးများ တူးဖော်နေသည်ကို တွေ့ရသည်။

အစ္စရေးနိုင်ငံ၏ အမျိုးသားအရေးပေါ်ဝန်ဆောင်မှု Magen David Adom မှ မျှဝေထားသည့် ဗီဒီယိုများတွင် အစ္စရေးနိုင်ငံအလယ်ပိုင်းရှိ ဆိုးရွားစွာ ပျက်စီးနေသည့် အဆောက်အအုံ တစ်ခုသည် မြေပြင်ပေါ်တွင် အပျက်အစီးအပိုင်းအစများပြန့်ကျဲနေသည်ကို ပြသထားသည်။

အစ္စရေးနိုင်ငံအနှံ့ ဥဩသံများကြားနေချိန်တွင် အီရန်မှ နောက်ထပ် ဒုံးကျည်များ ပစ်လွှတ်ခဲ့သည် ဟု IDF က ဆိုသည်။

အစ္စရေး၏ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်သည် တနင်္ဂနွေနေ့အစောပိုင်းတွင် အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ပေါ်ရှိ ဒုံးကျည်များကို ကြားဖြတ်ပစ်ခတ်ခဲ့သည်။

တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် နိုင်ငံတစ်ဝှမ်းတွင် ဥသြသံများ ထွက်ပေါ်လာသဖြင့် အစ္စရေး မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဒေသခံများအား ဗုံးခိုကျင်းများတွင်နေရန် ညွှန်ကြားထားသည်။

အစ္စရေးနိုင်ငံဘက်သို့ အီရန်မှ ပစ်လွှတ်သော ဒုံးကျည်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။ “ ခြိမ်းခြောက်မှုကို ကြားဖြတ်ရန် ကာကွယ်ရေးစနစ်များ လုပ်ဆောင်နေသည်” ဟု၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

IDF မှ ထုတ်ပြန်သည့် သတိပေးချက်တွင် ဒေသခံများသည် အများသူငှာ နေရာများတွင် သွားလာလှုပ်ရှားမှုကို လျှော့ချရန်နှင့် လူစုလူဝေးများကို ရှောင်ကြဉ်ရန် သတိပေးထားသည်။

တီဟီရန်ရှိ အီရန်ကာကွယ်ရေးဝန်ကြီးဌာနဌာနချုပ်ကို အစ္စရေးက တိုက်ခိုက်လိုက်ကြောင်းကို အတည်ပြုလိုက်သည်။

တီဟီရန်မြို့ရှိ အီရန်ကာကွယ်ရေး ဝန်ကြီးဌာနဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက အစောပိုင်းတွင် ဖော်ပြခဲ့သည်။

အစ္စရေးလေတပ်သည် မြို့တော်ရှိ ပစ်မှတ်အများအပြားကို “ကျယ်ပြန့်သော ထောက်လှမ်း ရေး အခြေပြု တိုက်ခိုက်မှု”ကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပစ်မှတ်တွေထဲမှာ အီရန်ကာကွယ်ရေးဝန်ကြီးဌာန ဌာနချုပ်၊ SPND နျူကလီးယား ပရောဂျက် ဌာနချုပ်နဲ့ နျူလက်နက်ရရှိရေး အီရန်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြှင့်တင်ပေးပြီး အီရန်အစိုးရက သူ့ရဲ့နျူကလီးယားမှတ်တမ်းကို ဝှက်ထားတဲ့နေရာတွေ ပါဝင်ပါတယ်” ဟု IDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူရေနီယံ သန့်စင်မှုကို သိသိသာသာ မြှင့်တင်နေသော်လည်း အီရန်သည် ၎င်း၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ၎င်းသည် အဏုမြူဗုံး ထုတ်လုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

အီရန်၏ Tasnim သတင်းအေဂျင်စီက အဆိုပါတိုက်ခိုက်မှုကြောင့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေး အဆောက်အအုံများထဲမှ အနည်းငယ် ပျက်စီးသွားခဲ့ကြောင်း အစောပိုင်းတွင် ဖော်ပြခဲ့သည်။ တူညီသောဧရိယာတွင် သီးခြားတိုက်ခိုက်မှုတစ်ခုသည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေးတီထွင်ဆန်းသစ်မှုနှင့် သုတေသနအဖွဲ့အား ထိမှန်ခဲ့ကြောင်း Tasnim ကဖော်ပြခဲ့သည်။

ဆိုရှယ်မီဒီယာတွင် လွှင့်တင်ပြီး CNN မှ နေရာချထားသော ဗီဒီယိုများတွင် မီးခိုးများ တက်လာကာ တိုက်ခိုက်မှု ရလဒ်ကို ပြသထားသည်။

အီရန်နိုင်ငံသည် ဒုံးကျည်နှင့် မောင်းသူမဲ့လေယာဉ်များဖြင့် ကြိမ်ဖန်များစွာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် အစ္စရေးကို ညတွင်းချင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ခုနစ်ဦးအထိ မြင့်တက်လာခဲ့သည်။

“ နိုင်ငံမြောက်ပိုင်းမှာ စနေနေ့ညနှောင်းပိုင်းက ဒုံးကျည်တစ်စင်း ကျရောက်ခဲ့လို့ လူလေးဦး သေဆုံးခဲ့တယ်” ဟု ရဲတပ်ဖွဲ့က ပြောပါသည်။ အမျိုးသားအရေးပေါ်ဝန်ဆောင်မှု Magen David Adom (MDA) အဖွဲ့ က ပါလက်စတိုင်း-အစ္စရေး တာမာရာမြို့ရှိ လူနေအိမ် အဆောက်အအုံတစ်ခု ကျရောက်ခဲ့ပြီး သေဆုံးသူ သုံးဦးရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

လက်နက် တိုက်ရိုက်ထိမှန်မှုကြောင့် အသက် ၄၀ အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသောသူများကို အရေးပေါ် တုံ့ပြန်ရေးသမားများက ရှာဖွေကယ်ဆယ်နေပြီး အခင်းဖြစ်ပွားရာနေရာ၌ နေထိုင်သူ “အများအပြား” လည်း ဒဏ်ရာရခဲ့ကြောင်း ၎င်းတို့က ဆက်လက်ပြောသည်။

နောက်ပိုင်းတွင် ဒုံးကျည်ဖြင့် ပစ်ခတ်မှုအတွင်း အစ္စရေးအလယ်ပိုင်းရှိ ဘတ်ယမ်မြို့၌ လူ ၃ ဦး သေဆုံးခဲ့ကြောင်း MDA နှင့် အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆောက်အအုံတစ်ခု ထိမှန်မှုကြောင့် အသက် ၆၀ ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း MDA မှ ပြောကြားခဲ့ပြီး ၎င်းအနီးတစ်ဝိုက်ရှိ အဆောက်အအုံများစွာလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွေအပြီး အစ္စရေးအလယ်ပိုင်း ဒေသများတွင်လည်း လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 31 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင်
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို