နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်ပြည်ထောင်စု မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှုသံသယဖြင့် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဇွန်လ (၁၆) ရက်။

မင်နီဆိုတာ ဒီမိုကရက်တစ်ပါတီမှ မဲလ်လီစာ ဟော့မန် (Melissa Hortman) နှင့် သူမ၏ခင်ပွန်း မာ့ခ် (Mark) တို့ သေဆုံးပြီးနောက် တနင်္ဂနွေညတွင် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ် ဝေါ့ဇ် (Tim Walz) က ၎င်းကို နိုင်ငံရေးအရ လှုံ့ဆော်သော လုပ်ကြံသတ်ဖြတ်မှုဟု ခေါ်ဆိုခဲ့သည်။

မင်နီယာပိုလစ်မြို့အနောက်ဘက် ကျေးလက်ဒေသတွင် ဗန့်စ်လူသာဘိုလ်တာ (Vance Luther Boelter) ကို ဖမ်းဆီးချိန်တွင် လက်နက်ကိုင်ဆောင်ထားသော်လည်း စိန်ခေါ်သည့်အခါ ငြိမ်းချမ်းစွာ လက်နက်ချခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်ဂျွန်ဟော့ဖ်မန်း (John Hoffman) နှင့် သူ့ဇနီး ဗက်တီ (Yvette) တို့ကို သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပြီး ယခုအခါ နှစ်ဦးစလုံး ဆေးရုံတွင် ပြန်လည်သတိရလာနေကြပြီဖြစ်သည်။ ဂျွန်ဟော့ဖ်မန်းသည် သေနတ်ဖြင့် ၉ ချက် အပစ်ခံရပြီး သူ့ဇနီး ဗက်တီမှာ ၈ ချက် ပစ်ခတ်ခံခဲ့ရသည်။

မစ္စစ်ဟော့ဖ်မန်းက သူတို့ နှစ်ဦးစလုံး “ အသက်ရှင်ခြင်းမှာ မယုံနိုင်လောက်အောင် ကံကောင်းခြင်း” ဖြစ်သည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
မင်နီဆိုတာပြည်နယ် ဘရွတ်ကလင်း ပတ်ခ် (Brooklyn Park) ရှိ လူသတ်အခင်းဖြစ်ပွားရာ နေရာမှ မိုင် ၅၀ (၈၀ ကီလိုမီတာ) ခန့်အကွာ ဆစ်ဘလီ (Sibley) ကောင်တီတွင် သူအသုံးပြုခဲ့သည့် ကားတစ်စီးကို စုံစမ်းစစ်ဆေးသူများက ရှာဖွေတွေ့ရှိပြီးနောက် ဘိုလ်တာ (Boelter) ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မင်နီဆိုတာ၏သမိုင်းတွင် အကြီးမားဆုံး လူဖမ်းမှုအဖြစ် ဖော်ပြထားသည့် သံသယရှိသူအား ဖမ်းဆီးရန်အတွက် လေကြောင်းနှင့် SWAT အဖွဲ့များကို ဖြန့်ကျက်ချထားခဲ့သည်။

၎င်းအား ဖမ်းဆီးစဉ်အတွင်း ရဲအရာရှိများ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ကြောင်းနှင့် တာဝန်ရှိသူများက ၎င်းတို့သည် အခြားသံသယရှိသူကို ရှာဖွေနေခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ညက တခြားဒေသခံအရာရှိတွေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်က တိုက်ခိုက်မှုဟာ မင်နီဆိုတာ ပြည်နယ်ကို ပြောင်းလဲစေခဲ့တဲ့ “ ပြောမပြနိုင်အောင်ဖြစ်တဲ့ လုပ်ရပ်” ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက စံနှုန်းနဲ့ မညီပါဘူး။ နိုင်ငံရေး ကွဲပြားမှုတွေကို ဒီလိုကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းကိုတော့ လက်မခံနိုင်ပါဘူး” ဟု ဝါ့ဇ် မှ ပြောကြားခဲ့သည်။
ဘိုလ်သာဖမ်းဆီးခံရပြီးနောက် မင်နီယာပိုလစ် (Minneapolis) မြို့တော်ဝန် ဂျကော့ဘ် ဖရေ (Jacob Frey) က တရားဥပဒေစိုးမိုးရေးဌာနများ၏ “ ကျွမ်းကျင်မှုနှင့် ရဲစွမ်းသတ္တိ” ကို ချီးကျူးခဲ့သည်။

“နိုင်ငံရေး အကြမ်းဖက်မှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ဒါဟာ ကျွန်တော်တို့ ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး ကိုယ်ကျင့်တရားတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျူးလွန်တဲ့သူတွေက ဥပဒေနဲ့အညီ ကိုယ့်လုပ်ရပ်ကို တာဝန်ခံဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘိုလ်တာသည် စနေနေ့တွင် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန်အတွက် ရဲအရာရှိတစ်ဦး အယောင်ဆောင်ထားခဲ့ပြီး ရဲအရာရှိများနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် မင်နီယာပိုလစ် (Minneapolis) ဆင်ခြေဖုံးဒေသမှ ထွက်ပြေးလွတ်မြောက်သွားသည်ဟု စွပ်စွဲခံထားရသည်။

မယ်လီစာဟော့မန်း (Melissa Hortman) သည် မင်နီဆိုတာပြည်နယ် အောက်လွှတ်တော်တွင် အနှစ်၂၀ တာဝန် ထမ်းဆောင် ခဲ့ပြီး ၂၀၁၉ မှ၂၀၂၅ ခုနှစ်အထိ လွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သည်။

ဘိုလ်သာသည် ယခင်က နိုင်ငံရေးအရ ခန့်အပ်ခံရသူဖြစ်ပြီး တစ်ချိန်က ဟော့ဖ်မန်းကဲ့သို့ အလားတူ ပြည်နယ် လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။

သူသည် လုံခြုံရေး ကန်ထရိုက်တာတစ်ဦးဖြစ်ပြီး အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် လုပ်ဆောင်ခဲ့သည့် ဘာသာရေး သာသနာပြုတစ်ဦးဖြစ်ကြောင်း ၎င်း၏ အွန်လိုင်း တွင်တင်ထားသည့်ကိုယ်ရေးအကျဥ်း CV အရ သိရသည်။

ဘိုလ်တာသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ ဘုရားကျောင်းတစ်ခုတွင် တရားဟောဆရာအဖြစ် တစ်ချိန်က တရားဟောခဲ့ကြောင်း Facebook ဓာတ်ပုံများအရ သိရသည်။

ပစ်ခတ်မှုများအတွက် သံသယရှိသူမောင်းနှင်လာသည်ဟု ယူဆရသည့် ယာဉ်တွင် သူလုပ်ကြံမည့်သူများ၏ ပစ်မှတ်စာရင်းကို စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ကြောင်း သိရသည်။

မင်နီဆိုတာ ရာဇ၀တ်မှုဆိုင်ရာဖမ်းဆီးမှုဗျူရိုမှ အကြီးအကဲ ဒရူး အီဗန်စ် (Drew Evans) က ၎င်းသည် ကားထဲတွင် တွေ့ရှိရသည့် မှတ်စုစာအုပ်သည် “ အယူဝါဒဆိုင်ရာကြေငြာစာတမ်း ” မဟုတ်သလို အတွေးအခေါ် စာတမ်းများမဟုတ်သောကြောင့် ဖော်ပြမည်မဟုတ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

လုပ်ကြံရန်အမည်များတွင် မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေ့ါဇ်၊ လွှတ်တော်အမတ် အီဟန်အိုမာ (Ilhan Omar) နှင့် မင်နီဆိုတာ ပြည်နယ်ရှေ့နေချုပ် ကိ့သ် အယ်လီဆင် (Keith Ellison) တို့ ပါဝင်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြသည်။

ဘိုလ်သာ အဖမ်းခံရပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် အီဗင်စ် (Evans) က စာရင်းတွင် ပါဝင်သူ မည်သူမည်ဝါဖြစ်သည်ကို မဖော်ပြထားသော်လည်း ပြည်နယ် တာဝန်ရှိသူများသည် ဝစ်ကွန်ဆင် (Wisconsin)၊ အီလီနွိုင်း (Illinois)၊ မစ်ချီဂန်(Michigan)၊ နီဘရာစကား (Nebraska) နှင့် အိုင်အိုဝါ (Iowa) ရှိ အာဏာပိုင်များထံ ဆက်သွယ်ခဲ့ပြီး ထိုစာရင်းတွင် ပါရှိသည့် ပုဂ္ဂိုလ်များကို အကြောင်းကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

ဓာတ်ပုံ။
မင်နီဆိုးတာ (Minnesota) ပြည်နယ်တွင် ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တစ်ဦးနှင့် သူမ၏ခင်ပွန်းကို သတ်ဖြတ်မှု သံသယဖြင့် ဖမ်းဆီးခံရသည့် အသက် ၅၇ နှစ်အရွယ် ဗန့်စ်လူသာဘိုလ်တာ (Vance Luther Boelter)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို