နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု ဖောင်ဒေးရှင်းက ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အကူအညီပေးရေးလုပ်သား အများအပြား သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇွန်လ (၁၈) ရက်။

ဂါဇာတွင် ဗုဒ္ဓဟူးနေ့ညက ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် အကူအညီပေးရေး လုပ်သားအများအပြား သေဆုံးခဲ့ကြောင်း အမေရိကန် ကျောထောက်နောက်ခံပြု လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က ဟားမတ်စ်အား တိုက်ခိုက်မှု လုပ်ဆောင် နေ သည်ဟု စွပ်စွဲခဲ့သည်။

အငြင်းပွားဖွယ် အမေရိကန်နှင့် အစ္စရေး ကျောထောက်နောက်ခံ ပြုထားသော ဂါဇာကမ်းမြှောင်လူသားချင်းစာနာမှု ဖောင်ဒေးရှင်း (GHF) အဖွဲ့က ၎င်း၏အဖွဲ့၀င် နှစ်ဒါဇင်ကျော်ကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ည ၁၀ နာရီအချိန်ခန့်တွင် ဟားမတ်စ်တို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့ညက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန်၌ ငါးဦးသေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့သည်။ GHF မှ နောက်ထပ်အဖွဲ့ဝင် သုံးဦးထပ်မံ သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့တွင် ထပ်လောင်းပြောကြားခဲ့သည်။

CNN သည် မှတ်ချက်ပေးရန် ဂါဇာရှိ ဟားမတ်စ်ထိန်းချုပ်ထားသော အစိုးရမီဒီယာရုံးသို့ ဆက်သွယ်ခဲ့သည်။

အလားတူ ဖြစ်ရပ်ကို ကိုးကား၍ GHF နှင့် လုပ်ဆောင်နေသော ပါလက်စတိုင်းအဖွဲ့ အယ်ခါဇင်ဒရာ (Al-Khazindar) ကုမ္ပဏီက ဟားမတ်စ် စစ်သွေးကြွများသည် ၎င်း၏ အလုပ်သမားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ဟားမတ်စ်တွေက သူတို့ကို ခြိမ်းခြောက်မှုတွေ အများအပြားလုပ်ပြီး ပစ်မှတ်ထားပြီး ဒီအလုပ်သမားတွေကို လုပ်ကြံသတ်ဖြတ်တဲ့အထိ အခြေအနေ တိုးလာမယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး” ဟု ကုမ္ပဏီဒါရိုက်တာ ရာအဖက် အယ် ခါဇင်ဒရာ (Raafat Al-Khazindar) က CNN သို့ ပြောကြားပြီး အခြားအလုပ်သမားများကို ရိုက်နှက်ပစ်ခတ်ခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဒီအဖြစ်အပျက်ဟာ ဂါဇာတောင်ပိုင်းခန်းယူနစ်စ် ( Khan Younis) ရှိ ကျူဘာ (Quba) ဗလီအနီးမှာ ဖြစ်ပွားခဲ့တာလို့ ဒါရိုက်တာက ပြောပါတယ်။

တနင်္ဂနွေနေ့တွင်၊ ဟားမတ်စ်မီဒီယာက ၎င်း၏တပ်ဖွဲ့များသည် “ ကျွန်ုပ်တို့၏လူမျိုး၏ ထုံးတမ်းစဉ်လာများကို ဖောက်ဖျက်ပြီး ရန်သူနှင့်ပူးပေါင်းဆောင်ရွက်နေသည့် မည်သည့်အဖွဲ့အစည်းကို မဆို သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမဆို ပြတ်ပြတ် သားသား ပြတ်ပြတ်သားသား တိုက်ခိုက်ရန် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ အပြည့်ရှိသည်” ဟု ပြောကြားခဲ့သည်။

“အေးဂျင့်များ၊ သူခိုးများနှင့် လက်နက်ကိုင် ရာဇ၀တ်ဂိုဏ်းများအားလုံးသည် ခုခံရေးအင်အားစုနှင့်လုံခြုံ‌ရေးအစုအဝေးတို့က တရားဝင်ပစ်မှတ်များအဖြစ် စဥ်းစားပြီး သတ်မှတ်ထားသည်” ဟု စစ်သွေးကြွအုပ်စုက ပြောကြားခဲ့သည်။

ပါလက်စတိုင်း ၂၀ ကျော် သေဆုံးခဲ့သည်။
GHF အကူအညီများကို ဂါဇာတွင် ဟားမတ်စ်များက ခိုးယူကာ ရောင်းချခြင်းမှ အမြတ်ထွက်နေသည်ဟု အစ္စရေးက စွပ်စွဲမှုများကြားတွင် GHF ကို တည်ထောင် ထားသော်လည်း အဖွဲ့အစည်းသည် အငြင်းပွားစရာဖြစ်နေပြီး နိုင်ငံတကာ အကူအညီ ပေးရေးအေဂျင်စီ အများအပြားက ဝေဖန်မှုများရှိနေခဲ့သည်။

ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေမှာ အပူတပြင်း လိုအပ်နေဆဲ ဖြစ်သည်။

GHF၏ကူညီထောက်ပံ့ရေးစတင်ကတည်းက အကူအညီပေးရေးဌာနများအနီးတွင် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအများအပြား သေဆုံးခဲ့ရသည်။

ဂါဇာကမ်းမြောင်ဒေသရှိ ကယ်ဆယ်ရေးစခန်းများအနီးတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၂၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာအလယ်ပိုင်းရှိ နက်ဇာရင်မ် (Netzarim) ဝင်ပေါက် စင်္ကြန်တစ်လျှောက်တွင် ကြာသပတေးနေ့ နံနက်အစောပိုင်းက အစ္စရေးလ်၏ ကယ်ဆယ်ရေးစခန်းအနီးတွင် ပစ်ခတ်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ၎င်းတို့သည် လူများကိုအစ္စရေးတပ်ဖွဲ့ကို ချိမ်းခြောက်မှု ရှိလာခဲ့သဖြင့် “သတိပေးချက်” အဖြစ် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “ထိခိုက်ဒဏ်ရာရသူများအဖြစ် သတင်းပေးပို့တဲ့ အရေအတွက်ဟာ IDF က ရရှိထားတဲ့ အချက်အလက်တွေနဲ့ မကိုက်ညီဘူးလို့လည်း စစ်တပ်က ပြောပါတယ်။

ကြာသပတေးနေ့ မနက်အစောပိုင်းမှာ ရာဖာတောင်ပိုင်းမှာရှိတဲ့ ဖြန့်ဖြူးရေးနေရာတွေ အနီးမှာ အကူအညီတွေရဖို့ရှာဖွေနေခဲ့တဲ့ ပါလက်စတိုင်းရှစ်ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ထိုကိစ္စအတွက်မှတ်ချက်ပေးရန် CNN သည် IDF သို့ ဆက်သွယ်ခဲ့သည်။

ကြာသပတေးနေ့တွင် ဖြန့်ဖြူးရေးနေရာ ၃ ခုကိုဖွင့်လှစ်ခဲ့ကြောင်းနှင့် ဂါဇာတောင်ပိုင်းတွင် နှစ်နေရာနှင့် ဂါဇာအလယ်ပိုင်းတွင် တစ်ခုတို့ဖြစ်ကြောင်း GHF မှ ပြောကြားခဲ့သည်။ ကြိုတင်ထုပ်ပိုးထားသော အစားအစာသေတ္တာ ၄၅,၀၀၀ ခန့်ကို ပေးအပ်ခဲ့ကြောင်း အဆိုပါအဖွဲ့အစည်းက ပြောသည်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) က “အစားအစာရရှိရန် ကြိုးစားစဉ် ဂါဇာကမ်းမြှောင်မှ လူများသေဆုံးပြီး ဒဏ်ရာရရှိမှု အစီရင်ခံစာများကို ဆက်လက်လက်ခံရရှိဆဲဖြစ်သည်” ဟု ပြောကြားခဲ့သည်။ သို့ရာတွင် မည်သည့်နေရာမှ ဆိုသည်ကိုသတ်မှတ်ဖော်ပြမထားပေ။

ဂါဇာကမ်းမြောင်တဝှမ်းရှိ လူများသည် အငတ်ဘေး အန္တရာယ်ကျရောက်နေသောကြောင့် အကူအညီများရယူရန်အတွက် မည်သူကမျှ ၎င်းတို့၏ အသက်အန္တရာယ်ရှိလျက်နှင့် အထောက်အပံ့ကိုရယူခြင်းကိုဖိအားပေးလုပ်ဆောင်စေခြင်း မပြုရန် အပြင်းထန်ဆုံး ပြောဆိုချက်များဖြင့် OCHA က ထပ်လောင်းပြောဆိုခဲ့သည်။

တယ်လီကွန်းများ မီးပျက်
ဂါဇာကမ်းမြောင်ဒေသတွင် စုစုပေါင်းဆက်သွယ်ရေးပြတ်တောက်မှုမှာ ယခုအခါ ၂၄ နာရီကျော်ကြာမြင့်နေပြီဟု အင်တာနက်စောင့်ကြည့်လေ့လာရေးဝဘ်ဆိုက် Netblocks က ပြောကြားပြီး အဆိုပါ ပြတ်တောက်မှုသည် အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးယိုယွင်းနေပြီး နယ်မြေအတွင်း ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေကြောင်း သတိပေးထားသည်။

ဂါဇာစီးတီးနှင့် မြောက်ပိုင်း ဂါဇာကမ်းမြောင်တို့တွင် အင်တာနက်ပြတ်တောက်မှုများသည် မကြာသေးမီလများအတွင်း အကြာဆုံးဖြစ်ပြီး “မြေပြင်ပေါ်ရှိ အဖြစ်အပျက်များကို မြင်နိုင်စွမ်းကို ပြင်းထန်စွာ ကန့်သတ်ထားဆဲဖြစ်သည်” ဟု ဆိုက်က ဗုဒ္ဓဟူးနေ့တွင် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။
မီးပျက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် ကြိုးမဲ့ဒေတာချိတ်ဆက်မှုများအပြင် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုတို့ကို ထိခိုက် သက်ရောက်မှုရှိသည်။

ဂျေရုဆလင်ရှိ CNN ၏အဖွဲ့သည် ဗုဒ္ဓဟူးနေ့ကတည်းက ဂါဇာရှိမည်သူ့ကိုမျှ ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

“ဆက်သွယ်ရေးဝန်ဆောင်မှုတွေ၊ အင်တာနက်ချိတ်ဆက်မှုတွေနဲ့ အရေးပေါ် ဆက်သွယ်ရေး စနစ်တွေ ပြိုကျတာက တကယ့်ခြိမ်းခြောက်မှုတစ်ခုပါပဲ” ဟု ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ဒါက အသက်ကယ်တဲ့ ညှိနှိုင်းဆောင်ရွက်မှုကို ထိခိုက်စေပြီး ထိခိုက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေကို အရေးကြီးတဲ့ အချက်အလက်တွေ မရရှိဖို့ တားဆီးထားတာဖြစ်စေပါတယ်။”

ဂါဇာကမ်းမြောင်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် လျှပ်စစ် ၊အင်တာနက် နှင့်ဆက်သွယ်ရေး များပြတ်တောက်မှု အကြောင်း ကြာသပတေးနေ့တွင် စတင်ဖြစ် ပေါ်လာသည်။

“ မက်ထရစ်များသည် ဂါဇာကမ်းမြှောင်တစ်လျှောက် အင်တာနက်ချိတ်ဆက်မှုတွင် နောက်ထပ်အနှောင့်အယှက်များကို ပြသသည်၊ တယ်လီကွန်းပြတ်တောက်မှုများသည် ရှာဖွေမှု၊ ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးဆိုင်ရာ ကြိုးပမ်းမှုများအပေါ်အဟန့်အတား ဖြစ်စေနိုင်သည်” ဟု Netblocks က အပ်ဒိတ်တစ်ခုတွင် ပြောကြားခဲ့သည်။

CNN အင်္ဂလိပ်သတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 32 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 49 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 42 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 32 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)