နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်၏ Arak နျူကလီးယားစက်ရုံကို အစ္စရေး တိုက်ခိုက်ခဲ့ရာ ကြီးကြီးမားမား ထိခိုက်မှုမရှိကြောင်း သိရသည်။

ဇွန်လ (၁၉) ရက်။

တီဟီရန်မြို့ အနောက်တောင်ဘက် ၁၅၅ မိုင် (ကီလိုမီတာ ၂၅၀) အကွာတွင်ရှိသော အီရန်နိုင်ငံ၏ အာရက် (ခ) (Arak) အကြီးစား HWR ဓာတ်ပေါင်းဖိုအား အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာနှင့် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီအချိန်ခန့်တွင် အဆိုပါစက်ရုံတွင် ဒုံးကျည်နှစ်စင်း ကျရောက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းအေဂျင်စီ IRIB က ပြောကြားခဲ့သည်။ စက်ရုံသည် ဆိုးရွားစွာ ပျက်စီးခြင်း မရှိသလို ဓာတ်ရောင်ခြည်သင့်မှုလည်း မရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတစ်ဝှမ်း ညတွင်းချင်း ဆက်တိုက် စီးနင်းမှုအတွင်း အစ္စရေးတိုက်လေယာဉ်များက အဆိုပါ စက်ရုံကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်ဘက်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

“အီရန်ရဲ့ အာရက် (ခ)ဒေသမှာရှိတဲ့ HWR နျူကလီးယား ဓာတ်ပေါင်းဖိုကို ပလူတိုနီယမ် ထုတ်လုပ်မှုမှာ အဓိက အစိတ်အပိုင်းဖြစ်တဲ့ ဓာတ်ပေါင်းဖိုကို တိုက်ခိုက်ခဲ့ပါတယ်” ဟု အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုဟာ ပလူတိုနီယမ်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အစိတ်အပိုင်းတွေကို တိုက်ခိုက်တာဖြစ်ပြီး သူ့ရဲ့နျူကလီးယားလက်နက်တွေကို ပြန်လည်အသုံးပြုဖို့ စွမ်းရည်ကို ဟန့်တားခဲ့တာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ အစောပိုင်းတွင် IDF မှ အာရက် (ခ)စက်ရုံအနီးရှိ ဒေသခံများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး “ ဤဧရိယာတွင် ရှိနေပါက အသက်အန္တရာယ်ကို ထိခိုက်စေတယ်” ဟု ပြောကြားခဲ့သည်။

အစ္စရေးက အီရန်နျူကလီးယားစက်ရုံသုံးရုံဖြစ်တဲ့ Natanz၊ Isfahan နဲ့ Fordow နဲ့ ထိပ်တန်းသိပ္ပံပညာရှင်အများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ပြီး တစ်ပတ်နီးပါးအကြာတွင် ယခုစက်ရုံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေအရ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ခွင့်မရှိဟု သိရှိရသည်။

CNN သတင်း။

ဓာတ်ပုံ။

အာရက် (ခ)ဒေသရှိ HWR ဓာတ်ပေါင်းဖိုကို ယခုဖေဖော်ဝါရီလ ဂြိုလ်တုဓာတ်ပုံတွင် မြင်တွေ့ရသည်။ Maxar Technologies/AP/File

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်