နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဘအဲရှဲဘား(Beer Sheva) မှာကြောက်မက်ဖွယ်ရာတိုက်ခိုက်ခံရခြင်းကြောင့် အပျက်အစီးပုံများကိုမြင်ရပြီး လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့သည်။

CNN -၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက်

အစ္စရေးနိုင်ငံတောင်ပိုင်းရှိ လူနေအဆောက်အအုံတစ်ခုကို အင်္ဂါနေ့နံနက်တွင် အီရန်ဒုံးကျည်တိုက်ခိုက်မှုမှ တိုက်ရိုက်ထိမှန်ခဲ့ပြီးနောက် လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စရေး၏ အရေးပေါ်ဝန်ဆောင်မှုများကဆိုသည်။

ဘအဲရှဲဘား မြို့တိုက်ခိုက်မှုတွင် လူငါးဦးသေဆုံးပြီး အခြားသူများကို ဒဏ်ရာအနည်းငယ်မှ အလယ်အလတ်အထိ ကုသပေးနေကြောင်း အစ္စရေး၏ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ Magen David Alom (MDA) မှ ပြောကြားခဲ့သည်။

လူနေအဆောက်အအုံကို အီရန်ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံကြီးနှင့် မီးခိုးရောင်တိမ်တိုက်များ ဖြစ်ပေါ်ခဲ့ကြောင်း CNN မှ အတည်ပြုထားသော လူမှုမီဒီယာ ဗီဒီယိုအရ သိရသည်။

ကွန်ကရစ်အပျက်အစီးများနှင့် ကြေမွနေသော နေအိမ်အဆောက်အအုံရှေ့တွင် လမ်းများပေါ်တွင် တန်းစီနေသော မော်တော်ယာဉ်များ မီးလောင်ပျက်စီးသွားသည့် ရုပ်ပုံများကို ပြသထားသည်။ CNN မှဖော်ပြသောဓာတ်ပုံများအရအဆောက်အ ဦး ၏မျက်နှာစာသည်ပျက်စီးခဲ့ပြီးအတွင်းပိုင်းပျက်စီးနေသောနေအိမ်ခန်းများကိုပြသခဲ့သည်။ ပထမဆုံး တုံ့ပြန်ကယ်ဆယ်ရေးသမားများသည် ကြီးမားသော ပျက်စီးနေသည့်နေရာပေါ်တွင် ဖြတ်လျှောက်သွားနေသည်ကို တွေ့မြင်နိုင်သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန်တွင် မီးသတ်သမားများက အပျက်အစီးများထဲမှ အရပ်သားသုံးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း MDA က ပြောကြားခဲ့သည်။

အနီးနားရှိ အဆောက်အဦများ၏ နံရံများမှာလည်း ပြင်းထန်စွာ ပျက်စီးနေပုံရပြီး အစ္စရေးအာဏာပိုင်များက ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေထားသော ဗီဒီယိုကို CNN မှ စစ်ဆေးအတည်ပြုခဲ့သည်။

“ ထိရောက်တဲ့နေရာကနေ မီးခိုးတွေ ထူထပ်စွာထွက်လာတာကို ကျွန်တော်တို့ တွေ့ခဲ့ရပြီး ကျွန်တော်တို့ နီးကပ်လာတာနဲ့အမျှ အဆောက်အဦများစွာ ပျက်စီးသွားတာကို တွေ့ရပါတယ်” ဟု MDA အရေးပေါ်ဝန်ထမ်း ရှိမီရစ် ဆယ်လာ (Shimirit Sela) က CNN သို့ ပြောကြား ခဲ့သည်။

အောက်တွင် အရေးပေါ်ယာဉ်များ မီးရောင်မှိတ်တုတ်မှိတ်တုတ် ပြနေသဖြင့် အနီးနားရှိ ပြတင်းပေါက်များမှ အစ္စရေးအလံများ ချိတ်ဆွဲထားသည်ကို တွေ့မြင်နိုင်သည်၊ ဗီဒီယိုများနှင့် ဓာတ်ပုံများကို ပြသထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို