နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း ဗြိတိန်

ယူကေနဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို ဆေးခပ်ပြီးမုဒိမ်းကျင့်ခဲ့သည့် တရုတ်ကျောင်းသားကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ခြင်း။

CNN — 

ဗြိတိန်နဲ့ တရုတ်နိုင်ငံက အမျိုးသမီး ၁၀ ဦးကို မု ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည့် တရုတ်အမျိုးသားကို တစ်သက်တစ်ကျွန်း အနည်းဆုံး ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်ပါသည်။

ဂျင်ဟောင်ဇို (Zhenhao Zou) အသက် ၂၈ နှစ်ကို Inner London Crown တရားရုံးတွင် ကြာသပတေးနေ့တွင် စီရင်ချက်ချခဲ့သည်။ တရားသူကြီး ရိုစီနာ ကော့တေ့ချ် (Rosina Cottage) က လွတ်ငြိမ်းချမ်းသာခွင့်အတွက် အရည်အချင်းမပြည့်မီခင်ထောင်တွင်း နေသား ၂၂ နှစ်နှင့် ၂၂၇ ရက်အနည်းဆုံးကျခံစေရမည်ဟုအမိန့်ချမှတ်ခဲ့ကြောင်း UK ၏ PA Media အရ သိရသည်။

ဇို (Zou) သည် မတ်လတွင် မုဒိမ်းမှု ၁၁ မှု၊ မမှန်မကန်ထိန်းသိမ်းထားမှုတမှု၊  လိင်စိတ် နိုးကြားရန်အခြားသူများလိင်ကိစ္စကိုကြည့်ရှုမှုအကြိမ်ရေ ၃ မှု၊ ညစ်ညမ်းရုပ်ပုံများ လက်ဝယ် ပိုင်ဆိုင်မှုနှင့် အခြားလိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ကန့်သတ်ထိန်းချုပ် ထားသော မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုအပါအဝင် အခြားပြစ်မှုများစွာအတွက် ဇို သည် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

၎င်း၏သားကောင်အများစုသည် ဆေးခပ်ခံရပြီးနောက် “သတိလစ်ပြီး အကာအကွယ်မဲ့ သွားသည်” ဟု အစိုးရရှေ့နေများထံမှ သိရသည်။

ဇိုသည် ပတ်ခို(“Pakho”)ဟူသောအမည်ဖြင့် အွန်လိုင်းတွင် သုံးပြီး WeChat တွင် ချိန်းတွေ့ သည့် အက်ပ်တွေမှာ တရုတ်မျိုးရိုးမှ ဆင်းသက်လာသည့်ကျောင်းသားများကို ဆက်သွယ် ခဲ့ပြီး လန်ဒန်နှင့် တရုတ်နိုင်ငံတွင်ရှိ သူ့ရဲ့တိုက်ခန်းတွေကို ဖိတ်ခေါ်ခဲ့ပြီး ဆေးခပ်ကာ ကျူးလွန်ခဲ့သည်ဟု ရဲနှင့် အစိုးရရှေ့နေတွေက ဆိုသည်။ လက်ဝတ်ရတနာများနှင့် အဝတ်အစားများ အပါအဝင် ၎င်း၏ သားကောင်များထံမှ ပစ္စည်းများကိုလည်း လုယူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ဗြိတိန်၏ Crown တရားရေးဝန်ဆောင်မှုဌာန မှ ဇို သည် မိုဘိုင်းကိရိယာနှင့် လျှို့ဝှက် ကင်မရာများကို အသုံးပြု၍ ကျူးလွန်မှုအချို့ကို ရိုက်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က “သူကအမျိုးသမီးတွေကို ကြိုးကိုင်ဖို့အတွက်လှည့်စားပြီး ဆေးခပ်ကာ သူရဲ့သားကောင်များအဖြစ်အလွန်ကောက်ကျစ်စွာအသုံးချခဲ့တယ်” လို့ ရဲက ဆိုသည်။

ဇို သည် လန်ဒန်ရှိ University College London တွင် ပါရဂူ (PhD)တန်းတက်နေသည့် ကျောင်းသားဖြစ်သည်။ ၎င်း၏သားကောင်များထဲမှတစ်ဦးသည် ရဲထံတိုင်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။

” ဂျင်ဟောင်ဇို (Zhenhao Zou) ၏ လေးနက် ပြင်းထန်တဲ့ ရာဇ၀တ်မှုများကို အစီရင်ခံရန် လာရောက်သော ရဲရင့်သောအမျိုးသမီးများ” သည် “ မယုံနိုင်လောက်အောင် ရဲရင့်ကြပြီး” ၎င်းတို့၏သက်သေအထောက်အထားများသည်သူ့အားတရားစွဲဆိုရန်လုံလောက်ပြီး “ သံသယဖြစ်စရာမရှိ” ဟုမတ်လတွင်တရားသူကြီးကပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက်
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်