နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်၏မဟာမိတ်များက အီလွန်မာ့ခ် ကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်ရန်အတွက် နိုင်ငံရေးလှုံဆော်မှုကော်မတီ (super PAC )ကို စတင်ဖွဲ့စည်းလိုက်ခြင်း။

CNN – ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ရက်

မကြာသေးမီကမှ အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဆိုင်ရာဌာန (DOGE) တွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့် ၏ အဆိုကို ထောက်ခံသူ ဂျိမ်းစ် ဖစ်ရှ်ဘက် (James Fishback) က လာမည့်နှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် အီလွန်မာ့ခ် ၏ အလားအလာရှိသော နိုင်ငံရေးလုပ်ဆောင်မှုများကို တန်ပြန်ရန် နှင့် ထရန့်ကို ကူညီရန် super PAC ကို ယနေ့ စတင် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုကိုဦးစီးနေသော ဖစ်ရှ်ဘက် (Fishback) သည် ဒေါ်နယ်ကို အပြည့်အဝ ထောက်ခံရန် (Full Support for Donald) အတွက် အတိုကောက် FSD PAC ဟု ခေါ်သည့် နိုင်ငံရေးလှုပ်ရှားမှုကော်မတီ (super PAC) သို့ ကနဦးရန်ပုံငွေ ဒေါ်လာ ၁ သန်းဖြင့် မတည် ပံ့ပိုးပေးမည်ဟု ဆိုသည်။

အဆိုပါ စူပါ PAC သည် ထရန့် ၏ အစီအစဉ်ကို အပြည့်အဝထောက်ခံကာ “ထိုအစီအစဉ်ကို အီလွန်မာ့ခ်အပါအဝင် ဖျက်စီးပစ်မည်ဟု ခြိမ်းခြောက်သူတိုင်းအား ဆန့်ကျင်သည်” ဟု CNN သို့ ပြောကြားခဲ့သည်။

“သမ္မတ ထရန့် မှာ သူဆက်လက်အနိုင်ရဖို့ လိုအပ်နေတဲ့ ခဲယမ်းမီးကျောက်တွေ အားလုံးကို သေချာစေချင်ပါတယ်” လို့ ဖစ်ရှ်ဘက် (Fishback) က ပြောသည်။

မာ့ခ် သည် နိုင်ငံရေး ပါတီအသစ်ကို ဘဏ်စာရင်းသွင်းဖွဲ့စည်းမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့် ၏ ပြည်တွင်းမူဝါဒဥပဒေမူကြမ်းကို ထောက်ခံသည့်ကွန်ဂရက်လွှတ်တော်ရှိ ရီပတ်ဘလီကန် အမတ် များအနေနှင့် ထိုထောက်ခံမှုအတွက် ပြန်လည်ပေးဆပ်ရမည်ဟု မာ့ခ် က ဆိုခဲ့ပြီးနောက် ဖစ်ရှ်ဘက် (Fishback) ၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ မာ့ခ်က ၎င်းဥပဒေမူကြမ်းသည် ဖက်ဒရယ်အစိုးရ၏ ဖြုန်းတီးသောအသုံးစရိတ်များကို DOGE တွင် သူနှင့်အခြားသူများက ပစ်မှတ်ထားရှာဖွေပြီး ဖယ်ရှားပစ်ရန် ကြိုးပမ်းနေသည့် ၎င်းတို့၏ ကြိုးပမ်း အားထုတ်မှုများကို ပျက်ပြားစေမည်ဟု ကန့်ကွက်ဆန့်ကျင်ခဲ့သည်။

စူပါ PAC အသစ်သည် လာမည့်နှစ်ဝက်ရွေးကောက်ပွဲတွင် မာ့ခ်သုံးစွဲမည့်ငွေကြေးပမာဏကို ထိရောက်စွာ မည်သို့ဟန်တားနိုင်မည်ကို မေးမြန်းရာတွင် ဖစ်ရှ်ဘက် (Fishback) က မာ့ခ်သည်ထရန့်ကိုဆန့်ကျင်ပြီး ထရန့်ထောက်ခံသူ ကိုယ်စားလှယ်လောင်းများ၏ ပြိုင်ဖက် ဖြစ်နိုင်ချေရှိသော တတိယပါတီ ကိုယ်စားလှယ်လောင်း သို့မဟုတ် ဒီမိုကရက်တစ်ပါတီကို ထောက်ခံပံ့ပိုးအားပေးမှုကို ၎င်း၏ PAC သည်ဆန့်ကျင်ပြီး မဲဆန္ဒရှင်များထံ ရောက်ရှိရန် မြေပြင်အောက်ခြေအထိ တည်ဆောက်ခြင်း လုပ်ငန်းကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့သည် နိုင်ငံတော် အော်ပရေးရှင်းများကို ပါလီမန်အမတ်နေရာအားလုံးတွင် စစ်ဆင်ရေးကိုဆင်နွဲနေပြီး အီလွန် ပါဝင်ပတ်သက်မည့် ထရန့်ကို ဆန့်ကျင်သည့် လက်တစ်ဆုပ်စာပြိုင်ပွဲများကိုသာအဓိကအာရုံစိုက်ထားကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Politico သတင်း သည် Fishback ၏ super PAC အကြောင်း အသေးစိတ် အချက်အလက် များကို ဦးစွာဖော်ပြခဲ့သည်။

(Super PAC ၏အဓပ္ပါယ်ရှင်းလင်းချက်- Super PAC (Political Action committee)သို့မဟုတ် အမှီအခိုကင်းသော အသုံးစရိတ်သီးသန့်နိုင်ငံရေးလှုပ်ရှားမှုကော်မတီသည် နိုင်ငံရေး ကိုယ်စား လှယ်လောင်းများ ကို ပံ့ပိုးရန် သို့မဟုတ် ဆန့်ကျင်ရန် ငွေကြေးပမာဏအကန့်အသတ်မရှိ တိုးမြှင့်သုံးစွဲနိုင်သော နိုင်ငံရေး လှုပ်ရှားမှုကော်မတီ အမျိုးအစားဖြစ်သည်။ သမားရိုးကျ PACs များနှင့်မတူဘဲ Super PAC များသည် မဲဆွယ်ပွဲများသို့ တိုက်ရိုက်လှူဒါန်းခြင်း သို့မဟုတ် ကိုယ်စားလှယ်လောင်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုနိုင်သော်လည်း ၎င်းတို့သည် ကြော်ငြာများတင်ပြကာ အခြားနိုင်ငံရေး စည်းရုံးလှုံ့ဆော်မှုပုံစံများတွင် လွတ်လပ်စွာပါဝင်နိုင်သည်။(ဘာသာပြန်သူ)

James Fishback

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်