နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးက အရှိန်ပြင်းစွာ တိုက်ခိုက်လာတာကြောင့် ဂါဇာမှာ လူအများအပြား သေဆုံး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်

အစ္စရေး၏ တိုက်ခိုက်မှုများ ပြင်းထန်လာသောကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကြာသပတေးနေ့တွင် ပါလက်စတိုင်း ၈၀ ကျော် သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူများတွင် အကူအညီလာရောက်တောင်းခံသူ ဒါဇင်များစွာ ပါဝင်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုများအရှိန်မြှင့် ပြုလုပ်နေစဥ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးက လက်ခံထားသည့်နောက်ဆုံး အဆိုပြုချက်အပေါ် တုံ့ပြန်ပြင်ဆင်ရန် ဟားမတ်စ်အရာရှိများနှင့် ကြာသပတေးနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သတင်းရင်းမြစ်တစ်ခုက CNN ကို ပြောခဲ့သည်။

ဂါဇာစီးတီးရှိ ကျောင်းအလှည့်ကျ ရွှေ့ပြောင်းရေး အဆောက်အအုံတစ်ခုတွင် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း လူ ၁၅ ဦး သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အများအပြား မီးလောင် ဒဏ်ရာများ ပြင်းထန်ခဲ့ကြောင်း Al-Shifa ဆေးရုံ၏ ဒါရိုက်တာ ဒေါက်တာ မိုဟာမက် အဘူဆလ်မီယာက ပြောကြားခဲ့သည်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများကို ဆေးရုံက ကုသပေးနေသည်။

ဂါဇာမြောက်ပိုင်းရှိ အရေးပေါ်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို ဦးစီးသော Fares Afana က “အာဇာနည်တွေနဲ့ ကလေးငယ်တွေရဲ့ မီးလောင်ခံထားရတဲ့အလောင်းတွေရဲ့ မြင်ကွင်းဟာ အလွန်ဆိုးရွားလှပါတယ်” ဟု ဂါဇာမြောက်ပိုင်းရှိ အရေးပေါ်နှင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ အကြီးအကဲ ဖဲရား အာဖာနာ (Fares Afana) က ပြောကြားခဲ့သည်။

ဂါဇာစီးတီးတွင် အခြားတိုက်ခိုက်မှုများတွင် ဆေးရုံညွှန်ကြားရေးမှူးက နောက်ထပ်လူ ၁၂ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

ကျောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး CNN မေးခွန်းကို တုံ့ပြန်ရာမှာ အစ္စရေးစစ်တပ်က ဂါဇာစီးတီးမှာရှိတဲ့ ဟားမတ်စ်ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာမှာ လုပ်ဆောင်နေတဲ့ “အဓိက ဟားမတ်စ် အကြမ်းဖက်သမား” တွေကို တိုက်ခိုက်ခဲ့သည်ဟု တုံပြန်ခဲ့သည်။

တိုက်ခိုက်မှုမစမီတွင် “အရပ်သားများ ထိခိုက်မှုအန္တရာယ် လျော့ပါးစေရန် ခြေလှမ်းများစွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် တိကျသော လက်နက်ခဲယမ်းများဖြင့်၊ ဝေဟင်ထောက်လှမ်းရေးနှင့် ထပ်လောင်းထောက်လှမ်းရေးများ အသုံးပြုခြင်းအပါအဝင်ပြုလုပ်ပြီးမှ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြှောင်တစ်လျှောက် အကြမ်းဖက်သမားများ၊ မြေအောက်လမ်းကြောင်းများ၊ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ၊ လက်နက်များ၊ စနိုက်ပါတိုင်များနှင့် နောက်ထပ် အကြမ်းဖက်အခြေခံအဆောက်အအုံနေရာများ အပါအဝင် ဂါဇာကမ်းမြှောင်တစ်လျှောက် အကြမ်းဖက်ပစ်မှတ် ၁၅၀ ခန့်ကို ယနေ့နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောကြားခဲ့သည်။ ကြာသပတေးနေ့ တိုက်ခိုက်မှုတွင် အစ္စရေးစစ်တပ်ထံမှ မှတ်ချက်ပေးရန် CNN က တောင်းဆိုထားသည်။

ဂါဇာစီးတီး တိုက်ခိုက်မှု အခင်းဖြစ်ပွားရာ နေရာတွင် ရိုက်ကူးထားသော ဓါတ်ပုံများတွင် အဆောက်အဦ အတွင်း မီးတောက်များနှင့် ရုပ်အလောင်း အများအပြား ပြင်းထန်စွာ လောင်ကျွမ်းသွား သည်ကို တွေ့ရသည်။

“မကြာခဏဆိုသလို အစ္စရေးတွေက စာသင်ကျောင်းကို တိုက်ခိုက်ပြီး ဗုံးခွဲပြီး ကျွန်မတို့ကို ပြေးခိုင်းတယ် အစ္စရေးရဲ့ ဖိအားတွေ လျော့ပါးသွားတဲ့အခါ ပြန်လာခဲ့ပါတယ်။ ဒီနေ့တော့ မြင်တဲ့အတိုင်းပဲ၊ ဖိအားတွေက ပြင်းထန်လာတယ်” ဟု အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဂါဇာတောင်ပိုင်းတွင် ရုပ်အလောင်း ၃၅ လောင်းသည် ကြာသပတေးနေ့နံနက်တွင် နာဆာဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း နာဆာ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ အာမက် အယ် ဖာရာ (Ahmad Al-Fara) က ပြောကြားခဲ့သည်။ သေဆုံးသူများတွင် ခန်းယူနစ်(Khan Younis) တွင် အကူအညီများရရှိရန်စောင့်ဆိုင်းနေသည့်သူ ၁၅ ဦးနှင့် မြို့တွင်းရှိ စခန်းများတွင် တိုက်ခိုက်မှုများကြောင့် သေဆုံးသွားသူ ၂၀ ဦး ပါဝင်ကြောင်း ဆေးရုံမှ ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးရှာဖွေသူများသည် အတိုက်ခံရချိန်တွင် အမေရိကန်ကျောထောက်နောက်ခံပြု ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း (GHF) ဖြန့်ချီရေးနေရာအနီး အနောက်တောင်ဘက် ခန်းယူနစ် ၏ Al-Tahliya ဧရိယာတွင် စောင့်ဆိုင်းနေစဥ် ထိမှန်ခံခဲ့ရ ကြောင်း ဆေးရုံထံမှ ကြားသိရသည်။

“ သူတို့က အမေရိကန် (GHF) က ဘေးကင်းတယ်လို့ ပြောတယ်၊ အဲဒါက ဘယ်လို ဘေးကင်းတာလဲ?” ဟုအသတ်ခံရသူများထဲမှ တစ်ဦး၏ ဈာပနတွင် လူတစ်ဦးဖြစ်သော အာဝတ်ဘာဘတ်ချ် (Awad Barbach) က ပြောကြားခဲ့သည်။

ဒါဟာထောင်ချောက်ပဲ လူတွေဟာ တယောက်နဲ့တယောက်ကို အစားအစာအတွက် ဒါးနဲ့ထိုး နေကြတယ်၊ နောက်တနာရီ ၃၀မိနစ်ကြာအစ္စရေးကသေနတ်တွေနဲ့ပစ်နေတာခံရတယ် ငါတို့ဟာဟားမတ်စ်လဲမဟုတ်ဘူး ဖာတာလဲမဟုတ်ဘူး ငါဟာ ရိုးရိုးအရပ်သားပဲ အစားစားချင်လို့လာတာ ဒါပေမဲ့ တွေ့ရတာကသေချင်းပဲ” ဟု မျက်မြင်တွေ့ခဲ့ရသည့် အာမက် ခေလာက CNN ကို ပြောပြခဲ့သည်၊ ဟားမတ်စ်တွေဘယ်မှာလဲ? သူတို့အားလုံးကခွေးတွေပဲ ဟု သူက ထပ်လောင်းပြောခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို