နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားက ယူကရိန်းကို ဒုတိယညက ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကိယက်ဗ်မြို့ကို ပြင်းထန်သည့် တိုက်ခိုက်မှုတွေ ပြုလုပ်နေခြင်း။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ရက်

CNN- ကိ့ဗ် ယူကရိန်း။ ရုရှားနိုင်ငံသည် ယူကရိန်းနှင့် စစ်ပွဲအတွင်း သုံးနှစ်ကျော်ကြာ ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့် လာနေချိန်တွင် ယူကရိန်းနိုင်ငံမြို့တော် ကိ့ဗ် (Kyiv) ကို ကြာသပတေးနေ့ အစောပိုင်း တွင် အကြီးစား လေကြောင်း တိုက်ခိုက်မှုဖြင့် ပြင်းပြင်းထန်ထန် စတင်တိုက်ခိုက်ခဲ့ပြီး နိုင်ငံကို ပြင်းထန်စွာ တိုက်ခိုက်မှု၏ဒုတိယညအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မောင်းသူမဲ့ လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်များစွာ ပါဝင်သည့် တိုက်ခိုက်မှုများတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း ကိ့ဗ် အာဏာပိုင်များက ပြောကြားခဲ့သည်။

တိုက်ခိုက်မှုကို ရိုက်ကူးခဲ့သည့် ကိယက်ဗ်မြို့ရှိ CNN ဝန်ထမ်းများ၏ ပြောကြားချက်အရ ညဘက်တွင် ပြင်းထန်သော မီးတောက်လောင် ပေါက်ကွဲသံများက ကောင်းကင်ကို လင်းထိန် သွားခဲ့သည်။ မီးခိုးငွေ့များသည် လေထုကို ပြည့်လျှံစေပြီး မီးလောင်နေသော အနံ့သည်မြို့ကို လွှမ်းခြုံထားပြီး မီးခိုးများသည် မြို့လယ်ရှိ မြင်နိုင်စွမ်းကို ဖုံးကွယ်ထားသည်။

ရုရှားသည် ၎င်း၏အပြည့်အဝကျူးကျော်မှုကိုစတင်ပြီးကတည်းက အကြီးကျယ်ဆုံးသော မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကိုစတင်ချိန်မှစ၍ တစ်ညတာအတွင်း အဆိုပါ ထိုးစစ်တွင် မောင်းသူမဲ့ လေယာဉ် ၇၂၈ စင်းနှင့် ဒုံးကျည် ၁၃ စင်း ပစ်လွှတ်ခဲ့ပြီး အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကြာသပတေးနေ့ မနက်ခင်းမှာ ပျက်စီးမှုက သိသိသာသာကြီးမားခဲ့ပါသည်။

မြို့တွင်းရှိ နေအိမ်များ၊ လူနေအဆောက်အအုံများ၊ ကားများ၊ ကုန်လှောင်ရုံများ၊ ရုံးခန်းများနှင့် အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့အာဏာပိုင်များက ပြောသည်။ တိုက်ခိုက်မှုအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းတစ်ခု လုံးဝနီးပါး ပျက်စီးသွား ကြောင်း Kyiv ၏မြို့တော်ဝန် ဗီတယ်လီ ကလစ်ချကို (Vitali Klitschko) က ပြောကြား ခဲ့သည်။

ရုရှားသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ယူကရိန်းအပေါ် ၎င်း၏ လေကြောင်းတိုက်ခိုက်မှုများကို သိသိသာသာ တိုးမြှင့်ခဲ့ပြီး ဒရုန်းများနှင့် ဒုံးကျည် ရာနှင့်ချီပါဝင်သည့် တိုက်ခိုက်မှုများကို ညစဉ်ညတိုင်း ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဆီသို့ ဦးတည်လုပ်ဆောင်နေမှုများသည် တပြိုင်နက်တည်း နှေးကွေးသွားကာ အိမ်ဖြူတော်တွင် စိတ်ပျက်စရာများ ဖြစ်ပေါ်နေခဲ့ပြီး ရုရှား၏ခေါင်းဆောင် ဗလာဒီမာပူတင်ကို အင်္ဂါနေ့က အမေရိကန်သမ္မတ ထရန့်က ဦးတည်ဝေဖန်လာခဲ့သည်။

“အမှန်တရားကို သိချင်ရင် ပြောပြမယ် ပူတင်က ငါတို့ကို လှည့်စားမှုတွေ အများကြီး ပြုခဲ့တယ်” ဟု ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် ထရန့် က ပြောကြားခဲ့သည်။ “ သူက အချိန်တိုင်း အရမ်းခင်မင်စရာကောင်းတယ်၊ ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိသလို ဖြစ်သွားတယ်” ဟုဆိုသည်။

မကြာသေးမီရက်များအတွင်း ရုရှား၏ဆက်တိုက်ထိုးစစ်ဆင်မှုသည် ယူကရိန်းကိုကာကွယ်ရန် ဝါရှင်တန်၏ကတိကဝတ်နှင့်ပတ်သက်သည့်မေးခွန်းများအတွင်း အရေးတကြီး မေးခွန်း ထုတ်စရာ ဖြစ်လာသည်။

မော်စကိုသည် ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထရန့် ၏ ကြမ်းတမ်းသော စကားများ ကို ရှုတ်ချခဲ့သည်။ ရုရှားသမ္မတပူတင်အပေါ် ထရန့်၏ဝေဖန်မှုကို “ ငြိမ်သက်စွာ” တုံ့ပြန် နေသည်ဟုကရင်မလင် ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ “ယေဘူယျအားဖြင့် ထရန့် ဟာ အတော်လေး ခက်ထန်တဲ့ ဟန်ပန်နဲ့ အမူအရာနဲ့ခံစားချက်တွေကို သုံးလေ့ရှိပါတယ်” ဟု ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ပြီး ဝါရှင်တန်နှင့် ဆက်လက် တွေ့ဆုံ ဆွေးနွေး ရန် မော်စကိုက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို သည် ကြာသပတေးနေ့တွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး ပြင်ပတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ ဗရော့(Sergey Lavrov) နှင့် တွေ့ဆုံရန် မျှော်လင့်ရသည်။

ဗုဒ္ဓဟူးနေ့က စံချိန်တင် မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှု အပြီးတွင် ယူကရိန်း သမ္မတ ဗလိီူမာဇလန်းစကီး က “ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှု အများအပြား ရှိခဲ့သော်လည်း အားလုံးကို ရုရှားက ငြင်းပယ်သည်” ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများ

ယူကရိန်းတွင် ရုရှားနိုင်ငံက ကြာသပတေးနေ့တွင် ကိယက်ဗ်မြို့ကို တိုက်ခိုက်ခဲ့ခြင်း သည် နိုင်ငံတကာဥပဒေကို အဓိက ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဥရောပ ထိပ်တန်း လူ့အခွင့်အရေးတရားရုံးက ကြာသပတေးနေ့တွင် ထုတ်ဖော် ပြောဆို ခဲ့သည်။

ဥရောပလူ့အခွင့်အရေးတရားရုံး (ECHR) သည် ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းတွင် ရုရှားစစ်တပ်၏ စစ်ဆင်ရေးများနှင့်ပတ်သက်သည့် အမှုလေးခုအပြင် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ယူကရိန်းအရှေ့ပိုင်းပဋိပက္ခနှင့် မလေးရှားလေကြောင်းလိုင်း MH17 ကို ပစ်ချခြင်းလည်း ပါဝင်သည်။

ရုရှားသည် ယူကရိန်းတွင် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် အပြည့်အ၀ ကျူးကျော် ဝင်ရောက် ချိန်မှ စ၍ လူ့အခွင့်အရေးချိုးဖောက်မှုပုံစံမျိုးစုံကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ECHR သည် ၂၀၁၄ ခုနှစ်တွင် လေယာဉ် MH17 ပျက်ကျမှုအတွက် ရုရှားတွင် တာဝန်ရှိ ကြောင်း ECHR က ဆုံးဖြတ်ခဲ့သည်။ မော်စကိုသည် လူ ၂၉၈ ဦး သေဆုံးခဲ့သည့် MH17 ပျက်ဆီးမှုအတွက် တာဝန်ရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ကြာသပတေးနေ့ နံနက်ပိုင်းကယူကရိန်းနိုင်ငံကိ့ဗ် မြို့ရှိ ဗုံးအမိုးအကာအဖြစ် အသုံးပြုနေသော မြေအောက်ရထားဘူတာရုံတွင် လူများ ဗုံးခိုနေကြပုံ။(ဓာတ်ပုံ-၁)

ယူကရိန်းနိုင်ငံ၊ ကိ့ဗ်မြို့၊ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့ အစောပိုင်း၊ ကြာသပတေးနေ့ အစောပိုင်းက လူနေအဆောက်အအုံတစ်ခုတွင် ရုရှက တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ (ဓာတ်ပုံ -၂ AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို