နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

လုံလောက်သော အကြောင်းပြချက်မရှိဘဲ ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးမှ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ထရန့် အစိုးရအား တရားသူကြီးက အမိန့်ပေးခဲ့သည်။

CNN -၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၁ရက်

အမိမြေလုံခြုံရေးဌာနသည် လော့စ်အိန်ဂျလိစ်တွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ဖြစ်နိုင်ဖွယ်အကြောင်းမရှိဘဲ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကို ဖက်ဒရယ် အောက်ရုံး တရားသူကြီးတစ်ဦးက သောကြာနေ့တွင် တွေ့ရှိခဲ့ပြီး လူတစ်ဦးချင်းစီကို လူမျိုး၊ စကားပြောဘာသာစကား သို့မဟုတ် အလုပ်အကိုင်ပေါ်အခြေခံ၍ ဖမ်းဆီးခြင်းကို ရပ်တန့်ရန် ဌာနအား အမိန့်ပေးခဲ့သည်။

သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်ကခန့်အပ်ထားခဲ့သော အမေရိကန် ခရိုင်တရားသူကြီး မာမီရူစီ မန်ဆာ ဖရင်ပေါင်(Maame Ewusi-Mensah Frimpong) မှ DHS သည် သူ၏ အရာရှိများအတွက် လူတစ်ဦး၏ လူမျိုး သို့မဟုတ် ၎င်းတို့ပြောဆိုသော ဘာသာစကား သို့မဟုတ် ၎င်းတို့၏ လေယူလေသိမ်းတို့ကြောင့် ဘတ်စ်ကားမှတ်တိုင် သို့မဟုတ် ၎င်းတို့၏ “နေရာတစ်ခုတွင် ရှိနေခြင်း” ကို  “သင့်လျော်သော သံသယ” မရှိဘဲ ဆုံးဖြတ်ဖမ်းဆီးခြင်းကို မပြုလုပ်ရန် အရာရှိများအတွက် လမ်းညွှန်မှုပြုလုပ်ပေးဖို့ DHSကို အမိန့်ပေးခဲ့သည်။

ACLU(အမေရိကန် နိုင်ငံသား လွတ်လပ်ခွင့်များ သမဂ္ဂ) သည် ထရန့်အစိုးရကို လွန်ခဲ့သည့် အပတ်က လူငါးဦးနှင့် လူဝင်မှုကြီးကြပ်ရေး ပညာပေးရေး အဖွဲ့များ၏ကိုယ်စား အမိမြေ လုံခြုံရေး ဌာန (DHS )အား အမှုစွဲတင်ခဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်ရေးကို တာဝန်ယူထားသည့် DHS သည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်၍ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဟုတရားစွဲဆိုခဲ့သည်။

တရားသူကြီးဖန်ပေါင်(Frimpong) က သူ့အမိန့်အရ အုပ်ချုပ်ရေးအဖွဲ့သည် ၎င်းတို့ကို ဘာကြောင့် ဖမ်းဆီးသည်ဆိုသည့် အခြေခံအချက်အလက်များကို ပေးဆောင်ရန် ပျက်ကွက် ခဲ့သည်ဟု ဆိုသည်။

“ ထို့ကြောင့် တရားရုံးမှ တရားလိုများအား ရပ်တန့်ခြင်းနှင့် ဖမ်းဆီးခြင်းများသည် ရာဇဝတ်မှူ ကျူးလွန်ခြင်းကြောင့်မဟုတ်ဘဲ DHS က သတ်မှတ်ထားသည့်အရာများကိုသာ အခြေခံ၍ လုပ်ဆောင်ခဲ့ပုံပေါ်သောကြောင့် တရားလိုများသည်အနိုင်ရရန် အခွင့်အလမ်း ကောင်း ရှိသည်ဟု တရားသူကြီးဖန်ပေါင် (Frimpong) က ရေးသားခဲ့သည်။

ဖန်ပေါင်သည် တရားလိုများကို ထိန်းသိမ်းခဲ့သည့်နှင့် စာရွက်စာတမ်းအထောက်အထားများကို ပေးအပ်ရန် DHS ကို အမိန့်ပေးခဲ့သည်။

မှတ်ချက်ပေးရန် CNN သည် DHS သို့ ဆက်သွယ်ခဲ့သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းမှ ACLU(အမေရိကန် နိုင်ငံသား လွတ်လပ်ခွင့်များ သမဂ္ဂ) သည် စီရင်ချက်ချမှတ်ပြီးနောက် သောကြာနေ့တွင် အကောင်းမြင်သောလေသံဖြင့် ကြေငြာခဲ့သည်- “ ကျွန်ုပ်တို့အားလုံး မျက်မြင်သက်သေအဖြစ် ယနေ့စီရင်ချက်သည် ပြည်ထောင်စုအစိုးရ၏ ထင်ရှားသော တရားမဲ့မှုများအတွက် တာဝန်ခံမှုဆီသို့ ဦးတည်သွားလိမ့်မည်ဟု မျှော်လင့် ပါသည်။”

“သူတို့ရဲ့ အသားအရောင်၊ ဘယ်ဘာသာစကားပြောပြော၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ လူတိုင်းက သူတို့ကို ဥပဒေနဲ့မညီတဲ့ ရပ်တန့်မှုတွေကနေ ကာကွယ်ပေးဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးတွေက အာမခံထားပါတယ်” ဟု ကယ်လီဖိုးနီးယားတောင်ပိုင်း ACLU ၏ အကြီးတန်း ရှေ့နေ မိုဟာမက်တာဂျာ (Mohammad Tajsar) က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 22 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို