နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသားများ လွှတ်ပေးမှု တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု မျှော်လင့်ရ

CNN-၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ရက်

အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဂါဇာတွင် ဖမ်းဆီးထားသော ဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသား၊ အဖမ်းခံထားရသူများကို နောက်ဆုံးလဲလှယ်မှုအား တနင်္လာနေ့ အစောပိုင်းတွင် စတင်မည်ဟု အစ္စရေးက မျှော်လင့်ထားသည်။

တစ်ချိန်တည်းမှာပင်၊ ပါလက်စတိုင်းလူမျိုး အများအပြားသည် အောက်ဖော်ပြပါ ရိုက်တာသတင်းဗီဒီယိုတွင် မြင်တွေ့ရသည့်အတိုင်း ဂါဇာမြို့တွင်းရှိ ဖျက်ဆီးခံထားရသော မြင်ကွင်းများသို့ ပြန်လည်ရောက်ရှိနေကြသည်။

မနက်အစောပိုင်း လွှတ်ပေးမှု- ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက်ရှင်လျက် ရှိသော ဓားစာခံ ၂၀ ဦးကို တနင်္လာနေ့ မနက်အစောပိုင်းတွင် တစ်ချိန်တည်း လွှတ်ပေးမည် ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရှော့စ် ဘက်ဒရိုစီရင်(Shosh Bedrosian) က ပြောကြားသည်။ ၎င်းတို့ကို အစ္စရေးသို့ မောင်းနှင်ပို့ဆောင်ပေးခြင်းမပြုမီ ကြက်ခြေနီအဖွဲ့၏ လက်ထဲသို့ အရင်ဆုံး လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

အကျဉ်းသား လွှတ်ပေးမှု- ဓားစာခံများ အစ္စရေးသို့ ပြန်လည်ဝင်ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် လွှတ်ပေးရန် စီစဉ်ထားသည့် ထိမ်းသိမ်းခံပါလက်စတိုင်း အကျဉ်းသားနှင့် အဖမ်းခံထားရသူ ရာပေါင်းများစွာကို ဂါဇာသို့ မောင်းနှင်ပို့ဆောင်ပေးမည်ဟု ဘက်ဒရိုစီရင် က ဆိုသည်။ ဓားစာခံများကို လွှတ်ပေးကြောင်း အတည်ပြုချက်ကို စောင့်ဆိုင်းရင်း ၎င်းတို့ကို အဆိုပါဒေသထဲသို့ ခေါ်ဆောင်မည့် ဘတ်စ်ကားများပေါ်တွင် ကြိုတင်တင်ထားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထရန့် အရှေ့အလယ်ပိုင်းသို့ ခရီးသွားခြင်း- အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်သည် ယနေ့ အရှေ့အလယ်ပိုင်းသို့ ခရီးထွက်ရန် စီစဉ်ထားပြီး တနင်္လာနေ့တွင် အစ္စရေးပါလီမန်၌ မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ ထို့အပြင် ထရန့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန် ယာဟု နှင့် အစ္စရေးဓားစာခံများ၏ မိသားစုများနှင့်လည်း တွေ့ဆုံရန် မျှော်လင့် ရသည်။

အီဂျစ်တွင် ဂါဇာထိပ်သီးအစည်းအဝေး- အစ္စရေးမှအပြီးတွင် ထရန့်သည် အိမ်နီးချင်း အီဂျစ်သို့ ခရီးဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ၎င်းနေရာ၌ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့်အတူ ဂါဇာအရေး ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဂါဇာအတွင်း အခြေအနေ- ၎င်းဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၁၁၇ ဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ ခဲ့ပြီး အခြား ၇ ဦးမှာလည်း ထိုကာလအတွင်း သေဆုံးခဲ့သည်။ ယင်းသည် ၎င်းဒေသ၏ ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လွန်ခဲ့သည့် နှစ်နှစ်တာ စစ်ပွဲအတွင်း ဂါဇာတွင် လူပေါင်း ၆၇,၈၀၆ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး ၁၇၀,၀၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုလိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို