နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင်များ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အပြင်းအထန် အကူအညီဖြင့် ရှေ့တန်းအချို့တွင် တရွေ့ရွေ့ တိုးမြှင့်လျက်ရှိသည်။

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်

တိုက်ပွဲနောက်ဆုံးအခြေအနေ

ရုရှား၏ တရွေ့ရွေ့ ထိုးစစ်ဆင်မှုနှင့် အမေရိကန် သမ္မတ၏ ဖိအား

ရုရှားတပ်ဖွဲ့များသည် ယူကရိန်း ရှေ့တန်းစစ်မြေပြင် တစ်လျှောက်ရှိ နေရာများစွာတွင် တရွေ့ရွေ့ တိုးမြှင့်လျက် ရှိနေပါသည်။ ထိုသို့ တိုးမြှင့်နေသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က လက်ရှိ နယ်နိမိတ်မျဉ်းများအတိုင်း တိုက်ပွဲများ ရပ်ဆိုင်းရန် ထပ်မံ တောင်းဆိုခဲ့ပါသည်။

သမ္မတ ထရမ့်၏ တောင်းဆိုချက်: သမ္မတ ထရမ့်သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး (Volodymyr Zelensky) နှင့် ဝါရှင်တန်ဒီစီတွင် တွေ့ဆုံပြီးနောက် “ နှစ်ဖက်စလုံး လက်ရှိနေရာတွင် ရပ်တန့်သင့်သည်” ဟု လူမှုကွန်ရက်တွင် ပြောကြားခဲ့သည်။

ရုရှား၏ ရည်ရွယ်ချက်။ ရုရှားတို့သည် ဆောင်းရာသီ မစတင်မီ နယ်မြေအသာစီးရမှုများကို သေချာအောင် ပြုလုပ်ရန် ရည်ရွယ်နေပုံရသည်။ ယူကရိန်းစစ်တပ်၏ အဆိုအရ သောကြာနေ့ တွင် ရုရှားတို့သည် လမ်းညွှန်မှုရှိသော လေကြောင်းဗုံး (guided aerial bombs) ၂၆၈ လုံးအထိ စံချိန်တင် အသုံးပြုခဲ့ပြီး၊ ယခင်ရက်သတ္တပတ်များ၏ ပျမ်းမျှ ၁၇၀ မှ ၁၈၀ လုံးထက် သိသိ သာသာ ပိုများလာသည်။ ဤဗုံးများသည် ပေါင် ၃,၃၀၇ အထိ အလေးချိန်ရှိပြီး ရှေ့တန်းနှင့် နီးသော ယူကရိန်းတပ်ဖွဲ့များနှင့် အခြေခံအဆောက်အအုံများကို အဓိက ပစ်မှတ်ထားသည်။

ဒရုန်းတိုက်ခိုက်မှုများ တိုးလာခြင်း။ ရုရှားသည် ယူကရိန်းနိုင်ငံအနှံ့ ပစ်မှတ်များ၊ အထူးသဖြင့် စွမ်းအင်အခြေခံအဆောက်အအုံများကို ညစဉ် ဒရုန်းနှင့် ဒုံးကျည်များဖြင့် ဆက်လက် ပစ်ခတ်လျက်ရှိသည်။ စက်တင်ဘာလတွင် ညစဉ် ပစ်လွှတ်သော ဒရုန်းပျမ်းမျှ အရေအတွက်သည် ၁၈၀ ကျော်ရှိပြီး၊ ယခုနှစ် အစောပိုင်းကထက် နှစ်ဆကျော် များပြား လာသည်။ ဇယ်လန်စကီး၏ ပြောကြားချက်အရ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ရုရှားသည် တိုက်ခိုက်ရေးဒရုန်း ၃,၂၇၀ ကျော်၊ လမ်းညွှန်မှုရှိသော လေကြောင်းဗုံး ၁,၃၇၀ ကျော်နှင့် အမျိုးမျိုးသော ဒုံးကျည် ၅၀ နီးပါးကို အသုံးပြုခဲ့သည်။

အဓိက တိုက်ပွဲဧရိယာများ

ခါကိဗ် (Kharkiv) ဒေသ ကူပီးယန့်စ် (Kupiansk) မြို့ သည် ယူကရိန်းတပ်ဖွဲ့များ ဖိအား ပေးခံနေရသည့် မြို့တစ်မြို့ဖြစ်ပြီး ရုရှားတပ်ဖွဲ့များသည် မြို့၏ မြောက်ဘက်နှင့် အရှေ့ဘက် သို့ တိုးမြှင့်လာကာ တစ်နှစ်ကျော်ကြာ ဝိုင်းရံထားခဲ့သည်။ ယူကရိန်းစစ်တပ်၏ အဆိုအရ ရုရှားတပ်ဖွဲ့ဝင် ၈၀ ခန့် မြို့အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ယူကရိန်း ကာကွယ်ရေး တပ်ဖွဲ့များက ရုရှားကျူးကျော်သူများကို ရှင်းလင်းရန် ကြိုးပမ်းနေကြောင်း သိရသည်။

ခါကိဗ် (Kharkiv) ဒေသ ဗော့ဗ်ချန့်စ် (Vovchansk) အနီး: နိုင်ငံတကာနယ်စပ်နှင့် နီးသော ဤဒေသတွင် ရုရှားတို့သည် အနီးရှိ ရွာတစ်ရွာကို သိမ်းပိုက်ရရှိကြောင်း ကြေညာခဲ့သည်။

ဒွန်း နက်စ် (Donetsk) ဒေသ ပိုကရော့ဗ်စ် (Pokrovsk) အနီး ဤဒေသတစ်ဝိုက်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ ယူကရိန်းစစ်တပ်ကမူ ပြီးခဲ့သည့် နှစ်လအတွင်း တန်ပြန်ထိုးစစ်များဖြင့် ပိုကရော့ဗ်စ်ဧရိယာ၌ ၇၀ စတုရန်းမိုင်ခန့် ပြန်လည် ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ အောင်မြင်မှုနှင့် အဖိုးအခ

နယ်မြေ ရရှိမှု။ ဟားဗတ်တက္ကသိုလ်၏ ဘဲလ်ဖာ(Belfer) စင်တာ၏ အဆိုအရ ရုရှားသည် ပြီးခဲ့သည့် လေးပတ်အတွင်း ၁၂၀ စတုရန်းမိုင်ခန့် နယ်မြေ ရရှိခဲ့သည်။

ယူကရိန်း စစ်ဦးစီးချုပ်၏ အမြင်။ ယူကရိန်းတပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် အိုလက်စ်စန်ဒါ ဆာစကီ (Oleksandr Syrskyi) ကမူ ရုရှားသည် “ မဟာဗျူဟာမြောက် စစ်ရေးဦးဆောင်မှု” မရှိသေးဘဲ ကြီးမားသော ဆုံးရှုံးမှုများဖြင့် ရှေ့တန်း၏ အချို့သော အပိုင်းများတွင်သာ အနည်းငယ် တိုးတက်မှုရရှိခဲ့သည်ဟု သောကြာနေ့တွင် အခိုင်အမာ ပြောကြားခဲ့သည်။

ကြီးမားသော ဆုံးရှုံးမှု။ အမေရိကန်အခြေစိုက် လေ့လာစူးစမ်းရေးအုပ်စု(Think Tank) တစ်ခု၏ ခန့်မှန်းချက်အရ ရုရှားစစ်သား ၂၅၀,၀၀၀ ခန့် သေဆုံး ခဲ့ပြီး စုစုပေါင်း ရုရှားတပ်ဖွဲ့ဝင် ၉၅၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ယူကရိန်းစစ်တပ်၏ အဆိုအရ သြဂုတ်လနှောင်းပိုင်းမှစ၍ ပိုကရော့ဗ်စ်ဧရိယာတွင် ရုရှားစစ်သား ၁၄,၀၀၀ နီးပါး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။

ရုရှား၏ စစ်သားစုဆောင်းရေးနှင့် ယူကရိန်း၏ မဟာဗျူဟာ

ရုရှား၏ စစ်သားစုဆောင်းရေး ပြောင်းလဲမှု။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သားစုဆောင်းရာတွင် ပေးလေ့ရှိသော ဆုကြေးငွေများ (sign-on bonuses) ကို လျှော့ချ နေသည်ဟု သိရသည်။ စစ်ပွဲ ဆက်လက်ဆင်နွှဲနိုင်ရန်အတွက် “ ရုရှား၏ စစ်ရေးအရံတပ်ဖွဲ့ ဝင်များ (active reserve) ကို လှည့်ပတ်ပြီး စတင် စည်းရုံးစုဆောင်းလာနိုင်သည်” ဟု ဝါရှင်တန်အခြေစိုက်စစ်ရေးလေ့လာမှုအင်စတီကျူ့ ၏ လေ့လာစူးစမ်းရေးအုပ်စု Institute for the Study of War think tank (ISW) က သုံးသပ်ခဲ့သည်။

ယူကရိန်း၏ မဟာဗျူဟာ။ ယူကရိန်းသည် ရုရှား၏ စွမ်းအင်အခြေခံ အဆောက်အအုံ များကို ပစ်မှတ်ထားသော အဝေးပစ်တိုက်ခိုက်မှုများ အပေါ်တွင် အာရုံစိုက်ကာ ရုရှားကို ဆွေးနွေးပွဲစားပွဲသို့ ရောက်ရှိစေရန် တွန်းအားပေးရန် မျှော်လင့်နေသည်။ စစ်ဦးစီးချုပ် ဆာစကီ၏ အဆိုအရ ယခုနှစ်အစမှစ၍ ရုရှား၏ လောင်စာနှင့် စွမ်းအင်ကဏ္ဍရှိ နေရာ ၄၅ ခုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး၊ ရုရှား၏ ရေနံချက်လုပ်နိုင်စွမ်း ငါးပုံတစ်ပုံ ခန့် ပျက်စီးခဲ့သည်ဟု ခန့်မှန်းရသည်။

သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ယူကရိန်းနှင့် ဆွေးနွေးမှုပြုလုပ်ရန် လက္ခဏာ တစ်စုံတစ်ရာ ပြသခြင်းမရှိသေးပေ။ ကျွမ်းကျင်သူတစ်ဦး၏ အဆိုအရ ရုရှား၏ ကျူးကျော်မှု စတင်ခဲ့ပြီး ရက်ပေါင်း ၁,၃၀၀ ကျော်လာသော်လည်း “ ယူကရိန်းသည် ရုရှား၏ စစ်အင်အားကို ဖျက်ဆီး၍မရနိုင်သလို၊ ရုရှားကလည်း ယူကရိန်းကို စစ်ရေးအရ အနိုင်ယူနိုင်ပုံ မပေါ်သေး” ဟု သုံးသပ်ထားပါသည်။

ယူကရိန်းစစ်သားများသည်၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၊ ဒွန်းနက်ခ်(Donetsk) ဒေသရှိ ရှေ့တန်းတပ်မြို့ ပေ့ါရိုဗက်ခ်(Pokrovsk) အနီးရှိ ရုရှားတပ်ဖွဲ့များဆီသို့ M114 မောင်းသူမဲ့ လေတွန်းဟောင်ဝစ်ဆာကို ပစ်ခတ်နေပုံ (ဓါတ်ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

နက်တန်ယာဟုက အစ္စရေးရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ထရမ့်နှင့် ဆက်ဆံရေးကို အားကိုးနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် ဒေါ်နယ်ထရမ့်နှင့် ဘင်ဂျမင်နက်တန်ယာဟုတို့၏ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုမှ ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP)
တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 32 Views
CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။
နိုင်ငံတကာသတင်း အီရန်

အီရန်အာဏာပိုင်များသည် နိုဘယ်လ်ဆုရှင် နာဂစ် မိုဟာမ္မဒီ (Narges Mohammadi) အပေါ် ‘အသက်အန္တရာယ်စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ’ ပြုလုပ်ခဲ့ကြောင်း နိုဘယ်လ်ကော်မတီ ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် ထောင်သွင်းအကျဉ်းချခံထားရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂစ် မိုဟာမ္မဒီသည် ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း အီရန်အာဏာပိုင်များ၏ ရိုက်နှက်ခြင်းနှင့် “အသက်အန္တရာယ် စိုးရိမ်ရသည့် နှိပ်စက်ညှင်းပန်းမှုများ” ကို ခံခဲ့ရကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက် တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း

အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအပေါ် နှုတ်ဆိတ်နေပြီး၊ မဲ ပြန်လည် ရေတွက် ရန် ဆန္ဒပြမှုများ တိုးလာချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
နေရှင်း ဘန်ကောက်သတင်းစာ- ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက် ထိုင်းယာယီဝန်ကြီးချုပ် အနုတင်က မဟာမိတ်အစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အတည်ပြု ပြီးသား ရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြသူများအပေါ် အင်အားသုံးဖြေရှင်းခြင်းမျိုး မပြုလုပ်ရန် တာဝန်ရှိသူများကို တိုက်တွန်းလိုက်သည်။
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက် သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 34 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်