နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက ဖီလီဘက်စတာကို အပြီးသတ်ဖျက်သိမ်းရန် ထရန့်ဖ်၏ တောင်းဆိုမှုကို ပယ်ချ

CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

သမ္မတ ဒေါ်နယ်လ် ထရန့်ဖ်က အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းနေသည်ကို အဆုံးသတ်ရန် အတွက် ဆီးနိတ်လွှတ်တော် ဖီလီဘက်စတာ(Filibuster) (ဥပဒေကြမ်းအပေါ် အချိန် ကြာမြင့်စွာ ငြင်းခုန်ခြင်း) ကို ဖျက်သိမ်းရန် တောင်းဆိုပြီး နာရီအနည်းငယ်အကြာတွင် ကွန်ဂရက်ရှိ ထိပ်တန်း ရီပတ်ဘလစ်ကန်နှစ်ဦးက ဥပဒေပြုရေး ဖီလီဘက်စတာကို အဆုံးသတ်ရန်အတွက် အစဉ်အလာမရှိသော လုပ်ဆောင်ချက်ကိုလုပ်ရန် စိတ်ဝင်စားမှု မရှိကြောင်း ပြသခဲ့သည်။

(ဘာသာပြန်သူရှင်းလင်းချက်- ဖီလီဘက်စတာ (Filibuster) ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော် အတွက် သီးသန့်ဖြစ်သော နိုင်ငံရေး လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ပါသည်။

အဓိပ္ပာယ်: ဥပဒေပြုလွှတ်တော်တစ်ခုတွင် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခြင်းကို ပိတ်ဆို့ရန်အတွက် နာရီပေါင်းများစွာ ကြာမြင့်သည့် စကားပြောခြင်းကဲ့သို့သော လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ နည်းပညာအရ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများကို ချိုးဖောက်ခြင်းမရှိဘဲ ဥပဒေကြမ်းတစ်ခု သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို မဲပေးခြင်းမှ တားဆီးရန် သို့မဟုတ် နှောင့်နှေးစေရန်လုပ်ဆောင်ခြင်းသည် ၎င်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်။

ဆီးနိတ်လွှတ်တော်တွင် အရေးပါပုံ။ လက်ရှိ အမေရိကန် ဆီးနိတ်လွှတ်တော်တွင် ဆီးနိတ်အမတ် ၄၀ ကျော် ဖြင့် ဖွဲ့စည်းထားသော ဒီမိုကရက်အမတ် လူနည်းစု တစ်စုသည် ၎င်းတို့ ကန့်ကွက်သည့် ဥပဒေကြမ်းတစ်ခုအား ဆက်လက်လုပ်ဆောင်ခြင်းမှ တားဆီး နိုင်သည့် စွမ်းအားကို ပေးထားသည်။ ဆွေးနွေးငြင်းခုံမှုကို အဆုံးသတ်ရန်အတွက် ဆီးနိတ်သည် ကလိုချာ (cloture) ခေါ်သော လုပ်ငန်းစဉ်ကို မဲပေးရမည်ဖြစ်ပြီး၊ ထိုအတွက် အမတ် ၆၀ ၏ အများစု သဘောတူညီမှု (supermajority) လိုအပ်ပါသည်။

ဖီလီဘက်စတာသည် လူနည်းစုအား ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အာရုံစိုက်စေရန်နှင့် နှစ်ဖက်သဘောတူညီမှု (compromise) ကို ရှာဖွေရန် တွန်းအားပေးသည့် ကိရိယာတစ်ခု အဖြစ် လုပ်ဆောင်သည်ဟု ယူဆကြသည်။)

ဆီးနိတ်အများစုခေါင်းဆောင် ဂျွန် သွန်း (John Thune) က ၃၁ ရက်ကြာ ရပ်တန့်နေသည့် အခြေအနေကို အဆုံးသတ်ရန်အတွက် ဆီးနိတ်စည်းကမ်းများကို ပြောင်းလဲမည် မဟုတ် ကြောင်း အိမ်ဖြူတော်သို့ အတိအလင်း အချက်ပြလိုက်ခြင်း ဖြစ်နိုင်ပါသည်။ ၎င်း၏ ပြောရေး ဆိုခွင့်ရှိသူက ရီပတ်ဘလစ်ကန် ခေါင်းဆောင်သည် သူ၏ အမြင်ကို မပြောင်းလဲကြောင်း ပြောကြားခဲ့သည်။

“ခေါင်းဆောင် သွန်းရဲ့ ဥပဒေပြုရေး ဖီလီဘက်စတာရဲ့ အရေးပါမှုအပေါ် သဘောထားက မပြောင်းလဲပါဘူး” ဟု သွန်း၏ ပြောရေးဆိုခွင့်ရှိသူ ရိုင်ယန် ဝရက်စ် (Ryan Wrasse) က CNN သို့ ပြောကြားခဲ့ပြီး သွန်းနှင့် ဆီးနိတ်ခေါင်းဆောင်ပိုင်းရှိ အခြားသူများစွာ၏ ရေရှည် အမြင်ကို ထပ်လောင်းပြောဆိုခဲ့သည်။

အများအားဖြင့် ထရန့်ဖ်နှင့် အများသူငါရှေ့တွင် ဆန့်ကျင်လေ့မရှိသော အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် (Mike Johnson) ကပင် ဖီလီဘက်စတာကို ဆက်လက်ထိန်းသိမ်းထားရန် သတိပေးချက်တစ်ခု ပေးခဲ့သည်။

“ဖီလီဘက်စတာကို အစဉ်အလာအရ အလွန်အရေးကြီးတဲ့ အကာအကွယ် အဖြစ် အသုံးပြု ခဲ့ပါတယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။ ၎င်းသည် ဆီးနိတ်လွှတ်တော် တစ်ခုတည်းနှင့် သာ သက်ဆိုင်သည့် ကိစ္စဖြစ်သောကြောင့် ၎င်း၏ ကိုယ်ပိုင်ထင်မြင်ချက်သည် “မသက်ဆိုင်ပါ” ဟု ၎င်းက မှတ်ချက်ချခဲ့သည်။ သို့သော် ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌက နောက်တစ်ကြိမ် ဒီမိုကရက်များက အထက်လွှတ်တော်ကို ထိန်းချုပ်သည့်အခါ အစွန်းရောက်သော အစီအမံများ ကို ပြဋ္ဌာန်းရန် ၎င်းလှုပ်ရှားမှုကို အသုံးပြုလိမ့်မည်ဟု သတိပေးခဲ့သည်။

“သူတို့က တရားရုံးချုပ်ကို ထိန်းချုပ်ဖို့ ကြိုးစားမယ်၊ ပွာတိုရီကိုနဲ့ ဒီစီကို ပြည်နယ်အဆင့် အတန်းပေးမယ်။ သူတို့က သေနတ်တွေကို ပိတ်ပင်မယ်။ သူတို့က နိုင်ငံအတွက် အလွန် အန္တရာယ်ရှိတဲ့ ကိစ္စမျိုးစုံကို လုပ်ဆောင်ကြလိမ့်မယ်” ဟု ဂျွန်ဆင်က ပြောကြားခဲ့ပြီး ဖီလီဘက်စတာနှင့်ပတ်သက်၍ ထရန့်ဖ်၏ ညနှောင်းပိုင်း Truth Social ပို့စ်သည် “ဤအခြေအနေအပေါ် သမ္မတ၏ ဒေါသကို ဖော်ပြခြင်း” သာဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ကွန်ဂရက်ရှိ ရီပတ်ဘလစ်ကန်များနှင့် အိမ်ဖြူတော်အကြား ရှားရှားပါးပါး ကွဲပြားမှု သည် မကြာသေးမီရက်များအတွင်း ဝါရှင်တန်တွင် အခြေအနေ ပိုမိုတင်းမာလာပြီး နိုင်ငံတစ်ဝန်း အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု၏ ဆိုးကျိုးများ ပိုမိုနက်ရှိုင်းလာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖီလီဘက်စတာနှင့်ပတ်သက်၍ ထရန့်ဖ်၏ အကြံပြုချက်ကို ရီပတ်ဘလစ်ကန် ခေါင်းဆောင်များက လျင်မြန်စွာ ပယ်ချလိုက်ခြင်း သည် ကက်ပီတောလ်တောင်ကုန်းပေါ်ရှိ ရှင်းလင်းသော နိုင်ငံရေး အခြေအနေကို ထင်ဟပ်စေသည်။ ယင်းမှာ ဆီးနိတ် ရီပတ်ဘလစ်ကန် အဖွဲ့အတွင်း ထိုသို့သော လှုပ်ရှားမှုအတွက် ထောက်ခံမှု နည်းပါးခြင်း ဖြစ်သည်။

ဖီလီဘက်စတာ စည်းကမ်းသည် ဆီးနိတ်အတွက်သာ ထူးခြားပြီး အနည်းဆုံး ဆီးနိတ် လွှတ်တော်အမတ် ၄၁ ဦးက ကန့်ကွက်နေသရွေ့ မဲခွဲဆုံးဖြတ်ရန် ဥပဒေကြမ်းတစ်ခုကို တင်သွင်းခြင်းမှ ပိတ်ဆို့ရန် လူနည်းစုကို အခွင့်အာဏာ ပေးသည်။ ပါတီတစ်ခုက ၆၀ နေရာထက် ပို၍ အနိုင်ရခဲသောကြောင့် ဖီလီဘက်စတာသည် အလျှော့အတင်းလုပ်ရန် အားပေး ပြီး အကြီးစား ပါတီစွဲ ပြုပြင်ပြောင်းလဲမှုများကို ပြဋ္ဌာန်းရန် ပိုမိုခက်ခဲစေသည်ဟု ထောက်ခံသူများက ပြောကြားခဲ့ကြသည်။

နျူကလီးယား ရွေးချယ်မှု (nuclear option) ဟုခေါ်သော အဆိုပါ ခြေလှမ်းကို လှမ်းရန်အတွက် အများစု သဘောတူညီမှု နီးပါး လိုအပ်မည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဒီမိုကရက်များအားလုံးက ဆန့်ကျင်ပါက သွန်းနှင့် ဆီးနိတ် ရီပတ်ဘလစ်ကန် ခေါင်းဆောင်များသည် ၎င်းတို့၏ ပါတီမှ သုံးမဲသာ ရှုံးနိမ့်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် ထိုသို့လုပ်ဆောင်ခြင်းကို ဆန့်ကျင်နေသော ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် အရေအတွက်သည် ထိုထက် များစွာ ပိုမိုနေပြီး အနည်းဆုံး ရီပတ်ဘလစ်ကန် တစ်ဒါဇင်ခန့် က ဆန့်ကျင်ကြောင်း မှတ်တမ်းတင်ထားသည်။

သို့တိုင်၊ “နျူကလီးယား ရွေးချယ်မှု” ကို အသုံးပြုခြင်းသည် ဆီးနိတ်၏ ဖီလီဘက်စတာကို လုံးဝ အဆုံးသတ်မည်မဟုတ်ပါ။ ယင်းအစား၊ ငြင်းခုံမှု အဆုံးသတ်ရန်အတွက် ၆၀ မဲ သတ်မှတ်ချက်ကို ဖယ်ရှားပြီး ၅၁ မဲ လိုအပ်မည်ဖြစ်သည်။

ထိုဥပဒေပြုအမတ်များထဲမှ တစ်ဦးဖြစ်သည့် ယူတားပြည်နယ်မှ ပထမသက်တမ်း ဆီးနိတ်အမတ် ဂျွန် ကာတစ်စ် (John Curtis) က ထရန့်ဖ်၏ တိုက်တွန်းမှုကြားမှ သူက ဆက်လက် ဆန့်ကျင်နေကြောင်း သောကြာနေ့နံနက်ပိုင်းတွင် ရှင်းလင်းစွာ ပြောကြားခဲ့သည်။

“ဖီလီဘက်စတာက ဆီးနိတ်လွှတ်တော်မှာ ဘုံသဘောထား ကို ရှာဖွေဖို့ ကျွန်တော်တို့ကို တွန်းအားပေးပါတယ်။ အာဏာက လက်ပြောင်းနိုင်ပေမယ့် အခြေခံမူတွေက မပြောင်းသင့် ပါဘူး။ ဒါကို ဖျက်သိမ်းဖို့အတွက်လုပ်ဆောင်မှုကို ကျွန်တော်က ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်” ဟု ကာတစ်စ်က X တွင် ရေးသားခဲ့သည်။

အခြား ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ်များစွာကလည်း ထိုသဘောထားကို ထပ်ဆင့်ပြောဆို ခဲ့ကြပြီး ယင်းသည် မည်သည့် စည်းကမ်းပြောင်းလဲမှုကိုမဆို အကောင်အထည်ဖော်ရန် အတွက် ထရန့်ဖ်သည် ၎င်း၏ ကိုယ်ပိုင်ပါတီနှင့်အတူ ပြင်းထန်သော စစ်ပွဲ ကို ရင်ဆိုင်ရနိုင် ကြောင်း အချက်ပြနေသည်။

ရီပတ်ဘလစ်ကန် ဆီးနိတ်အမတ် ရော်ဂျာ မာရှယ် (Roger Marshall) က ယခုလ အစောပိုင်း တွင် အဆိုပါ အကြံကို “အစမပြုနိုင်သော အရာ” (non-starter) ဟု ခေါ်ဆိုခဲ့ပြီး “သမ္မတနိုင်ငံ သည် လူနည်းစု၏ အခွင့်အရေး များကို ကာကွယ်ပေးသည်။ မဟုတ်ပါက သင်သည် စစ်တမ်း တစ်ခုယူရုံဖြင့် သင်္ဘောသွားနေသည့် ဦးတည်ရာကို ပြောင်းလဲပစ်မည်။ ထို့ကြောင့် ထိုဖီလီဘက်စတာသည် လူနည်းစုကို ကာကွယ်ပေးရာတွင် အထောက်အကူပြုပြီး ၎င်းသည် ကျွန်ုပ်တို့နိုင်ငံအတွက် ကောင်းမွန်စွာ အကျိုးပြုသည်ဟု ကျွန်တော် ထင်ပါသည်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ယခုလ အစောပိုင်းတွင် သွန်းကိုယ်တိုင် က ဆီးနိတ်စည်းကမ်းများကို ပြောင်းလဲပြီး အစိုးရ လုပ်ငန်း ရပ်ဆိုင်းမှုကို အဆုံးသတ်ရန် ငြင်းပယ်ခဲ့ပြီး ဖီလီဘက်စတာကို “နိုင်ငံနှင့်ပတ်သက်၍ အလွန်ဆိုးရွားသော ကိစ္စများစွာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးသည့် ခံတပ် တစ်ခု” ဟု ခေါ်ဆိုခဲ့သည်။ ထိုအချိန်က သွန်းက ၎င်းကို အဆုံးသတ်ရန်အတွက် အိမ်ဖြူတော်မှ ဖိအားပေးမှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ခေါင်းဆောင်၏ ဆန့်ကျင်မှုကို ပြန်လည်အတည်ပြုသည့် ၎င်း၏ အဖွဲ့၏ သောကြာနေ့ ထုတ်ပြန်ချက်သည် ဆီးနိတ် ရီပတ်ဘလစ်ကန် အရာရှိတစ်ဦး၏ အဆိုအရ ဆီးနိတ် ရီပတ်ဘလစ်ကန်အချို့ကို သက်ပြင်းချစေခဲ့သည်။

“သေချာပါတယ်၊ ဒါက ကျွန်တော်တို့ကို အကာအကွယ်ပေးပါတယ်” ဟု ရီပတ်ဘလစ်ကန် အရာရှိတစ်ဦးက CNN သို့ ပြောကြားခဲ့သည်။ “ဖီလီဘက်စတာကို ဖျက်သိမ်းချင်တဲ့သူက ဒီအဖွဲ့ထဲမှာ နှစ်ယောက်လောက်ပဲ ရှိနိုင်ပါတယ်၊ တခြားသူတွေကတော့ လုံးဝမလိုလားကြပါဘူး။”

(ပုံ)အထက်လွှတ်တော်ဥက္ကဌ ဂျွန်သွန်း ကိုကက်ပီတယ်ဟေးတွင် သတင်းထောက်များ မေးမြန်းနေစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 16 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို