နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်ချေးငွေကို အများဆုံး လက်ခံရရှိသူမှာ အမေရိကန်ဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ဖော်

CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက်

ပေကျင်း – ဝါရှင်တန်သည် နိုင်ငံများအား တရုတ်ချေးငွေများ လက်ခံခြင်း၏ အန္တရာယ်များ အကြောင်း နှစ်ပေါင်းများစွာ သတိပေးခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော နှစ် ၂၀ အတွင်း ကမ္ဘာပေါ်တွင် အကြီးဆုံး ချေးငွေရရှိသူမှာ အမေရိကန် ဖြစ်နေကြောင်း ပညာရှင်များ၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

ဗာဂျီးနီးယားရှိ William & Mary တက္ကသိုလ်မှ သုတေသနဌာနတစ်ခုဖြစ်သော AidData ၏ အစီရင်ခံစာအသစ်က ထိုသို့တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ပေးအပ်ခဲ့သော တရုတ်နိုင်ငံ၏ ပြည်ပချေးငွေဆိုင်ရာ အချက်အလက်များ၏ အကျယ်ပြန့်ဆုံး ဒေတာဘေ့စ်ကို ပြုစုခဲ့သည်။

တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ၎င်းတွေ့ရှိချက်များအရ တရုတ်အစိုးရ သို့မဟုတ် အများစု အစိုးရပိုင် အဖွဲ့အစည်းများသည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဒေါ်လာ ၂.၂ ထရီလီယံတန်ဖိုးရှိ အကူအညီနှင့် ချေးငွေများ ကို ထုတ်ချေး ခဲ့ကြောင်း ဖော်ပြသည်။

ချေးငွေရရှိသူများစာရင်း၏ ထိပ်ဆုံးတွင် အမေရိကန် က ရှိနေသည်—ဤတွေ့ရှိချက်သည် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော “ ရပ်ဝန်းနှင့်လမ်းမ ပဏာမခြေလှမ်း (Belt and Road Initiative)” အောက်မှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့သာ အဓိက စီးဝင်သည်ဟူသော အများ အားဖြင့် ယူဆထားသော အယူအဆနှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။

ချေးငွေများ၏ လမ်းကြောင်းနှင့် မဟာဗျူဟာမြောက် အသုံးပြုမှု

AidData ၏ တွေ့ရှိချက်အရ တရုတ်နိုင်ငံ၏ ပြည်ပချေးငွေ လုပ်ငန်းများ၏ လေးပုံသုံးပုံ ကျော် သည် ယခုအခါ ဝင်ငွေအလယ်အလတ်အဆင့်နှင့် ဝင်ငွေမြင့်မားသော နိုင်ငံများ ရှိ စီမံကိန်းများနှင့် လုပ်ဆောင်မှုများကို ထောက်ပံ့ပေးနေပြီး၊ ယင်းချေးငွေများကို အရေးကြီး သော အခြေခံအဆောက်အအုံများ၊ အရေးကြီးသော သတ္တုဓာတ်များ နှင့် တရုတ်၏ အမျိုးသားလုံခြုံရေး ပန်းတိုင်များအတွက် အရေးကြီးသော နည်းပညာမြင့် ပိုင်ဆိုင်မှုများ ရယူခြင်း တို့တွင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

AidData ၏ အမှုဆောင်ဒါရိုက်တာ ဘရက်ဒလေ ပါ့ခ်စ် (Bradley Parks) က CNN သို့ ပြောကြားရာတွင်- “အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များဖြစ်သော ချမ်းသာသော၊ စက်မှုထွန်းကားသော ကမ္ဘာ့နိုင်ငံများက တရုတ်အစိုးရပိုင် ငွေချေးသူများကို ၎င်းတို့၏ စီရင်ပိုင်ခွင့်အတွင်းရှိ အရေးကြီးသော အခြေခံအဆောက်အအုံ ပိုင်ဆိုင်မှုများ ကို ငွေကြေးထောက်ပံ့ရန် ခွင့်ပြုထားပါတယ်။ ၎င်းတို့၏ စီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်းရှိ အရေးကြီးသော သတ္တုဓာတ်များ ကို ရယူရန်အတွက် ငွေကြေးထောက်ပံ့ရန် ခွင့်ပြုထားပါတယ်။ ၎င်းတို့၏ နည်းပညာဆိုင်ရာ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများ ကို ဝယ်ယူရန်အတွက် တရုတ်ကုမ္ပဏီများအား ချေးငွေများ အသုံးပြုခွင့် ပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန်နှင့် အခြား ဝင်ငွေမြင့် နိုင်ငံများသို့ ချေးငွေများ

AidData ၏ နောက်ဆုံးတွေ့ရှိချက်များအရ တရုတ်အစိုးရကဏ္ဍ၏ ငွေကြေးထောက်ပံ့မှုကို အများဆုံး ရရှိခဲ့သော အမေရိကန်သည် နိုင်ငံအတွင်းရှိ ပြည်နယ်တိုင်းလိုလိုတွင် တွေ့ရှိနိုင် သော စီမံကိန်းပေါင်း ၂,၅၀၀ နီးပါးအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် လက်ခံရရှိခဲ့သည်။

ထိုချေးငွေ၏ တစ်ဝက်ကျော် သည် ကော်ပိုရေးရှင်းများသို့ ငွေဖြစ်လွယ်မှု ထောက်ပံ့ခြင်း ပုံစံဖြစ်ပြီး၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများစွာပါဝင်သည့် စုပေါင်းအဖွဲ့တစ်ရပ်အဖြစ် တရုတ်ငွေချေးသူများသည် ငွေသားလိုအပ်နေသော အဓိကကုမ္ပဏီများအတွက် ငွေကြေးလိုင်း (credit line) အဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

သို့သော်လည်း သုတေသီများ၏ တွေ့ရှိချက်အရ တရုတ်အစိုးရပိုင် အဖွဲ့အစည်းများသည် ၂၀၀၀ ပြည့်နှစ်မှစ၍ အမေရိကန် နည်းပညာမြင့် ကုမ္ပဏီများ ဝယ်ယူမှု ကို ငွေကြေး ထောက်ပံ့ခဲ့ပြီး LNG စီမံကိန်းများ၊ စွမ်းအင်ပိုက်လိုင်းများ၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများ နှင့် လေဆိပ်ဂိတ်များ အပါအဝင် အခြေခံအဆောက်အအုံများကိုပါ ငွေကြေးထောက်ပံ့ ခဲ့သည်။

တရုတ်၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်များနှင့် စိုးရိမ်မှုများ

AidData သုတေသီများက “တရုတ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော် ချေးငွေဆိုင်ရာ လုပ်ဆောင်မှု များနှင့် အမျိုးသားလုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ နိုင်ငံတော် စီမံခန့်ခွဲမှု တို့ပါဝင်သော ပါတီ-နိုင်ငံ၏ မူဝါဒ ဦးစားပေးလုပ်ငန်းများကြားတွင် တိုးပွားလာသော ချိန်ညှိမှု ” ကို တွေ့ရှိခဲ့ကြ သည်။

အထူးသဖြင့် “ Made In China 2025” ပဏာမခြေလှမ်းသည် ပြည်ပသို့ ချေးငွေပေးအပ် ရာတွင် ဦးစားပေးမှုများ ပြောင်းလဲခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ ဤအစိုးရ အစီအစဥ်သည် စက်ရုပ်နှင့် အလိုအလျောက်စနစ်၊ အာကာသနှင့် ကွန်ပျူတာစနစ်များ အပါအဝင် အဆင့်မြင့် နည်းပညာများတွင် တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် ရည်ရွယ်ခဲ့သည်။

တရုတ်အစိုးရပိုင် ငွေချေးသူများသည် ကမ္ဘာတစ်ဝန်းရှိ နည်းပညာမြင့် ကုန်ပစ္စည်းများ အတွက် လိုအပ်သော အရေးကြီးသော သတ္တုဓာတ်များ ကို ရယူရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ပြည်ပ အရေးကြီး သော သတ္တုဓာတ် စစ်ဆင်ရေးများအတွက် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ ချေးငွေ ကတိကဝတ် ၁၀၀ ကျော် ကို အတည်ပြုခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အထောက်အပံ့ လျော့ကျခြင်း

ပေကျင်းသည် မဟာဗျူဟာမြောက် ကဏ္ဍများနှင့် ၎င်း၏ဘဏ်များက အနောက်တိုင်း ကုမ္ပဏီများ၏ ငွေချေးသူများ ဖြစ်လာသည်နှင့်အမျှ ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ် အဆင့်ရှိ နိုင်ငံများကို ထောက်ပံ့သည့် ပြည်ပချေးငွေနှင့် ထောက်ပံ့ငွေများ၏ အချိုးအစား သည်လည်း ကျဆင်း သွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် ထိုလုပ်ဆောင်မှုများ၏ ၈၈% ခန့်ရှိခဲ့ရာမှ ယခုအခါ ၂၄% သာ ရှိတော့ကြောင်း တွေ့ရှိရသည်။

အမေရိကန်၏ တုံ့ပြန်မှု

ဝါရှင်တန်သည် ပြီးခဲ့သည့် ဆယ်စုနှစ်ခန့်တွင် တရုတ်သည် ချေးငွေများ ပြဿနာကြုံလာပါက အခြားနိုင်ငံ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည့် အကြမ်းဖက် ချေးငွေပေးသူ ဖြစ်သည်ဟု သတိပေးခဲ့သည်။

သို့သော်လည်း ယခုအခါ AidData ၏တွေ့ရှိချက်အရ G7 ရှိ တရုတ်၏ ပြိုင်ဘက်များ သည် ပြည်ပ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ဘတ်ဂျက်များကို ဖြတ်တောက်ခြင်း၊ နိုင်ငံခြား အကူအညီပေးရေး အေဂျင်စီများကို ဖျက်သိမ်းခြင်း၊ အလျှော့အတင်းမရှိသော အခြေအနေများဖြင့် နိုင်ငံဖြတ်ကျော် ချေးငွေများ တိုးမြှင့်ခြင်းနှင့် ပြည်ပရှိ အရေးကြီးသော အခြေခံအဆောက်အအုံ ပိုင်ဆိုင်မှုများတွင် ရှယ်ယာများ ရယူခြင်းစသည့် တစ်ချိန်က မစဥ်းစားနိုင်သော အဓိက ပြုပြင်ပြောင်းလဲမှုများ ဖြင့် တုံ့ပြန်နေကြသည်။

“သိပ်မကြာသေးခင်ကမှ ပေကျင်းရဲ့ နိုင်ငံတကာ ချေးငွေပေးအပ်မှုနဲ့ အထောက်အပံ့ ပေးအပ်မှုလုပ်ဆောင်မှုတွေဟာ G7 မှ မူဝါဒချမှတ် သူများအတွက် လှုံ့ဆော်မှု ဒါမှမဟုတ် အတုယူစရာ အရင်းအမြစ်တစ်ခု မဟုတ်ဘဲ ပြက်ရယ်ပြုစရာ ဖြစ်ခဲ့ပါတယ်…၊ အခုဆိုရင် အရာအားလုံးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါပြီ—အခုတော့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ တရုတ်နဲ့ သူ့ရဲ့ လုပ်နည်းလုပ်ဟန်များအတိုင်းလိုက်ပါလုပ်ဆောင်ပြီး ယှဥ်ပြိုင်ဖို့ အမှန်တကယ် အာရုံစိုက်နေကြပါတယ်” ဟု ပါ့ခ်စ်က ပြောကြားခဲ့သည်။

တရုတ်ဗဟိုဘဏ်ကြီးရှေ့မှလူတယောက်ဖြတ်လျှောက်သွားနေပုံ (ဓါတ်ပုံ)

ပါကစ္စတန်နိုင်ငံ၏ ဂွါဒါ (Gwadar) ဆိပ်ကမ်းကို ၂၀၂၃ ခုနှစ်တွင် ဤနေရာ၌ မြင်တွေ့ရပြီး ၎င်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းမ ပဏာမခြေလှမ်း (Belt and Road Initiative) အောက်ရှိ အခြေခံအဆောက်အအုံ ငွေကြေးထောက်ပံ့မှု စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။(Tang Binhui/Xinhua/SIPA ၏ ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 16 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို