နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးရဲများသည် အရှေ့ဂျေရုဆလင်ရှိ UNRWA ဝန်းအတွင်း ဝင်ရောက်စီးနင်းပြီး ကုလသမဂ္ဂအလံကို အစ္စရေးအလံဖြင့် အစားထိုးခဲ့ကြောင်း အေဂျင်စီအကြီးအကဲက ပြောကြား

CNN – ဒီဇင်ဘာ ၁၀၊ ၂၀၂၅

ဂျေရုဆလင် —

အစ္စရေးအာဏာပိုင်များသည် တနင်္လာနေ့တွင် သိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ၏ ဝန်းအတွင်းသို့ ဝင်ရောက်စီးနင်းပြီး ကုလသမဂ္ဂအလံကို ဖြုတ်ချကာ အစ္စရေးအလံကို လွှင့်ထူခဲ့ကြောင်း UNRWA အကြီးအကဲ ဖိလစ် လာဇာရီနီ (Philippe Lazzarini) က X တွင် ရေးသားခဲ့သည်။

လာဇာရီနီက ဂျေရုဆလင် မြူနီစပယ် အရာရှိများနှင့်အတူ ပါဝင်လာသည့် အစ္စရေးရဲများသည် UNRWA ဝန်းအတွင်းသို့ “ထရပ်ကားများနှင့် ဖော့ခ်လစ်ဖ်များ” ကို ယူဆောင်လာကာ အင်အားသုံးပြီး” ဝင်ရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဆက်သွယ်ရေးအားလုံးကို ဖြတ်တောက်ခဲ့တယ်။ ပရိဘောဂတွေ၊ သတင်းအချက် အလက်နည်းပညာ (IT) ပစ္စည်းတွေနဲ့ တခြားပိုင်ဆိုင်မှုတွေကို သိမ်းဆည်းသွားတယ်” ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

အစ္စရေးရဲတပ်ဖွဲ့က CNN သို့ ထုတ်ပြန်ချက်တွင် ထိုလုပ်ငန်းသည် “ကြွေးမြီစုဆောင်းရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျေရုဆလင် မြူနီစပယ်မှ လုပ်ဆောင်ခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် “မြူနီစပယ်၏ ဝန်ထမ်းများကို လုံခြုံရေးပေးရန်” ရှိနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျေရုဆလင် မြူနီစပယ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် ၎င်းသည် “ပိုင်ဆိုင်မှုခွန် မပေးဆောင်သူများနှင့် ထပ်တလဲလဲ သတိပေးချက်များကို လျစ်လျူရှုသူများအပေါ် ပုံမှန် လုပ်ထုံးလုပ်နည်းဖြစ်သည်” ဟု ဆိုသည်။

“ဒီလုပ်ရပ်ဟာ ကြာမြင့်စွာ ပေးဆောင်ခြင်းမရှိသေးတဲ့ စုစုပေါင်း ရှယ်ကယ် ၁၁ သန်း (ဒေါ်လာ ၃.၄ သန်း) ခန့်ရှိတဲ့ ပိုင်ဆိုင်မှုခွန် ကြွေးမြီနဲ့ ပတ်သက်တဲ့ သတိပေးချက်တွေနဲ့ ကနဦး အစီအမံများ ဆက်တိုက်လုပ်ဆောင်ပြီးနောက်မှာ လုပ်ဆောင်ခဲ့တာပါ” ဟု ပြောရေးဆိုခွင့် ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ် (Stéphane Dujarric) က တနင်္လာနေ့တွင် ၎င်း၏ နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ အခွန်မဆောင်ရသေးဟုဆိုသည့် ပြောဆိုချက်ကို ပယ်ချခဲ့သည်။ “ဒါဟာ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးကို အုပ်ချုပ်တဲ့ အထွေထွေသဘောတူစာချုပ်တွေအရ အကျုံးဝင်ခြင်းမရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (António Guterres) က အစ္စရေးအာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှု” ကို ရှုတ်ချခဲ့သည်။ ဂူတာရက်စ်က ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အခြား နိုင်ငံတကာဥပဒေများအရ အစ္စရေး၏ တာဝန်များကို ကိုးကား၍ “ဤဝန်းသည် ကုလသမဂ္ဂပိုင် မြေနေရာအဖြစ် ဆက်လက်တည်ရှိနေပြီး၊ မည်သည့် ပုံစံမျိုးဖြင့်မဆို ဝင်ရောက်စွက်ဖက်ခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး ကျူးကျော်မရပါ” ဟု ပြောကြားခဲ့သည်။

အစ္စရေးသည် UNRWA နှင့် ကာလကြာရှည်စွာ ပြဿနာများရှိခဲ့ပြီး၊ ၎င်းအေဂျင်စီက ဟားမတ်စ်အား ကူညီနေသည်ဟု စွပ်စွဲကာ လုံးဝဖျက်သိမ်းရန် တောင်းဆိုခဲ့သော်လည်း အေဂျင်စီက ထိုစွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

ထိုတနင်္လာနေ့ အစောပိုင်းတွင် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ ရှို့ရှ် ဘက်ဒရိုစီယန် (Shosh Bedrosian) က စီးနင်းမှုနှင့် ပတ်သက်သည့် မေးခွန်းတစ်ခုကို တုံ့ပြန်ရာ၌ “UNRWA က ၎င်း၏ ကြီးမားသော ပျက်ကွက်မှုများကို သက်သေပြခဲ့ပြီး၊ ၎င်းကို ဖျက်သိမ်းရန် အချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။

အစ္စရေးခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တွင် ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ခြင်းမတိုင်မီကတည်းက UNRWA ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး၊ ဂါဇာနှင့် အခြားနေရာများတွင် ထိုအဖွဲ့အစည်း၏ အခန်းကဏ္ဍနှင့် ပါလက်စတိုင်း များထဲမှ မည်သူများသည် ဒုက္ခသည်အဆင့်အတန်းအတွက် အရည်အချင်းပြည့်မီသည် ဟူသော ၎င်း၏ သတ်မှတ်ချက်ကို ဝေဖန်ခဲ့သည်။

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် အစ္စရေးပါလီမန်သည် UNRWA အား အစ္စရေးတွင် လည်ပတ်ခွင့် ကို တားမြစ်ရန်နှင့် အစ္စရေးအရာရှိများအား ထိုအေဂျင်စီနှင့် ဆက်သွယ်မှုကို တားမြစ်ရန် ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။

ပါလက်စတိုင်း သန်းပေါင်းများစွာအတွက် UNRWA သည် အပြိုင်အစိုးရတစ်ရပ်အဖြစ် လုပ်ဆောင်နေသည်။ ၎င်းသည် ကျောင်းသား ငါးသိန်းကို ပညာသင်ကြားပေးနေပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ ၃,၀၀၀ ကို အလုပ်ပေးထားကာ လူဦးရေ ၂ သန်းနီးပါးကို အစာကျွေးရန် ကူညီပေးနေသည်။

အစ္စရေးစစ်တပ်သည် ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့တွင် အရှေ့ဂျေရုဆလင်ရှိ UNRWA စင်တာတွင် စီးနင်းဝင်ရောက်ပြီး ကုလသမဂ္ဂအလံကို အစ္စရေးအလံဖြင့် အစားထိုးခဲ့သည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 56 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 45 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို