နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

အားကစား

အားကစား ဥရောပ

တစ်ဂိုးမှ မသွင်းနိုင်ဘဲ အိမ်ကွင်းအန်ဖီးလ်မှာ လီဗာပူးအနိုင်ရ

သောကြာနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ မှာ လီဗာပူးအသင်းက အိမ်ကွင်းမှာ လက်စတာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာအသင်းကို တစ်ဂိုးမှ မသွင်းနိုင်ခဲဘဲ လက်စတာအသင်းရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းတဲ့ ဂိုးတွေကြောင့်သာ အနိုင်ရ ခဲ့တာပါ။


လီဗာပူးအသင်းဟာ လက်စတာအသင်းကို ရင်ဆိုင်ဖို့အတွက် ဒါဝင်နူနက်၊ ဆာလက်တို့နဲ့အတူ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ချင်ဘာလိန်ကို တိုက်စစ်မှာ ထုတ်သုံးခဲ့ပြီး အဲလ်ကန်တာယာ၊ အီးလီးယော့၊ ဟန်ဒါဆန်တို့နဲ့ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။ လက်စတာအသင်းကတော့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာတင် ဒူဘယ်ရီက ဒါကာရဲ့ဖန်တီးပေးမှုကနေ ဦးဆောင်ဂိုး စသွင်းယူနိုင်ခဲ့ပါတယ်။


စောစောစီးစီး ဦးဆောင်ဂိုးပေးလိုက်ရတဲ့ လီဗာပူးအသင်းဟာ တိုက်စစ်ကိုမြှင့်ကစားခဲ့ပေမယ့် လက်စတာအသင်း ဂိုးပေါက်ရှေ့မှာ အခွင့်အရေးဖန်တီးနိုင်မှုအားနည်းခဲ့သလို ဘယ်တောင်ပံက ချင်ဘာလိန် ခြေစွမ်းပျောက်ဆုံးနေခဲ့လို့ တိုက်စစ်က ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် ကွင်းလယ်မှာ ဘောလုံးဆုံးရှုံးမှု များနေတာကြောင့် လက်စတာအသင်းကတောင် ဂိုးပေါက်ခြိမ်းခြောက်ခွင့် ပိုရခဲ့တာပါ။


ပွဲချိန် ၃၇ မိနစ်မှာတော့ လီဗာပူးညာနောက်ခံလူ အာနိုးရဲ့ ဖြတ်တင်ဘောကို လက်စတာနောက်ခံလူ ဝေါက်ဖက်စ် ဖြတ်ထုတ်ကာကွယ်ရင်း လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားခဲ့လို့ လီဗာပူးအသင်း ချေပဂိုးပြန်ရခဲ့တာပါ။ ဒါ့အပြင် ပွဲချိန် ၄၄ မိနစ်မှာလည်း လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်စ်ရဲ့ ကန်ချက် ဂိုးတိုင်ထိ ထွက်လာခဲ့ပေမယ့် နောက်ခံလူ ဝေါက်ဖက်စ်နဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ လီဗာပူးအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့တာပါ။ အဲဒီ OG ဂိုး ၂ ဂိုးကြောင့် လက်စတာနောက်ခံလူ ဝေါက်ဖက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ တစ်ပွဲတည်း OG ဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။


ဒုတိယပိုင်းမှာလည်း လက်စတာအသင်းနဲ့ လီဗာပူးအသင်းတို့ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ကြပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြလို့ ပွဲအပြီးမှာ လီဗာပူးအသင်းကပဲ ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 57 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 109 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 135 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 237 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 214 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.55K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊