နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

အားကစား

အားကစား ဥရောပ

တစ်ဂိုးမှ မသွင်းနိုင်ဘဲ အိမ်ကွင်းအန်ဖီးလ်မှာ လီဗာပူးအနိုင်ရ

သောကြာနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ မှာ လီဗာပူးအသင်းက အိမ်ကွင်းမှာ လက်စတာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်စတာအသင်းကို တစ်ဂိုးမှ မသွင်းနိုင်ခဲဘဲ လက်စတာအသင်းရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းတဲ့ ဂိုးတွေကြောင့်သာ အနိုင်ရ ခဲ့တာပါ။


လီဗာပူးအသင်းဟာ လက်စတာအသင်းကို ရင်ဆိုင်ဖို့အတွက် ဒါဝင်နူနက်၊ ဆာလက်တို့နဲ့အတူ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ချင်ဘာလိန်ကို တိုက်စစ်မှာ ထုတ်သုံးခဲ့ပြီး အဲလ်ကန်တာယာ၊ အီးလီးယော့၊ ဟန်ဒါဆန်တို့နဲ့ ပွဲထွက်ရင်ဆိုင်ခဲ့တာပါ။ လက်စတာအသင်းကတော့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာတင် ဒူဘယ်ရီက ဒါကာရဲ့ဖန်တီးပေးမှုကနေ ဦးဆောင်ဂိုး စသွင်းယူနိုင်ခဲ့ပါတယ်။


စောစောစီးစီး ဦးဆောင်ဂိုးပေးလိုက်ရတဲ့ လီဗာပူးအသင်းဟာ တိုက်စစ်ကိုမြှင့်ကစားခဲ့ပေမယ့် လက်စတာအသင်း ဂိုးပေါက်ရှေ့မှာ အခွင့်အရေးဖန်တီးနိုင်မှုအားနည်းခဲ့သလို ဘယ်တောင်ပံက ချင်ဘာလိန် ခြေစွမ်းပျောက်ဆုံးနေခဲ့လို့ တိုက်စစ်က ထင်သလောက် ကောင်းမွန်ခဲ့ခြင်းမရှိပါဘူး။ အထူးသဖြင့် ကွင်းလယ်မှာ ဘောလုံးဆုံးရှုံးမှု များနေတာကြောင့် လက်စတာအသင်းကတောင် ဂိုးပေါက်ခြိမ်းခြောက်ခွင့် ပိုရခဲ့တာပါ။


ပွဲချိန် ၃၇ မိနစ်မှာတော့ လီဗာပူးညာနောက်ခံလူ အာနိုးရဲ့ ဖြတ်တင်ဘောကို လက်စတာနောက်ခံလူ ဝေါက်ဖက်စ် ဖြတ်ထုတ်ကာကွယ်ရင်း လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားခဲ့လို့ လီဗာပူးအသင်း ချေပဂိုးပြန်ရခဲ့တာပါ။ ဒါ့အပြင် ပွဲချိန် ၄၄ မိနစ်မှာလည်း လီဗာပူးတိုက်စစ်မှူး ဒါဝင်နူနက်စ်ရဲ့ ကန်ချက် ဂိုးတိုင်ထိ ထွက်လာခဲ့ပေမယ့် နောက်ခံလူ ဝေါက်ဖက်စ်နဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ လီဗာပူးအသင်း ဒုတိယဂိုး ထပ်မံရရှိခဲ့တာပါ။ အဲဒီ OG ဂိုး ၂ ဂိုးကြောင့် လက်စတာနောက်ခံလူ ဝေါက်ဖက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ တစ်ပွဲတည်း OG ဂိုး ၂ ဂိုးသွင်းယူခဲ့တဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။


ဒုတိယပိုင်းမှာလည်း လက်စတာအသင်းနဲ့ လီဗာပူးအသင်းတို့ ဂိုးထပ်ရဖို့ ကြိုးစားခဲ့ကြပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြလို့ ပွဲအပြီးမှာ လီဗာပူးအသင်းကပဲ ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဥရောပ

မီရှယ် ဘာနီရေ (Michel Barnier) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 16 Views
+++++++++++++++++++++++++++++++++++++++++++ စက်တင်ဘာလ (၆) ရက်၊ CNN သတင်း။ ဥရောပသမဂ္ဂ ၏ ဗြိတိသျှနှုတ်ထွက်မှု (Brexit) တွင် စေ့စပ်ညှိနှိုင်းရေးမှူးဟောင်း
နိုင်ငံတကာသတင်း ဥရောပ

တယ်လီဂရမ်ကို စီအီးအို ဘီလျံနာ ပါဗယ်ဒူရော့ဗ်ကို ပြင်သစ်က ဖမ်းဆီးထား

  • 2024 ခုနှစ်၊ ဩဂုတ်လ 25 ရက်
  • 32 Views
+++++++++++++++++++++++++++++++++++++++++++ သြဂုတ်လ (၂၅) ရက်။ တယ်လီဂရမ်ကို တည်ထောင်သူနှင့် စီအီးအိုဖြစ်သည့် ဘီလျံနာ ပါဗယ်ဒူရော့ဗ်သည် စနေနေ့ညနေပိုင်းက ပါရီမြို့အပြင်ဘက်ရှိ Bourget
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသည် ရုရှားနိုင်ငံ ကူစ် (Kursk) ဒေသတွင် အမေရိကန်၏ လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ပြီး ခါကိ့ဗ် (Kharkiv) ရှိ နယ်မြေအချို့ကို ပြန်လည်သိမ်းယူခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 24 ရက်
  • 14 Views
ကိ့ဗ်၊ ယူကရိန်း (AP) ယူကရိန်းစစ်တပ်က ရုရှား၏ ကူစ် (Kursk) ဒေသကို တိုက်ခိုက်ရန်အတွက် တိကျသော အမေရိကန်လေဟုန်စီး ပျံဝဲနိုင်သောဗုံးများကို အသုံးပြုခဲ့ကြောင်း၊ ၎င်းသည် နွေဦးရာသီကတည်းက ရုရှား၏ ထိုးစစ်ဆင်မှုအောက်တွင် ရှိခဲ့သည့် ယူကရိန်းအရှေ့ပိုင်း ခါကိ့ဗ်ဒေသရှိ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း၏တပ်များ ရှေ့တိုးချီတက်လာပြီး ရုရှားနိုင်ငံ ဆွတ်ဂျာ (Sudzha) မြို့ကို သိမ်းပိုက်ခဲ့ကြောင်းဇလန်းစကီးက ပြောကြားခဲ့သည်။

  • 2024 ခုနှစ်၊ ဩဂုတ်လ 16 ရက်
  • 32 Views
သြဂုတ်လ ၁၆ ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ရုရှားနိုင်ငံ ကူရွတ်စ်ခ် (Kursk) ဒေသသို့ နယ်စပ်ဖြတ်ကျော် ကျူးကျော်ဝင်ရောက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားမြို့ ဆွတ်ဂျာ (Sudzha) ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း ဥရောပ

သူလျှိုရဲ့ကလေးတွေ ကိုယ့်ကိုကို ရုရှားမှန်းတောင် မသိခဲ့ကြ

  • 2024 ခုနှစ်၊ ဩဂုတ်လ 3 ရက်
  • 43 Views
သူလျှိုရဲ့ကလေးတွေ ကိုယ့်ကိုကို ရုရှားမှန်းတောင် မသိခဲ့ကြ ဒါကတော့ စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံး အရှေ့-အနောက် အကျဉ်းသားလဲလှယ်မှုအစီအစဉ်အရ ရုရှားသူလျှိုမိသားစုဟာ မော်စကိုမြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဲဒီရုရှားသူလျှိုမိသားစုရဲ့ ကလေးတွေဟာ လေယာဉ်ပေါ်ကဆင်းသက်ပြီးချိန်မှသာ သူတို့ဟာ ရုရှားနိုင်ငံသားတွေဖြစ်တယ်ဆိုတာကို သိခဲ့ရတယ်လို့ ဩဂုတ်လ ၂
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အကျဉ်းသားလဲလှယ်ရေးတွင် ဂျာမနီသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

  • 2024 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 54 Views
+++++++++++++++++++++++++++++++++++++++++++++ ဆူလေဗန် ၏အဆိုအရ အကျဉ်းသားလဲလှယ်ရေးတွင် အဓိက အတားအဆီးတစ်ခုမှာ ဂျာမနီရှိ ရုရှား၏ ပြိုင်ဘက်ကို သေနတ်ဖြင့် ပစ်သည်ဟု စွပ်စွဲခံထားရသည့် ဂျာမန်တွင် အကျဉ်းချခံထားရသော ဗာဒင်ကရာဆီကော့ဗ် (Vadim Krasikov) ပါဝင်မှသာ ရုရှားမှ သူတို့ထိန်းသိမ်း
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေး

  • 2024 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 59 Views
ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသားများ လဲလှယ်ရေးသည် ကမ္ဘာတစ်ခုလုံးအတွက် သတင်းစာမျက်နှာအသစ် ဖြစ်လာနိုင်ကြောင်း ရုရှားလွှတ်တော်အမတ်က CNN သို့ ပြောကြားခဲ့သည်။ CNN သတင်း။ ရုရှားနှင့် အနောက်နိုင်ငံတို့ကြား အကျဉ်းသား လဲလှယ်မှုသည် “ ကမ္ဘာကြီးတစ်ခုလုံးအတွက် စာမျက်နှာသစ်တစ်ခုရဲ့အစ
နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

EU နဲ့ နိုင်ငံအချို့ရဲ့ လူသားစာနာမှုဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်ကို စစ်ကောင်စီကန့်ကွက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 19 ရက်
  • 55 Views
ဇူလိုင်လ (၁၉)ရက်။ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအပေါ် ဥရောပသမဂ္ဂနဲ့ နိုင်ငံအချို့က ပူးတွဲထုတ်ပြန်ခဲ့တာကို စစ်ကောင်စီနိုင်ငံခြားရေး၀န်ကြီးဌာနက ကန့်ကွက်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ (၁၅)ရက်နေ့က ကုလသမဂ္ဂဌာနချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တဖက်သတ်စွပ်စွဲချက်တွေနဲ့