နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒေါ်နယ်ထရန့်နှင့် ဇယ်လန်းစကီးတို့ ယုံကြည်မှုရှိနေပုံရသော်လည်း ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ထူးခြားသည့် တိုးတက်မှုများ မရှိသေးပါ။

CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၉ရက်

သမ္မတ ဒေါ်နယ်ထရန့်သည် ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သော်လည်း၊ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး နှင့် တွေ့ဆုံပြီးနောက် အဆိုပါဆွေးနွေးပွဲများသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင် အဖြေထွက်မည်ဆိုသည့် တိကျသော အချိန်ဇယားကို ထုတ်ဖော် ပြောဆိုရန် ငြင်းဆိုခဲ့သည်။ ဖလော်ရီဒါပြည်နယ်၊ West Palm Beach မှ CNN သတင်းထောက် ကဲဗင် လစ်ပ်တက်(Kevin Liptak) က သတင်းပေးပို့ထားခြင်း ဖြစ်သည်။

ယနေ့ သုံးနာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ နှစ်ဦးစလုံးသည် ရုရှားက စတင်ခဲ့သော ပဋိပက္ခကို အဆုံးသတ်ရန် ကြိုးပမ်းမှုတွင် မည်သည့် ထူးခြားသည့် တိုးတက်မှုကိုမျှ ကြေညာခြင်း မရှိခဲ့ကြပေ။ လုပ်ငန်းစဉ်မှာ ရှုပ်ထွေးပြီး အချိန်ယူရဦးမည်ဖြစ်ကြောင်း နှစ်ဦးစလုံးက အလေးပေးပြောကြားခဲ့သည်။

သို့သော် ယခင်တွေ့ဆုံမှုများနှင့်မတူဘဲ ထရန့်သည် ဇယ်လန်းစကီးကို ချီးမွမ်းခဲ့ပြီး ငြိမ်းချမ်းရေးရရှိရန် နီးကပ်နေပြီဟု ယုံကြည်မှုရှိနေခဲ့သည်။

ယနေ့ ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ တွေ့ဆုံပွဲမှ အဓိကအချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

စစ်ပွဲသည် ပြီးဆုံးသွားမည် သို့မဟုတ် အကန့်အသတ်မရှိ ဆက်ဖြစ်နေမည် – ထရန့်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် စိတ်ထဲတွင် သတ်မှတ်ထားသည့် အချိန်ကာလ မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း၊ ယခုအချိန်သည် ပဋိပက္ခကို အဆုံးသတ်ရန် အသင့်တော်ဆုံး အချိန် ဖြစ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

ပူတင် မရှိသော်လည်း မေ့ထား၍မရ – ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် Palm Beach သို့ လာရောက်ခြင်း မရှိခဲ့ပါ။ သို့သော် ထရန့်သည် ဇယ်လန်းစကီးနှင့် မတွေ့ဆုံမီ ရုရှားခေါင်းဆောင် နှင့် ဖုန်းဖြင့် တစ်နာရီကျော်ကြာ စကားပြောဆိုခဲ့သည်။ ထို့အပြင် ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် ပူတင်နှင့် ထပ်မံစကားပြောဦးမည်ဟုလည်း ထရန့်က ဆိုသည်။

နောက်ဆုံး ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်း – တွေ့ဆုံပွဲမစမီ ဇယ်လန်းစကီးက ငြိမ်းချမ်းရေး အစီအစဉ်၏ စည်းကမ်းချက် ၉၀ ရာခိုင်နှုန်းကို သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံမှုအပြီးတွင်လည်း ဇယ်လန်းစကီးက ထိုကိန်းဂဏန်းကိုပင် ထပ်မံသုံးနှုန်းခဲ့သော်လည်း၊ ထရန့်ကမူ သူသည် ရာခိုင်နှုန်းများ သုံးနှုန်းခြင်းကို မနှစ်သက် ကြောင်း ပြောဆိုခဲ့သည်။ အဓိက အကျပ်ရိုက်နေသည့် အချက်များထဲတွင် ဇာပိုရီရှား (Zaporizhzhia) နူကလီးယားစက်ရုံ၏ ကံကြမ္မာနှင့် နယ်မြေပေးအပ်ရမည့် ကိစ္စရပ်များ ပါဝင်နေသည်။

ရှုပ်ထွေးသော ဆက်ဆံရေး – ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပထမဆုံးအကြိမ် စိတ်ပျက်ဖွယ်ရာ တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီးနောက်၊ ထရန့်၏ ဒုတိယသက်တမ်းအတွင်း ၎င်းတို့နှစ်ဦး တွေ့ဆုံမှုတိုင်း၏ အမူအရာနှင့် လေယူလေသိမ်းကို လူအများက စောင့်ကြည့် နေကြသည်။ Palm Beach ရှိ နေအိမ်တွင် ဇယ်လန်းစကီးကို ကြိုဆိုစဉ် ထရန့်က ချီးကျူး စကားများ ပြောကြားခဲ့ပြီး၊ ဇယ်လန်းစကီးကလည်း ၎င်း၏ ပြောကြားချက်များကို ထရန့်အား ကျေးဇူးတင်စကားဖြင့် စတင်ပြီး ကျေးဇူးတင်စကားဖြင့်ပင် နိဂုံးချုပ်ခဲ့သည်။

ရုရှား၏ အပြင်းအထန် တိုက်ခိုက်မှု – အမေရိကန်၏ ယခု သံတမန်ရေးရာ လှုပ်ရှားမှုများသည် ကိဗ်မြို့ (Kyiv) အပေါ် ရုရှား၏ ယခုနှစ်အတွင်း အရှည်ကြာဆုံး တိုက်ခိုက်မှုအပြီးတွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ပြီး၊ အေးခဲနေသော ရာသီဥတုကြားတွင် မြို့တော်ရှိ လူအများအပြား နေအိမ်များတွင် အပူပေးစနစ် မရရှိဘဲ ဖြစ်နေခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင်
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 29 Views
ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက် ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 21 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်