နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ်

Gen Z က တော်လှန်ရေးတွင် အောင်ပွဲခံခဲ့သော်လည်း ရွေးကောက်ပွဲကိုမူ မျိုးဆက်ဟောင်း များကသာ လွှမ်းမိုးထားဆဲဖြစ်သည်

CNN- ၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၁၁ရက်

သက်ကြီးဝါကြီး အာဏာရှင်ကို ဖြုတ်ချခဲ့သည့် Gen Z (မျိုးဆက်သစ်လူငယ်များ) ၏ တော်လှန်ရေးအပြီး၊ နိုင်ငံ၏လမ်းကြောင်းသစ်ကို ပုံဖော်နိုင်မည်ဟု သန်းနှင့်ချီသော လူငယ်များ မျှော်လင့်နေကြသည့် ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကြာသပတေးနေ့၌ ကျင်းပတော့မည်ဖြစ်သည်။

၂၀၂၄ ခုနှစ် နွေရာသီတွင် ဆန္ဒပြသူများက နေအိမ်ကို စီးနင်းဝင်ရောက်လာစဉ် ကာလရှည် အာဏာရယူထားသည့် ခေါင်းဆောင် ရှိတ်ဟာဆီနာသည် ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားခဲ့ သည့် ပုံရိပ်များသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ယင်းဖြစ်ရပ်သည် အဂတိ လိုက်စားမှုနှင့် ဆွေမျိုးကောင်းစားရေးဝါဒများကို ဆန့်ကျင်သည့် လူငယ်ဦးဆောင်သော လှုပ်ရှားမှုများကို အားပေးလှုံ့ဆော်မှု ဖြစ်စေခဲ့ပြီး နီပေါနှင့် မက်ဒါဂတ်စကာနိုင်ငံတို့တွင် အစိုးရများ ပြုတ်ကျသွားစေရန်ပါ အထောက်အကူဖြစ်စေခဲ့သည်။

မဲမသမာမှုများ၊ နိုင်ငံတော်သယံဇာတများကို အလွဲသုံးစားလုပ်မှုများနှင့် အတိုက်အခံများကို ရက်ရက်စက်စက် နှိမ်နင်းမှုများဖြင့် စွပ်စွဲခံခဲ့ရသည့် ဟာဆီနာ၏ ၁၅ နှစ်ကြာ အုပ်ချုပ်မှု ပြီးဆုံးသွားခြင်းအပေါ် လူအများက ဝမ်းမြောက်နေကြသည်။

ဒီတော်လှန်ရေးက Gen Z တွေ ဘာတွေစွမ်းဆောင်နိုင်လဲဆိုတဲ့ စွမ်းအားကို ပြသလိုက် တာပဲ” ဟု ဟာဆီနာကို ဖြုတ်ချသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ကျောင်းသားတစ်ဦး ဖြစ်သူ မာဇာ ရှာကေးလ် (Mirza Shakil) က CNN သို့ ပြောကြားခဲ့သည်။

သို့သော်လည်း ဟာဆီနာအလွန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အနာဂတ်ကို ဦးဆောင်ရန် အလားအလာအရှိဆုံး ကိုယ်စားလှယ်လောင်း နှစ်ဦးမှာမူ အာဏာရှင်ကို ဖြုတ်ချရန် လမ်းမပေါ်တွင် အသက်စွန့်ခဲ့ကြသူများနှင့် အလွန်ပင် ကွာခြားလှသည်။

တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည့် နိုင်ငံရေးအစဉ်အလာကြီးမားသော မိသားစုမှ အသက် ၆၀ အရွယ် ဆက်ခံသူဖြစ်ပြီး၊ အခြားတစ်ဦးမှာ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ် တစ်ဦးမျှ ထည့်သွင်း ထားခြင်းမရှိသည့် အစ္စလာမ်ဝါဒီပါတီမှ အသက် ၆၇ အရွယ် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ကျား၊ မ ခွဲခြားမှု၊ လူမျိုး၊ ဘာသာမရွေး လူတိုင်း တန်းတူအခွင့်အရေး ရရှိမယ့် နိုင်ငံမျိုးကို ကျွန်တော်တို့ အိပ်မက်မက်ခဲ့တာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ အခြားတစ်ဦးဖြစ်သည့် ဆဒ်မန် မူဂျတာဘာ ရာဖစ်ဒ် (Sadman Mujtaba Rafid) က Reuters သို့ ပြောကြားခဲ့သည်။

“ မူဝါဒအပြောင်းအလဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတွေ့နေရတာက ကျွန်တော်တို့ အိပ်မက်နဲ့ အများကြီး ဝေးကွာနေပါတယ်။”

အကျိုးဆက်ကြီးမားသော မဲပေးမှု

ဟာဆီနာ၏ ကျဆုံးမှုသည် နိုင်ငံ့ဝန်ထမ်း အလုပ်အကိုင် ခွဲတမ်းသတ်မှတ်ချက်အပေါ် ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပြမှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းကို အစိုးရက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ခြင်းကြောင့် လှုပ်ရှားမှုမှာ ပိုမိုအားကောင်းလာကာ လူထုမှာ လမ်းမပေါ်သို့ ပိုမိုထွက်ပေါ်လာခဲ့သည်။

ဆန္ဒပြပွဲများ နိုင်ငံတစ်ဝှမ်း ပြန့်နှံ့သွားခဲ့ပြီး၊ စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်မည် မဟုတ်ကြောင်း ပြောကြားလာသည့်အခါတွင် ဟာဆီနာ၏ အုပ်ချုပ်မှု ပြီးဆုံးပြီဆိုသည်မှာ ထင်ရှားသွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ကျောင်းသားများက သူမ၏ ရုံးစိုက်ရာ အဆောက်အအုံကို စီးနင်းဝင်ရောက်ခဲ့ပြီးနောက် သူမသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒါကာတရားရုံးတစ်ခုက ဟာဆီနာကို လူပေါင်း ၁,၄၀၀ ခန့် သေဆုံးခဲ့ရသည့် ဆူပူအုံကြွမှုတွင် ပါဝင်မှုဖြင့် မျက်ကွယ်သေဒဏ် စီရင်ချက်ချမှတ်ခဲ့သည်။

ယခုအခါ ဟာဆီနာသည် နိုင်ငံနှစ်ခုအကြား တင်းမာမှု၏ ကြားခံနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဘင်္ဂလားဒေ့ရှ်က သူမအား ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေပြီး၊ သူမကမူ မိမိတွင် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ သူမ၏ ပါတီဖြစ်သော Awami League ကိုလည်း လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။

ဟာဆီနာနှင့် သူမ၏ပါတီ မရှိခြင်းသည် သမိုင်းဝင်ပြိုင်ဘက်ဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အတွက် အခွင့်အလမ်းကောင်း ဖြစ်လာခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ၏ သားဖြစ်သူ ခေါင်းဆောင် တာရစ် ရာမန် (Tarique Rahman) သည် ပြည်ပတွင် ၁၇ နှစ်ကြာ နေထိုင်ခဲ့ရာမှ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် ရောက်ရှိ လာပြီး ယခုအခါ ရွေးကောက်ပွဲတွင် အနိုင်ရရန် အလားအလာအရှိဆုံးသူ ဖြစ်နေသည်။

နောက်ထပ် ပြန်လည်အားကောင်းလာသည့် မျိုးဆက်ဟောင်းအုပ်စုမှာ နိုင်ငံ၏ အကြီးဆုံးအစ္စလာမ်ဝါဒီပါတီဖြစ်သော Jamaat-e-Islami ဖြစ်သည်။ ဟာဆီနာလက်ထက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရပြီးနောက် ယခုအခါ ပြန်လည်ခေါင်းထောင်လာခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အုံကြွမှုအပြီး ကျောင်းသားများ တည်ထောင်ခဲ့သည့် အမျိုးသား ပြည်သူ့ပါတီ (NCP) မှာ ဘင်္ဂလားဒေ့ရှ်၏ အစိတ်စိတ်အမွှာမွှာကွဲနေပြီး အကြမ်းဖက်မှု များရှိနေသည့် နိုင်ငံရေးလောကအတွင်း ထိုးဖောက်ရန် ရုန်းကန်နေရသည်။ ဒီဇင်ဘာလ ကုန်ပိုင်းတွင် NCP က Jamaat-e-Islami နှင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း ကြေညာခဲ့ခြင်း ကြောင့် လူအများ အံ့အားသင့်ခဲ့ကြသည်။

လန်ဒန်တက္ကသိုလ် (SOAS) မှ ပါမောက္ခ နာအိုမီ ဟူစိန်က ဤပူးပေါင်းမှုမှာ ကာကွယ်မှု ရရှိရန်အတွက်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ “ Jamaat နဲ့ မဟာမိတ်ဖွဲ့ရင် NCP က အမတ်နေရာအချို့ ရဖို့ အခွင့်အလမ်း ပိုများသွားမယ်” ဟု သူမက CNN သို့ ပြောသည်။ ထို့ပြင် “ အကြမ်းဖက်မှုများသော နိုင်ငံရေးပတ်ဝန်းကျင်” တွင် ပါလီမန်အမတ်ဖြစ်ခြင်းက အကာအကွယ်ရရှိစေနိုင်ပြီး၊ မဟုတ်ပါက ခေါင်းဆောင်များအနေဖြင့် လက်စားချေတိုက်ခိုက် ခံရမည်ကို စိုးရိမ်နေကြကြောင်း သူမက ဆိုသည်။

ကိုယ်စားလှယ်လောင်းများနှင့် ဘာသာရေးလူနည်းစုများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု များက စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေသည်။ နိုဗယ်လ်ဆုရှင် မူဟာမက် ယူနွတ်စ် (Muhammad Yunus) ဦးဆောင်သည့် ကြားဖြတ်အစိုးရမှာလည်း တရားဥပဒေစိုးမိုးရေးကို မထိန်းသိမ်း နိုင်သည့် အတွက် ဝေဖန်ခံနေရသည်။

ဤမတည်ငြိမ်မှုများသည် ကျောင်းသားဆန္ဒပြသူများ၏ မူလမျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

“ NCP က ပြုပြင်ပြောင်းလဲမှုတွေ၊ အားလုံးပါဝင်နိုင်မှုတွေနဲ့ တခြားအရာတွေကို ကတိပေးခဲ့တာပါ” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ နာဇီဖာ ဂျားနတ် (Nazifa Jannat) က ဆိုသည်။ အမျိုးသမီးကိုယ်စားလှယ် တစ်ဦးမျှမပါသည့် ပါတီနှင့် မဟာမိတ်ဖွဲ့ခြင်းမှာ သစ္စာဖောက်ခံရသလို ခံစားရကြောင်း၊ “ ဒါဟာ ရှက်ဖို့ကောင်းတဲ့ ဖြစ်ရပ်ပါ။ ဒါဟာ ကျွန်မတို့အတွက် ဘယ်လောက်အရှက်ရစရာကောင်းလဲဆိုတာ သူတို့ကို ပြောပြထား ပါတယ်” ဟု သူမက ဆိုသည်။

သို့သော်လည်း ကြာသပတေးနေ့ ရွေးကောက်ပွဲသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာမည်ဟု အများက ယူဆထားကြပြီး၊ ဒါကာမြို့ လမ်းမများပေါ်တွင်မူ စိတ်လှုပ်ရှားတက်ကြွမှုများ ရှိနေသည်။

ဒီရွေးကောက်ပွဲက တစ်ခုခုတော့ ထူးခြားတာတွေ ယူဆောင်လာနိုင်မှာပါ” ဟု ဆန္ဒပြသူဟောင်း ရှာကေးလ်က ဆိုသည်။ “ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။”

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဆန့်ကျင်ကန့်ကွက်ကာ ကြွေးကြော်သံများ အော်ဟစ်နေကြသည့် ဆန္ဒပြသူများ။ နောက်ပိုင်းတွင် ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ (ဓာတ်ပုံ)

– ရှိတ်ဟာဆီနာ ပြုတ်ကျပြီး ၅ လအကြာတွင် နှိမ်နင်းမှုအတွင်း သေဆုံးခဲ့သည့် လူပေါင်း ၁,၀၀၀ ကျော်အတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပနေသည့် ကျောင်းသားများ။ (ဓာတ်ပုံ)

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားရုံးက သေဒဏ်စီရင်ချက်ချမှတ်စဉ် ဒါကာတက္ကသိုလ် ကျောင်းသားများ စုဝေးနေကြပုံ။(ဓာတ်ပုံ)

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ဝန်ကြီးချုပ်၏ နန်းတော်အား စီးနင်းစဉ် အမျိုးသားအလံကို လွှင့်ထူပြနေပုံ။(ဓာတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် ရွေးကောက်ပွဲ လူထုဟောပြောပွဲ၌ မိန့်ခွန်းပြောနေသည့် BNP ဥက္ကဋ္ဌ တာရစ် ရာမန်။(ဓာတ်ပုံ)

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲပုံးများအား ထရပ်ကားပေါ်သို့ တင်နေသည့် အလုပ်သမားများ။(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 12 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 29 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 23 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 52 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက