နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

ဤသတ္တုသတ္တုသည် သင်၏လူနေမှုဘဝကို လည်ပတ်စေသည် – ယခုအခါ ၎င်းသည် ကုန်သွယ်ရေးဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပြီ

CNN-၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်

နီအိုဒီမီယမ် (neodymium) ဆိုသည်မှာ ဘာလဲ (သို့မဟုတ် ၎င်းကို မည်သို့အသံ ထွက်ရသလဲ) ဆိုသည်ကိုပင် သိချင်မှ သိပါလိမ့်မည်။ သို့သော် သင့်အိမ်ထဲတွင် ယင်းသတ္တု အမြောက် အမြား ရှိနေပါသည်။

နီအိုဒီမီယမ်သည် ရှားပါးဒြပ်စင် (rare earth) တစ်မျိုးဖြစ်ပြီး ဒြပ်စင်အလှည့်ကျဇယား၏ အောက်ခြေနားတွင်ရှိကာ နေ့စဉ်လူနေမှုဘဝအတွက် အလွန်အရေးပါသည်။ ယင်းဒြပ်စင်သည် ရှားပါးဒြပ်စင်များထဲတွင် တန်ဖိုးအရှိဆုံးဖြစ်ပြီး “ အမြဲတမ်း” သံလိုက် (permanent magnets) ဟု ခေါ်ဆိုကြသည့် သံလိုက်များတွင် အကျယ်တဝင့် အသုံးပြု ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ယင်းကို ထုတ်ယူသန့်စင်သည့် လုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံက လက်ဝါးကြီးအုပ်ထားသလောက် ဖြစ်နေသည်။

ရလဒ်အနေဖြင့် နီအိုဒီမီယမ်နှင့် အခြားရှားပါးဒြပ်စင်များသည် ကမ္ဘာ့နံပါတ် (၁) နှင့် နံပါတ် (၂) စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများတွင် အဓိကအချက်တစ်ချက် ဖြစ်လာခဲ့သည်။

အမေရိကန်၏ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည့် မော်တော်ကား၊ လေယာဉ်နှင့် အိမ်သုံးပစ္စည်း ထုတ်လုပ်မှု အများစုသည် နီအိုဒီမီယမ်ကို မရရှိပါက ရပ်ဆိုင်းသွားမည့် အခြေအနေရှိသည်။ Colorado School of Mines မှ ပရော်ဖက်ဆာနှင့် နယ်ပယ်ဆိုင်ရာ ကျွမ်းကျင်သူ ရော့ဒ် အဂ္ဂါ့တ် (Rod Eggert) ၏ အဆိုအရ နီအိုဒီမီယမ်သည် အမြဲတမ်း သံလိုက်များ၏ အလေးချိန် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။

နီအိုဒီမီယမ် သံလိုက်များသည် အလွန်သေးငယ်သော်လည်း အလွန် အစွမ်းထက်ကြသည်။

မည်မျှအထိ အစွမ်းထက်သနည်း။

“ တကယ်လို့ အဲဒီသံလိုက်တွေကို ရေခဲသေတ္တာနားမှာ သွားထားမယ်ဆိုရင် ရေခဲသေတ္တာကြီး တစ်ခုလုံး မှောက်သွားနိုင်တဲ့အထိပါပဲ” ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ အရေးကြီးတွင်းထွက်များလုံခြုံရေးအစီအစဥ်(Critical Minerals Security Program) ညွှန်ကြားရေးမှူး ဂရေစလင် ဘတ်စ်ကာရန် (Gracelin Baskaran) က ပြောကြားခဲ့သည်။

အမည်အရသာ ရှားပါးခြင်းဖြစ်

နီအိုဒီမီယမ် အခြေခံသံလိုက်များသည် မော်တာ အမျိုးမျိုးကို လည်ပတ်စေသည်။ ရိုးရိုးသံလိုက်များနှင့်မတူဘဲ ၎င်းတို့သည် မော်တာများကို အဖွင့်အပိတ်လုပ်ရန် အသုံးပြုသည့် စဉ်ဆက်မပြတ် လျှပ်စစ်စီးကြောင်းနှင့် ထိတွေ့သော်လည်း သံလိုက်ဓာတ် လျော့ပါးသွားခြင်း မရှိပေ။

ယင်းအချက်ကြောင့် ၎င်းတို့သည် ကားမှန်သုတ်တံကို လှုပ်ရှားပေးသည့် ရိုးရိုးမော်တာ ငယ်များ မှသည် လျှပ်စစ်ကား (EV) များကို မောင်းနှင်ပေးသည့် ရှုပ်ထွေးသော မော်တာများ အထိ အမေရိကန်၏ မော်တော်ယာဉ် ကုန်ထုတ်လုပ်မှုအတွက် အလွန်အရေးပါလာသည်။ ထို့အပြင် လျှပ်စစ်လက်သုံးကိရိယာများ၊ လေအေးပေးစက်များကဲ့သို့သော အိမ်သုံးပစ္စည်း များ သာမက ဂျက်အင်ဂျင်များနှင့် လေအားလျှပ်စစ် တာဘိုင်များတွင်လည်း တွေ့ရှိရသည်။

ထရမ့်အစိုးရက နီအိုဒီမီယမ်နှင့် အခြားရှားပါးဒြပ်စင်များသည် အမေရိကန်အတွက် အလွန် အရေးကြီးသဖြင့် ယင်းတို့ကို ရရှိနိုင်မှုမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ်နိုင်ငံသည် ရှားပါးဒြပ်စင်များ သန့်စင်ထုတ်လုပ်မှုတွင် လွှမ်းမိုးထား သဖြင့် ကုန်သွယ်ရေး ဆွေးနွေးမှုများတွင် ကြီးမားသော အသာစီးရမှုကို ရရှိထားသည်။ တရုတ်နိုင်ငံသည် သတ္တုရိုင်းမှ အသုံးဝင်သော သတ္တုများဖြစ်အောင် ပြုလုပ်သည့် လုပ်ငန်း စဉ်၏ ၉၀ ရာခိုင်နှုန်းကို ကိုင်တွယ်ထားသည်။

“ ရှားပါးဒြပ်စင်တွေဆိုတာ နာမည်သာ ရှားပါးတာပါ၊ တကယ်တော့ မရှားပါဘူး” ဟု Kearney အတိုင်ပင်ခံလုပ်ငန်းမှ စွမ်းအင်နှင့် သယံဇာတဆိုင်ရာ ပါတနာ အီဂေါ ဟူလက်ခ် (Igor Hulak) က ပြောသည်။ “ ၎င်းတို့ကို နိုင်ငံအများအပြားနဲ့ တိုက်ကြီးအတော်များများမှာ တွေ့နိုင်ပါတယ် ဒါပေမဲ့ခက်ခဲတာကတော့ ကျောက်တုံးတွေထဲကနေ ခွဲထုတ်တာ၊ အဆင့်ဆင့်ပြုလုပ်တာနဲ့ သန့်စင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။”

ထုတ်ယူသန့်စင်ခြင်း လုပ်ငန်းစဉ်သည် အလွန်ခက်ခဲကြောင်း ဟူလက်ခ်က ဆိုသည်။ သတ္တုရိုင်းများကို အပူပေးရန် စွမ်းအင် အမြောက်အမြား လိုအပ်ပြီး ရှားပါးဒြပ်စင်များကို ခွဲထုတ်ရန် ဓာတုပစ္စည်းများဖြင့် လုပ်ဆောင်ရသည်။ အဆုံးသတ်တွင် ဘေးထွက်ပစ္စည်း အဖြစ် အဆိပ်သင့်စွန့်ပစ်ပစ္စည်းများ ထွက်လာပြီး အချို့မှာ ရေဒီယိုသတ္တိကြွမှုပင် ရှိတတ် သည်။

“ ဒါကြောင့် ကမ္ဘာ့အခြားနိုင်ငံတွေက တရုတ်နိုင်ငံကို ဒီလို (သန့်စင်ထုတ်လုပ်မှု) အာရုံစိုက် လုပ်ဆောင်ခွင့်ကို ရိုးရိုးရှင်းရှင်းပဲ ခွင့်ပြုပေးခဲ့ကြတာပါ” ဟု ဟူလက်ခ်က ဆိုသည်။

နီအိုဒီမီယမ် (သို့မဟုတ် နီအိုဒီမီယမ်-ပရာဆီယိုဒိုင်မီယမ် အောက်ဆိုဒ် ဟုခေါ်သော အနည်းငယ် သန့်စင်မှုအားနည်းသော်လည်း အသုံးဝင်ဆဲဖြစ်သည့် ဗားရှင်း) ကို ထုတ်ယူ ပြီးသည်နှင့် ၎င်းကို သံလိုက်များအဖြစ် ပြောင်းလဲရသည်။ ထိုသို့ ပြုလုပ်ခြင်းကိုလည်း တရုတ်နိုင်ငံတွင်သာ အများဆုံး လုပ်ဆောင်ကြသည်။ (လျှပ်စစ်ကားများတွင် အသုံးပြုသည့် စွမ်းဆောင်ရည်မြင့် မော်တာအချို့အတွက်မူ ဒိုင်စပရိုစီယမ် (dysprosium) ဟုခေါ်သော အခြားရှားပါးဒြပ်စင်တစ်ခုကိုပါ ရောစပ်အသုံးပြုကြသည်။)

ဈေးနှုန်း၊ ရရှိနိုင်မှုနှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုတို့ ပေါင်းစပ်လိုက်သောအခါ နီအိုဒီမီယမ်သည် အခြား မည်သည့်ရှားပါးဒြပ်စင်ထက်မဆို ဝင်ငွေ ပိုမိုရရှိစေသည်။

အကြီးစား လုပ်ငန်းဆောင်ရွက်မှု၏ အားသာချက်များ

အမေရိကန်သည် တရုတ်၏ ရှားပါးဒြပ်စင် ထုတ်လုပ်မှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန် ကြိုးပမ်းနေသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ယခုလအစောပိုင်းတွင် မဟာဗျူဟာမြောက် ရှားပါးဒြပ်စင် သိုလှောင်မှု အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။ ထို့အပြင် အမေရိကန်အစိုးရ သည် ပြည်တွင်း၌ သတ္တုရိုင်းတူးဖော်မှုနှင့် သန့်စင်ထုတ်လုပ်မှု တိုးမြှင့်ရန် စီမံကိန်းများကို ထောက်ပံ့ကူညီပေးနေသည်။ သို့သော် တရုတ်နိုင်ငံ၏ ရရှိနိုင်မှုနှုန်းကို မှီရန်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ဦးမည်ဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဤဒြပ်စင်များအပေါ် ဆက်လက် ချုပ်ကိုင်ထားနိုင်ဦးမည် ဖြစ်သည်။

“ သတ္တုတွင်းသစ် တစ်ခု ဒါမှမဟုတ် သန့်စင်စက်ရုံသစ် တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်တဲ့နေ့ကစပြီး ထုတ်လုပ်မှု အဆင့်အထိ ရောက်ဖို့ဆိုတာ နှစ်အတော်ကြာ အချိန်ယူရပါတယ်” ဟု အဂ္ဂါ့တ်က ဆိုသည်။

ဈေးကွက်အတွင်း တရုတ်၏ လွှမ်းမိုးမှုနှင့် အကြီးစားထုတ်လုပ်မှုကြောင့် ရရှိသော အားသာ ချက်များကြောင့် အစိုးရ၏ ထိရောက်သော ပံ့ပိုးမှုမပါဘဲ ပေါ်ထွန်းစ ထုတ်လုပ်ရေး လုပ်ငန်း သစ်များအနေဖြင့် ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်ကြောင်း ဟူလက်ခ်က ပြောကြားခဲ့သည်။

ဘာနှင့်မျှ နှိုင်းယှဉ်၍မရ

နီအိုဒီမီယမ်ကို သံလိုက်များအဖြစ် ပြောင်းလဲပြီးနောက် ၎င်းတို့ကို မော်တာအတွင်းရှိ အူတိုင်တွင် ပတ်ပတ်လည် တပ်ဆင်ကာ ဝင်ရိုးနှင့် ချိတ်ဆက်ရသည်။ အဆိုပါ အူတိုင်ကို လျှပ်စစ်ဝါယာကြိုးများဖြင့် ဖွဲ့စည်းထားသည့် အပြင်ဘက်အခွံဖြင့် ဝန်းရံထားသည်။ ဝါယာကြိုးထဲသို့ လျှပ်စစ်စီးကြောင်း လွှတ်လိုက်သောအခါ လျှပ်စစ်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး သံလိုက်များကို ဦးစွာ ဆွဲငင်ကာ၊ ထို့နောက် တွန်းထုတ်ခြင်းဖြင့် ဝင်ရိုးကို လည်ပတ်စေသည်။

ဤသံလိုက်များအပေါ် မှီခိုနေရသော ကုမ္ပဏီအများအပြားသည် ရှားပါးဒြပ်စင် မပါဝင်သည့် သံလိုက်များ သို့မဟုတ် သံလိုက်မပါသည့် မော်တာများကဲ့သို့သော အခြားရွေးချယ်စရာများ ကို ရှာဖွေနေကြသည်။ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုလုံခြုံ စိတ်ချရပြီး ခံနိုင်ရည်ရှိစေရန် ဖြစ်သည်ဟု ဟူလက်ခ်က ဆိုသည်။

သို့သော် ယနေ့အထိ အစားထိုးနိုင်မည့်အရာ မရှိသေးပေ။

“ စွမ်းဆောင်ရည်၊ ထိရောက်မှု၊ အလေးချိန် ဒါမှမဟုတ် အရွယ်အစား၊ ရုန်းအား (torque) အဲဒါတွေကို လဲလှယ်လိုက်မယ်ဆိုရင် မော်တာတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိသွားပါလိမ့်မယ်” ဟု ဟူလက်ခ်က ဆိုသည်။ “ ဒါကို ဖြေရှင်းနိုင်မယ့် အလွယ်ကူဆုံး အဖြေဆိုတာ မရှိသေးပါဘူး။”

၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့ရှိ စက်ရုံတစ်ခုတွင် အမှုန့်ကြိတ်ခြင်း မပြုမီ ဘာရယ်လ်စည်အတွင်း ထည့်ထားသည့် နီအိုဒီမီယမ် (Neodymium) သံ၊ ဘိုရွန် သံလိုက်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – Doug Kanter/Bloomberg/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 21 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 32 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 25 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်နေသည်။ ၎င်းသည် အီရန်အနေဖြင့် မည်သည့်စည်းကမ်းချက်မျှမပါဘဲ ချက်ချင်းပြန်ဖွင့်ပေးရမည်ဟု သူကိုယ်တိုင် ထပ်တလဲလဲ ပြောဆိုထားသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 34 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက