နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို တိုးမြှင့်လိုက်သည်။

ယူကရိန်းဒရုန်းများသည် လွန်ခဲ့သည့်အပတ်အတွင်း ရုရှား၏ ရေနံချက်စက်ရုံများနှင့် ပို့ကုန်ဆိပ်ကမ်း အများအပြားကို တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ ရုရှား၏ အကြီးမားဆုံးသော ဝင်ငွေအရင်းအမြစ်ကို ပစ်မှတ်ထားရန် ပြီးခဲ့သည့် နွေရာသီကတည်းက စတင်ခဲ့သည့် စီမံချက်ကို အရှိန်မြှင့်လိုက်ခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ရေနံစိမ်းစျေးနှုန်းများ မြင့်တက် လာမှု ကြောင့် ကရင်မလင်နန်းတော်အတွက် ဝင်ငွေများစွာ ရရှိနေချိန်တွင်၊ ကိယက်ဗ် (Kyiv) သည် ရုရှား၏ စွမ်းအင်ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေရန် ကြိုးပမ်းမှုများကို နှစ်ဆတိုး လုပ်ဆောင်လာခဲ့သည်။

ယူကရိန်းစစ်တပ်၏ ပြောကြားချက်အရ ယခုလအတွင်း ရုရှားစွမ်းအင် အခြေခံ အဆောက်အအုံများအပေါ် အဓိက တိုက်ခိုက်မှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီး အချို့မှာ ရုရှားနိုင်ငံအတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာများအထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ထိခိုက်မှုအတိုင်းအတာကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရုရှားက ဓာတ်ဆီ တင်ပို့မှု ပိတ်ပင်ရန် စဉ်းစားနေကြောင်း သိရသည်။

စနေနေ့က သတင်းထောက်များနှင့် ဖုန်းဖြင့်စကားပြောဆိုရာတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ယူကရိန်း၏ အဝေးပစ်ဒရုန်းများသည် ပိုမိုထိရောက်မှုရှိလာကြောင်း CNN သို့ ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က နောက်ဆုံးပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုမှာ စနေနေ့အစောပိုင်းက မော်စကိုမြို့ မြောက်ဘက်ရှိ Yaroslavl မြို့မှ ကြီးမားသော ရေနံချက်စက်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်၏ ပြောကြားချက်အရ ရေနံချက်စက်ရုံကို တိုက်ရိုက်ထိမှန်ခဲ့ပြီးနောက် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Yaroslavl ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Mikhail Evraev က လူနေအိမ်အချို့နှင့် “ စီးပွားရေးလုပ်ငန်းတစ်ခု” ထိခိုက်ပျက်စီးခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း ဒရုန်းအစင်း ၃၀ ကျော်ကို ပစ်ချနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘောလ်တစ်ပင်လယ်ကမ်းခြေရှိ Ust-Luga ရုရှားရေနံတင်ပို့သည့် ဆိပ်ကမ်းသည် လွန်ခဲ့သည့် အပတ်အတွင်း နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရသည်။ သောကြာနေ့အစောပိုင်းတွင် အဝေးပစ်ဒရုန်းများသည် “ ရေနံတင်သည့် စင်များနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းများ သိုလှောင်ထားသည့် ကန်များ” ကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း ယူကရိန်းလုံခြုံရေးဌာနက ပြောကြားခဲ့သည်။

တည်နေရာအတည်ပြုထားသော ဗီဒီယိုဖိုင်များတွင် ဆိပ်ကမ်း၌ အကြီးအကျယ် မီးလောင်နေသည်ကို တွေ့ရပြီး ရုရှားအရေးပေါ် အခြေအနေဆိုင်ရာ ဝန်ကြီးဌာနက အနီးနားရှိ စိန့်ပီတာစဘတ်မြို့မှ နေထိုင်သူများကို တိုက်ခိုက်မှုအပြီးတွင် ဖြစ်ပေါ်လာသော “ လေထုညစ်ညမ်းမှု” အန္တရာယ်ကို သတိပေးထားသည်။

ကျွန်တော်တို့ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံကို တိုက်ခိုက်ခဲ့တာကို ပြန်တုံ့ပြန်ခဲ့တာပါ။ အင်အားပြင်းတဲ့ တိုက်ခိုက်မှုနဲ့ ပြန်လည်တုံ့ပြန်ပြီး Ust-Luga ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချလိုက်ပါတယ်” ဟု ဇီလန်းစကီးက CNN သို့ ပြောကြားခဲ့သည်။

ဒရုန်းတိုက်ခိုက်မှုများအပြီးတွင် “ ထိုနေရာ၏ လုပ်ဆောင်နိုင်စွမ်း ၄၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်” ဟုလည်း ၎င်းက ဆိုသည်။

အနီးနားရှိ Primorsk ဆိပ်ကမ်းသည်လည်း လွန်ခဲ့သည့်အပတ်က တိုက်ခိုက်ခံခဲ့ရပြီး ယူကရိန်းဘက်က ပြောကြားချက်အရ ဆိပ်ကမ်းနှစ်ခုလုံးတွင် မီးလောင်ကျွမ်းမှုများကို စနေနေ့အထိ မြင်တွေ့နေရဆဲ ဖြစ်သည်။

ရုရှားတောင်ပိုင်းရှိ နိုင်ငံပိုင် Rosneft ကုမ္ပဏီမှ လုပ်ဆောင်နေသော Saratov ရေနံချက်စက်ရုံသည်လည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခိုက်ခံခဲ့ရသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခမစတင်မီနှင့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အသွားအလာ မပြတ်တောက်မီက ရုရှားရေနံစိမ်းသည် ကမ္ဘာ့စျေးကွက်ရှိ အခြားစံ သတ်မှတ်ချက်များထက် များစွာသက်သာသော စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ယခုအခါတွင်မူ အချို့သောနေရာများ၌ ပိုမိုမြင့်မားသော စျေးနှုန်းများရရှိနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ထို့ပြင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ချပေးခြင်းကြောင့်လည်း ရုရှားက အကျိုးအမြတ် ရရှိခဲ့သည်။ ရေနံစျေးကွက်ကို တည်ငြိမ်စေရန်အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယခုလအစောပိုင်းတွင် ပင်လယ်ပြင်သို့ ရောက်ရှိနေပြီးသား ရုရှားရေနံစိမ်းအပေါ် ပိတ်ဆို့ထားမှုများကို ခေတ္တရပ်ဆိုင်းပေးခဲ့သည်။

ဇီလန်းစကီးကမူ ရုရှားထောက်လှမ်းရေးသည် အီရန်အား ဂြိုဟ်တုဓာတ်ပုံများဖြင့် ပစ်မှတ်ရှာဖွေရာတွင် ကူညီပေးနေသည်ဟု ဆိုကာ ယင်းသို့ ပိတ်ဆို့အရေးယူမှု လျှော့ချပေးခြင်းကို စနေနေ့တွင် ထပ်မံဝေဖန်ခဲ့သည်။

နေ့စဉ် ငွေရှာနေတဲ့ ကျူးကျော်သူအပေါ် ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခြင်းအားဖြင့် ဒေသတွင်းက မဟာမိတ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ သက်ဆိုင်ရာ အချက်အလက်တွေကို သူတို့ လက်ဆင့်ကမ်းပေးနေသလို ဖြစ်နေပါတယ်” ဟု ဇီလန်းစကီးက ပြောကြားခဲ့သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ရုရှားနိုင်ငံတော် ဘတ်ဂျက်သည် ၎င်း၏ ဝင်ငွေအနည်းဆုံး သုံးပုံတစ်ပုံအတွက် ရေနံမှရရှိသော ဝင်ငွေအပေါ် မှီခိုနေရသည်။ ထိုဝင်ငွေများသည် လွန်ခဲ့သည့် လအတွင်း နှစ်ဆခန့် မြင့်တက်သွားနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

ယူကရိန်း၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ရုရှားအစိုးရသည် ဓာတ်ဆီတင်ပို့မှု ပိတ်ပင်ခြင်းကို ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း နိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြသည်။

လာမည့် ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၁ ရက်နေ့မှ စတင်မည့် ယင်းအစီအစဉ်ကို ရုရှားဒုတိယ ဝန်ကြီးချုပ်အလက်ဇန်းဒါး နိုဗက်(Alexander Novak) နှင့် စက်မှုဝန်ကြီးဌာနများ၊ ရေနံကုမ္ပဏီများအကြား ဆွေးနွေးနေကြောင်း ဆိုသည်။

အစိုးရသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း အလားတူ လုပ်ဆောင်ခဲ့ဖူးသော်လည်း ဇန်နဝါရီလတွင် ထိုပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရုရှားသတင်းစာ Kommersant ကမူ ထုတ်လုပ်သူများသည် ဓာတ်ဆီတင်ပို့ခြင်းမှ ရရှိမည့် မြင့်မားသော ဝင်ငွေနောက်ကို လိုက်နေကြသောကြောင့် ပြည်တွင်းစျေးကွက် ထိခိုက် နေသဖြင့် ယခုကဲ့သို့ ပိတ်ပင်မှုကို ပြန်လည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါသတင်းစာက “ ကြိုတင်စီစဉ်ထားခြင်းမရှိသော ရေနံချက်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုများ” နှင့် Primorsk နှင့် Ust-Luga တို့ရှိ မီးလောင်မှုများကိုလည်း အသိအမှတ်ပြု ဖော်ပြထားသည်။

ယခုဆောင်းရာသီအတွင်း နေရာအနှံ့အပြား လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်စေခဲ့သည့် ရုရှား၏ လျှပ်စစ်စွမ်းအင် အခြေခံအဆောက်အအုံ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းက ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ဇီလန်းစကီးက စနေနေ့တွင် ပြောကြားခဲ့သည်။

ရုရှားအနေနဲ့ ကျွန်တော်တို့ရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်တန့်ရပါမယ်။ အဲဒါဆိုရင် ကျွန်တော်တို့ဘက်ကလည်း လက်တုံ့ပြန်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ရုရှားမြောက်ပိုင်း Ust-Luga ရေနံတင်ပို့သည့် ဆိပ်ကမ်းဝန်းအတွင်း အကြီးအကျယ် မီးလောင်နေသည့် ဂြိုဟ်တုဓာတ်ပုံ။ ဤပုံများကို Vantor ၏ ဂြိုဟ်တုအများအပြားမှ ရိုက်ကူးထားခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကို ရှုထောင့်အမျိုးမျိုးမှ မြင်တွေ့ရသည်။ (Satellite image ©2026 Vantor)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို