နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်

အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

အမေရိကန်-အစ္စရေးနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ယာယီအပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် ကမ်းလှမ်းချက်ကို အီရန်က ငြင်းပယ်လိုက်ပြီး၊ ထိုသို့ရပ်စဲခြင်းသည် ရန်သူများ အား ခေတ္တနား၍ စစ်ပွဲဆက်လက်ဆင်နွှဲရန် ပြင်ဆင်ခွင့်ပေးသလို ဖြစ်လိမ့်မည်ဟု ဆိုသည်။

“ကျွန်တော်တို့က စစ်ပွဲကို အပြီးတိုင်အဆုံးသတ်ဖို့နဲ့ နောက်ထပ်တစ်ကြိမ် ပြန်မဖြစ်အောင် တားဆီးဖို့ တောင်းဆိုနေတာဖြစ်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီက ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာန IRNA က ကိုးကားဖော်ပြခဲ့သည်။

တနင်္လာနေ့မှစတင်၍ စစ်မီးငြိမ်းသတ်မည့် အဆိုပြုချက်တစ်ခုကို အီရန်နှင့် အမေရိကန်တို့ လက်ခံရရှိထားကြောင်း Reuters သတင်းဌာနက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ထို့အပြင် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်နိုင်မည့် အဆင့်နှစ်ဆင့်ပါ သဘောတူညီချက်၏ အစိတ်အပိုင်း အဖြစ် ၄၅ ရက်ကြာ ယာယီအပစ်ရပ်ရန် အမေရိကန်၊ အီရန်နှင့် ဒေသတွင်း ကြားဝင်စေ့စပ် သူများ ဆွေးနွေးနေကြကြောင်း Axios သတင်းဌာနကလည်း ဖော်ပြခဲ့သည်။

ဘာဂါယီသည် ထိုသတင်းများနှင့် ပတ်သက်၍ တိုက်ရိုက် ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့ပေ။

စစ်ပွဲရပ်တန့်ရန် အမေရိကန်၏ တောင်းဆိုချက်များအပေါ် တုံ့ပြန်မည့် အစီအစဉ်ကို အီရန်က ရေးဆွဲထားပြီး “လိုအပ်သည့်အချိန်တွင်” ထုတ်ပြန်ကြေညာသွားမည်ဟု သူက ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းသည် ဝါရှင်တန်က ပါကစ္စတန်နိုင်ငံမှတစ်ဆင့် တီဟီရန်သို့ ပေးပို့ခဲ့ သည့် အချက် ၁၅ ချက်ပါ တောင်းဆိုမှုစာရင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။

အဆိုပါ အဆိုပြုချက်သည် “အလွန်အမင်း အတောမသတ်နိုင်သော၊ ထူးဆန်းသော၊ ယုတ္တိမတန်သော” တောင်းဆိုချက်ဖြစ်ပြီး၊ အီရန်အနေဖြင့် “အမေရိကန်နှင့် ဆွေးနွေး ညှိနှိုင်းရာတွင် အလွန်ခါးသီးသော အတွေ့အကြုံရှိခဲ့သည်” ဟု ၎င်းက ဆိုသည်။

အကယ်၍ အီရန်က ဟော်မုဇ် ရေလက်ကြားကို ပြန်မဖွင့်ပေးပါက အီရန်၏ အဓိက အခြေခံ အဆောက်အအုံများကို ဗုံးကြဲမည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ခြိမ်းခြောက်မှုကို ရည်ညွှန်းလျက်၊ မည်သည့် သံတမန်ရေးရာ ဆွေးနွေးမှု မဆိုသည် “ရာဇသံပေးခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုကျူးလွန်ရန် ခြိမ်းခြောက်ခြင်းတို့ နှင့် လုံးဝကိုက်ညီမှုမရှိကြောင်း” ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သီးခြားသတင်းတစ်ခုအရ အကယ်၍ အရပ်ဘက်ပစ်မှတ်များကို ထပ်မံတိုက်ခိုက်လာပါက အီရန်၏ လက်စားချေမှုသည် ယခုထက် ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် ဖြစ်လာမည် ဖြစ်ပြီး ဆုံးရှုံးမှုမှာလည်း “အဆပေါင်းများစွာ ပိုကြီးမားလိမ့်မည်” ဟု အီရန်လက်နက်ကိုင် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇော်ဖာဂါရီ (Ebrahim Zolfaghari) က တနင်္လာနေ့ တွင် ပြောကြားခဲ့ကြောင်း အီရန်အခြေစိုက် Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့က အီရန်နိုင်ငံ၊ တီဟီရန်မြို့တွင် တွေ့ရသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmaeil Baghaei)။ (ဓာတ်ပုံ – Majid-Asgaripour/Wana News Agency/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို