နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်” ဟု အီရန်ကို အမိန့်ပေးခဲ့သည်။

ထို့နောက် ထရန့်သည် အလွန်အရေးပါသော အဆိုပါ ရေလမ်းကြောင်းကို ပြန်ဖွင့်ရန် အီရန်အတွက် နောက်ဆုံးအချိန်အသစ်ကို သတ်မှတ်လိုက်ပုံရပြီး၊ မနေ့က မွန်းလွဲပိုင်းတွင် “အင်္ဂါနေ့၊ အရှေ့ဘက်စံတော်ချိန် ည ၈ နာရီ!” ဟု ရေးသားခဲ့သည်။

နောက်ဆုံးရ အခြေအနေများနှင့် ပတ်သက်၍ သိထားသင့်သည်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ကမ္ဘာတစ်ဝှမ်းရှိ အီရန်သံရုံးများသည် ထရန့်၏ သတိပေးချက်အပေါ် ဝေဖန်ကဲ့ရဲ့သော တုံ့ပြန်မှုများကို တင်ခဲ့ကြပြီး၊ အီရန်လွှတ်တော်ဥက္ကဋ္ဌကမူ ထရန့်သည် အမေရိကန်ကို “ရှင်လျက်နဲ့ ငရဲကျခြင်း” ဆီသို့ တွန်းပို့နေသည်ဟု စွပ်စွဲခဲ့ကာ ဒေသတစ်ခုလုံး “မီးဟုန်းဟုန်းတောက်” သွားနိုင်ကြောင်း သတိပေးခဲ့သည်။
  • အီရန်အခြေစိုက် Mehr သတင်းဌာန၏ အဆိုအရ အီရန်အပေါ် အစ္စရေး-အမေရိကန်တို့၏ ညတွင်းချင်း တိုက်ခိုက်မှုများအတွင်း သေဆုံးသူများထဲတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ခြောက်ဦး ပါဝင်ကြောင်း သိရသည်။
  • လက်ဘနွန်နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ လက်ဘနွန်အပေါ် ညတွင်းချင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။
  • အစ္စရေးနိုင်ငံ၊ ဟိုင်ဖာ (Haifa) မြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို မနေ့က အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ရုပ်အလောင်းလေးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
  • အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ် (Israel Katz) တို့၏ အဆိုအရ အီရန်၏ နောက်ထပ် အဆင့်မြင့် လုံခြုံရေးအရာရှိတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။
  • အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်နှင့် ဆော်ဒီအာရေးဗီးယား အပါအဝင် ပင်လယ်ကွေ့နိုင်ငံများသည် သီတင်းပတ်ပေါင်းများစွာ အဆက်မပြတ် ဗုံးကြဲခံရပြီးနောက် ယနေ့အစောပိုင်းတွင်လည်း အီရန်၏ တိုက်ခိုက်မှုများကို ဆက်လက် ခုခံကာကွယ်နေကြရသည်။
  • ထရန့်၏ အီရန်ကို တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုအသစ်များက ရင်းနှီးမြှုပ်နှံ သူများကို စိုးရိမ်တုန်လှုပ်စေခဲ့ပြီး မနေ့က စျေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက် ခဲ့ရာ၊ ယနေ့အစောပိုင်းတွင် ရေနံစျေးနှုန်းများသည် အပြောင်းအလဲ သိပ်မရှိဘဲ မြင့်မားသော အခြေအနေမှာပင် ရှိနေသည်။
  • အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသော ဂျက်လေယာဉ်မှ အမေရိကန် လေသူရဲတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီးနောက်၊ သမ္မတထရန့်သည် ယနေ့ အရှေ့ဘက်စံတော်ချိန် မွန်းလွဲ ၁ နာရီတွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များနှင့် တွေ့ဆုံရန် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို