နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည်

BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်

အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက အသာစီးရသွားခဲ့ပါတယ်။

ဝါရှင်တန်စံတော်ချိန် ညနေ ၆ နာရီ ၃၂ မိနစ်မှာ သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ အီရန်တို့ဟာ “ ပြတ်သားတဲ့” ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ “ အများကြီး နီးစပ်နေပြီ” ဖြစ်ကြောင်းနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ဖို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သူသဘောတူလိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပို့စ်တင်ခဲ့ပါတယ်။

ဒါဟာ အချိန်ကပ်မှ လုပ်ဆောင်ခဲ့တာတော့ မဟုတ်ပေမဲ့၊ သဘောတူညီချက်မရရင် အီရန်ရဲ့ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေကို အမေရိကန်က အကြီး အကျယ် ဗုံးကြဲတိုက်ခိုက်မယ်လို့ ထရမ့်သတ်မှတ်ထားတဲ့ အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ (ဂရင်းနစ်စံတော်ချိန် ဗုဒ္ဓဟူးနေ့ သုညနာရီ) နောက်ဆုံးအချိန်နဲ့တော့ တော်တော်လေး နီးကပ်ခဲ့တာပါ။

ဒီအခြေအနေအားလုံးဟာ အီရန်ဘက်ကလည်း တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ကုန်သွယ်ရေး သင်္ဘောတွေအတွက် အပြည့်အဝ ပြန်ဖွင့်ပေးဖို့အပေါ် မူတည်နေပြီး၊ အီရန်ဘက်ကလည်း အဲဒီအတိုင်း လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ ဒီလိုမျိုး တိုးတက်မှုဟာ အင်္ဂါနေ့နံနက်ပိုင်းကဆိုရင် ဖြစ်လာဖို့ လုံးဝမသေချာတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ထရမ့်က အီရန်ယဉ်ကျေးမှုဟာ “ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အထိ” ပျက်သုဉ်းသွားလိမ့်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

အမေရိကန်သမ္မတတစ်ဦးထံက ထွက်ပေါ်လာတဲ့ ဒီလိုတုန်လှုပ်ဖွယ် ခြိမ်းခြောက်မှုက အီရန်ကို အရင်က ငြင်းပယ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးမျိုး လက်ခံလာအောင် ဖိအား ပေးနိုင်ခဲ့သလားဆိုတာကတော့ မသေချာပါဘူး။ ရှင်းလင်းနေတဲ့အချက်ကတော့ — ဆဲဆိုကြိမ်းမောင်းမှုတွေပါတဲ့ Truth Social က တောင်းဆိုမှုထွက်ပေါ်ပြီး နှစ်ရက်အကြာမှာ ထွက်လာတဲ့ — ထရမ့်ရဲ့ ထိတ်လန့်စရာကောင်းပြီး ရန်စလိုတဲ့ ဒီကြေညာချက်ဟာ ခေတ်သစ်အမေရိကန်သမ္မတတစ်ဦး ပြောဆိုခဲ့ဖူးတဲ့ ဒါမှမဟုတ် အရိပ်အမြွက်ပြခဲ့ဖူးတဲ့ ဘယ်အရာနဲ့မှ မတူတာပါပဲ။

ဒီနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ အမြဲတမ်းငြိမ်းချမ်းရေးကို ဦးတည်သွားခဲ့ရင် တောင်မှ၊ အီရန်စစ်ပွဲနဲ့ ထရမ့်ရဲ့ မကြာသေးမီက စကားလုံးတွေကြောင့် ကမ္ဘာကြီးက အမေရိကန်အပေါ် ရှုမြင်တဲ့ပုံစံဟာ အခြေခံကျကျ ပြောင်းလဲသွားနိုင်ပါတယ်။

တစ်ချိန်က ကမ္ဘာတစ်ဝှမ်း တည်ငြိမ်ရေးအတွက် အင်အားစုတစ်ခုအဖြစ် ပုံဖော်ခဲ့တဲ့ နိုင်ငံဟာ အခုအခါမှာတော့ နိုင်ငံတကာ စံနှုန်းတွေရဲ့ အခြေခံအုတ်မြစ်တွေကို လှုပ်ခါအောင် လုပ်နေ ပါတယ်။ ပြည်တွင်းနိုင်ငံရေးမှာ စံနှုန်းတွေနဲ့ ရိုးရာအစဉ်အလာတွေကို ဖျက်ဆီးရတာကို နှစ်သက်ပုံရတဲ့ သမ္မတဟာ အခုအခါမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာလည်း အလားတူ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေကတော့ အင်္ဂါနေ့မှာ ထရမ့်ရဲ့ စကားလုံးတွေအပေါ် ချက်ချင်းပဲ ရှုတ်ချ ခဲ့ကြပြီး၊ အချို့ကဆိုရင် သူ့ကို ရာထူးက ဖယ်ရှားဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။

သမ္မတဟာ ဆက်တိုက်ဆိုသလို ဆုတ်ယုတ်လာနေပြီး ခေါင်းဆောင်ဖို့ မသင့်တော်တော့တာ ရှင်းနေပါတယ်” လို့ လွှတ်တော်အမတ် ဂျိုအာကင် ကက်စထရို (Joaquin Castro) က X မှာ ရေးသားခဲ့ပါတယ်။

အမေရိကန် အထက်လွှတ်တော်ရဲ့ ဒီမိုကရက်ခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) ကလည်း အီရန်စစ်ပွဲကို ရပ်တန့်ဖို့ မဲမပေးတဲ့ ရီပတ်ဘလစ်ကန် ဘယ်သူမဆို “ ဒီလို ရူးသွပ်တဲ့ လုပ်ရပ်ရဲ့ နောက်ဆက်တွဲရလဒ်တိုင်းကို တာဝန်ယူရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်ရဲ့ ကိုယ်ပိုင်ပါတီဝင် အများအပြားက သမ္မတဘက်က ရပ်တည်ပေးခဲ့ကြပေမဲ့၊ ဒါဟာ သူအမြဲတမ်း ရရှိလေ့ရှိတဲ့ တစ်ခဲနက် ထောက်ခံမှုမျိုးတော့ မဟုတ်ခဲ့ပါဘူး။

ဂျော်ဂျီယာပြည်နယ်က ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်နဲ့ အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီရဲ့ အကြီးတန်းအဖွဲ့ဝင် အော်စတင် စကော့တ် (Austin Scott) က ယဉ်ကျေးမှုတစ်ရပ် ပျက်သုဉ်းသွားမယ်ဆိုတဲ့ ထရမ့်ရဲ့ ခြိမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

သမ္မတရဲ့ မှတ်ချက်တွေဟာ အကျိုးမဲ့စေပါတယ်” လို့ သူက BBC ကို ပြောခဲ့ပြီး “ ဒါကို ကျွန်တော် သဘောမတူပါဘူး” လို့ ဆိုပါတယ်။

အစဉ်အမြဲ ထရမ့်ဘက်တော်သားဖြစ်တဲ့ ဝစ္စကွန်းဆင် အထက်လွှတ်တော်အမတ် ရွန် ဂျွန်ဆင်ကလည်း ထရမ့်ကသာ ဗုံးကြဲတိုက်ခိုက်မှုကို ဆက်လုပ်မယ်ဆိုရင် ဒါဟာ “ အမှားကြီး” ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။ တက္ကဆက်ပြည်နယ် လွှတ်တော်အမတ် နသန်နီရယ် မိုရန် (Nathaniel Moran) ကလည်း “ ယဉ်ကျေးမှုတစ်ရပ်လုံး ဖျက်ဆီးခြင်း” ကို သူ မထောက်ခံကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ ပုံစံမဟုတ်ပါဘူး၊ အမေရိကန်ကို ကာလရှည်ကြာ လမ်းညွှန်ခဲ့တဲ့ အခြေခံမူတွေနဲ့လည်း မကိုက်ညီပါဘူး” လို့ သူက ရေးသားခဲ့ပါတယ်။

သမ္မတနဲ့ မကြာခဏ သဘောထားကွဲလွဲလေ့ရှိတဲ့ အလက်စကာ အထက်လွှတ်တော်အမတ် လီဆာ မာကောင်းစကီး (Lisa Murkowski) ကလည်း သမ္မတရဲ့ ခြိမ်းခြောက်မှုဟာ “ အီရန်နဲ့ ညှိနှိုင်းရာမှာ အသာစီးရဖို့ ကြိုးပမ်းချက်တစ်ခုအဖြစ်နဲ့ ဆင်ခြေပေးပြီး ခွင့်လွှတ်လို့ မရနိုင် ပါဘူး” လို့ တိုက်ရိုက် ရေးသားခဲ့ပါတယ်။

ဒါပေမဲ့ အိမ်ဖြူတော်ဘက်ကတော့ ဒီဖိအားပေးမှုက အလုပ်ဖြစ်ခဲ့တယ်လို့ ပြန်လည်ချေပနိုင်ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ကြေညာတဲ့ ထရမ့်ရဲ့ Truth Social ပို့စ်မှာ အမေရိကန်ဟာ ၎င်းရဲ့ စစ်ရေးရည်မှန်းချက်အားလုံးကို “ ပြည့်မီရုံတင်မကဘဲ ကျော်လွန်အောင် လုပ်နိုင်ခဲ့တယ်” လို့ ဆိုထားပါတယ်။

အီရန်ရဲ့ စစ်အင်အားဟာ သိသိသာသာ အားနည်းသွားခဲ့ပါတယ်။ ၎င်းတို့ရဲ့ အစ္စလာမ် အစွန်းရောက် အုပ်ချုပ်ရေးစနစ် အာဏာရှိနေဆဲ ဖြစ်ပေမဲ့၊ ထိပ်တန်းခေါင်းဆောင် အများအပြားဟာ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ပါတယ်။

ဒါပေမဲ့ လောလောဆယ်မှာတော့ အမေရိကန်ရဲ့ ရည်မှန်းချက် အများအပြားဟာ သံသယ ဖြစ်စရာ ရှိနေဆဲပါ။ အီရန်ရဲ့ နျူကလီးယားလက်နက် အစီအစဉ်ရဲ့ အခြေခံဖြစ်တဲ့ သန့်စင်ပြီး ယူရေနီယံတွေ ဘယ်မှာရှိနေလဲဆိုတာ မသိရသေးပါဘူး။ အီရန်ဟာ ယီမင်က ဟူသီ သူပုန် တွေလို ဒေသတွင်းက လက်ဝေခံအဖွဲ့တွေအပေါ်မှာလည်း သြဇာလွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

အီရန်က ဟော်မုဇ် ရေလက်ကြားကို အပြည့်အဝ ပြန်ဖွင့်ပေးရင်တောင်မှ — အခွန်အခတွေ ဒါမှမဟုတ် တခြားပေးချေမှုတွေ မတောင်းဘဲ ပေးဖြတ်ရင်တောင်မှ — ဒီအရေးပါတဲ့ ပထဝီနိုင်ငံရေး ဗျူဟာကျတဲ့နေရာကို ထိန်းချုပ်နိုင်စွမ်းဟာ အခုအခါမှာ အရင်ကထက် ပိုပြီး ထင်ရှားလာခဲ့ပါတယ်။

ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေး သတင်းစကားအပြီး ထုတ်ပြန်ချက်တစ်ခုမှာ အီရန်နိုင်ငံခြားရေး ဝန်ကြီး ဆယက် အာရတ်ချီ (Seyed Aragchi) က အီရန်အနေနဲ့ ၎င်းရဲ့ “ ခုခံကာကွယ်ရေး စစ်ဆင်ရေးတွေ” ကို ရပ်တန့်မှာဖြစ်ပြီး “ အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းမှု” ကတစ်ဆင့် ဟော်မုဇ်ကို ဘေးကင်းစွာ ဖြတ်သန်းခွင့်ပြုမှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ အမေရိကန်က အီရန်ရဲ့ အချက် ၁၀ ချက်ပါ အစီအစဉ်ရဲ့ “ ယေဘုယျ မူဘောင်” ကို လက်ခံခဲ့တယ်လို့လည်း သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ အမေရိကန်က ဒေသတွင်းက စစ်တပ်တွေ ရုပ်သိမ်းဖို့၊ အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားဖို့၊ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေး ပေးဖို့နဲ့ ဟော်မုဇ်ကို အီရန်က ဆက်လက်ထိန်းချုပ်ခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ ထရမ့်အနေနဲ့ ဒီအချက်တွေကို တကယ် သဘောတူလိမ့်မယ်လို့ စိတ်ကူးကြည့်ဖို့ ခက်ခဲ ပါတယ်။ ဒါဟာ နောက်ထပ် နှစ်ပတ်ကြာမယ့် ဆွေးနွေးမှုတွေဟာ အလွန်ခက်ခဲ ကြမ်းတမ်း နိုင်တယ်ဆိုတဲ့ လက္ခဏာပါပဲ။

ဒါပေမဲ့ လောလောဆယ်မှာတော့ ဒါဟာ ထရမ့်အတွက် နိုင်ငံရေးအရ အောင်ပွဲတစ်ခုပါပဲ။ သူဟာ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို လုပ်ခဲ့ပြီး လိုချင်တဲ့ ရလဒ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲရေးဟာ အသက်ရှူချောင်ရုံ အချိန်ဆိုင်းလိုက်တာသာဖြစ်ပြီး အမြဲတမ်း ဖြေရှင်းချက်တော့ မဟုတ်ပါဘူး။

သမ္မတရဲ့ စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့ စစ်ပွဲတစ်ခုလုံးကြောင့် ဖြစ်ပေါ်လာမယ့် ကာလရှည် ပေးဆပ်ရမှုတွေကိုတော့ အပြည့်အဝ မခန့်မှန်းနိုင်သေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 45 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 34 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း