နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

အာရှ

အာရှ

မလေးရှားဝန်ကြီးချုပ် အန်ဝါသည် ထိုင်းအစိုးရနှင့် ခွဲထွက်ရေးသူပုန်မျာ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ပါဝင် ဖြေရှင်းပေးမည်

မလေးခေါင်းဆောင်သည် ထိုင်းနိုင်ငံ၏ ရှုပ်ထွေးနေသော တောင်ဘက်တွင် ညှိနှိုင်းမှုများ စတင်ရန် အကူအညီပေးကောင်းပေးနိုင်မည်။ မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က “ပဋိပက္ခအတွက် ငြိမ်းချမ်းပြီး အနှစ်သာရပြည့်ဝတဲ့ ဖြေရှင်းမှု ရှိရမယ်။ (ဓာတ်ပုံ – Reuters)

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၊ ဘန်ကောက်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် လာမည့်ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို့ ၎င်း၏ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ပြီး ထိုင်း-မလေးနယ်စပ်ရှိ ခွဲထွက်ရေးသူပုန်များကြား ဆယ်စုနှစ်များစွာကြာ ငြိမ်းချမ်းရေးရရှိရန်အတွက် ဆွေးနွေးမှုသို့ တရားဝင် ပါဝင်ဆွေးနွေး ပေးမည်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ မြောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ အန်ဝါသည် နိုဝင်ဘာလတွင် ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်ပိုင်း စတုတ္ထမြောက် နိုင်ငံတကာ ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် စင်္ကာပူနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၏ အစီအစဉ်တွင် ပါဝင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်ပါသည်။

အန်ဝါသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တန့်နေခဲ့သော ထိုင်းနိုင်ငံတောင်ပိုင်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးရန် ကြိုးပမ်းမည် ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မေလတွင် ပြန်လည်အရွေးခံရန် ပြင်ဆင်မှုအတွင်း သူ့အားပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းလိုသူအဖြစ် ရှုမြင်လိုမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်က ဖိတ်ကြားမှုအရ မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အစိုးရလက်ထက်တွင် မလေးရှားသည် ကြားဝင်ဖြန်ဖြေသူ တာဝန်ကို ယူခဲ့ဖူးသည်။ သို့ရာတွင် ပရာယွတ် ဦးဆောင်သော ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ယင်လပ်အား ရာထူးမှ ဖြုတ်ချပြီးနောက် ထိုလုပ်ငန်းစဉ်သည် ပြီးဆုံးခဲ့သည်။

ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်းပြည်နယ်သုံးခုတွင် ပဋိပက္ခသည် ၂၀၀၄ ခုနှစ် အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်မှစ၍ လူပေါင်း ၇၀၀၀ ကျော် သေဆုံးခဲ့ရသည်။ သောင်းကျန်းသူများသည် ထိုင်းလုံခြုံရေး တပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ခြင်း ကားဗုံး ဖောက်ခွဲမှုတို့ကို ဦးစားပေး ပြုလုပ်ကြပြီး တုံ့ပြန်သောအားဖြင့်ထိုင်းတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်မှု များနှင့်နယ်မြေရှင်းလင်း မှုများကိုလုပ်ကြသည်။ သူပုန်ထမှုများသည် ၁၉၄၀ ခုနှစ်ပတ်ဝန်းကျင်တွင် မြစ်ဖျားခံခဲ့ပြီး ထိုင်းနှင့် မလေးလူမျိုးများရှိသော ယာလာ၊ နရသီဝပ်နှင့် ပတ္တာနီဒေသများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် လက်နက်ဆွဲကိုင်ခဲ့ကြသည်။ သူပုန်များသည် ယိုးဒယားမှ သိမ်းပိုက်ထားသော ပတ္တာနီဒေသရှိ စူလတန် နိတ်မျိုးနွယ်နှင့် ဆက်နွှယ်မှုရှိသည်။

ထိုင်း-မလေး ခွဲထွက်ရေးသမားများနှင့် အစ္စလမ်ဘာသာရေးဆရာများ တည်ထောင်ထားသည့် အကြီးဆုံးသော ထိုင်း-မလေး ခွဲထွက်ရေး အဖွဲ့ Barisan Revolusi Nasional (BRN) နှင့် ထိုင်းအစိုးရတို့ ကြားလွန်ခဲ့သည့်နှစ်တွင် မလေးရှားနိုင်ငံသည် သုံးကြိမ်တိုင်တိုင် ကြားဝင် ဆောင်ရွက်ပေးခဲ့သည်။ ဧပြီလတွင် ဒုတိယအကျော့က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် လမ်းညွှန်ချက်များနှင့် ရက်ပေါင်း ၄၀ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လမ်းညွှန်ချက်များ ထွက်ပေါ်လာခဲ့ပြီး အဓိကအားဖြင့် BRN ၏ နှစ်စဉ်ထိုးစစ်ကို မွတ်စ်လင်မ်ရမ်ဇာန်လအတွင်း တားဆီး ပိတ်ပင်ခဲ့သည်။

အန်ဝါသည် ဘန်ကောက်သို့ ရောက်ရှိလာခြင်းမှာ ကြားနေပြီး ပြေလည်အောင်စေ့စပ်ပေးသူအဖြစ် ရှေ့ပြေးရောက်ရှိနေသည့် အသစ်ခန့်အပ်ထားသူ ဗိုလ်ချုပ်ကြီး ဇူလ်ကီဖီ ဇိုင်နယ်လ် အဘီဒင် (cccc) ၏ နောက်တွင်ဖြစ်သည်။ မလေးရှား လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲဟောင်း ဇူလ်ကီဖီသည် သောင်းကျန်းမှု နှိမ်နင်းရေးတွင် ကျွမ်းကျင်သူ ဖြစ်သည်ဟု ဆိုသည်။ ၂၀၁၈ ခုနှစ် ကတည်းက လေ့ကျင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အမျိုးသားရဲချုပ်ဟောင်း အပ္ပဒူလ် ရာဟင်နျူး Abdul Rahim Noor ၏ နေရာတွင် သူ့ကို အစားထိုးခဲ့သည်။ ဇူလ်ကီဖီ သည် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝမ်လော့ပ် ရာပ်စနော့ (Wanlop Rugsanaoh) နှင့် ထိုင်းနိုင်ငံ၏ စေ့စပ်ညှိနှိုင်းရေးမှူး၊ ဒုတိယဝန်ကြီးချုပ် ပရာဝပ် ဝမ်စူဝမ် (Prawit Wongsuwan) တို့နှင့် သောကြာနေ့တွင် တံခါးပိတ် တွေ့ဆုံဆွေးနွေး ခဲ့သည်။ လာမည့်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၂ ရက်အထိ ကွာလာလမ်ပူတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဇူလ်ကီဖီက ထိုင်းစေ့စပ်ညှိနှိုင်းရေးမှူးများကို အဆိုပါနေ့တွင် အသိပေးခဲ့သည်။

အန်ဝါနှင့် ဇူလ်ကီဖီအတွက် အခက်အခဲမှာ နှစ်ဖက်စလုံးက တဖက်နှင့် တဖက် ယုံကြည်စိတ်ချရမှု မရှိခြင်းဖြစ်သည်။ ပါတာနီ (Patani) အမျိုးသားရေး လှုပ်ရှားမှုနှင့် BRN အကြား ကွဲလွဲမှုများသည် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံခြင်း မပြုရန် တားဆီးထားသည်။ BRN ၏ မကျေနပ်ချက်မှာ ပရာယွတ်အစိုးရသည် ညီညွတ်သော ပါတာနီ လွတ်မြောက်ရေး အဖွဲ့ (Patani United Liberation Organization (PULO) နှင့် ပါတာနီ အစ္စလန်မစ် မူဂျာဟီဒင်လှုပ်ရှားမှုအဖွဲ့ (Patani Islamic Mujahideen Movement) ပါဝင်သော မာရာပါတာနီ (Mara Patani) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ BRN ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အာနက်စ် အပ္ပဒူလ်ရာမန် (Anas Abdulrahman) အပါအဝင် ညှိနှိုင်းရေးမှူး အများအပြားသည် ပြည်ပ မလေးရှားတွင် နေထိုင်ကြသည်။ “နိုင်ငံရေးဝါဒီနဲ့ တိုက်ပွဲဝင်ဝါဒီကြား အတိုင်းအတာတစ်ခုအထိ အဆက်အစပ်ပြတ်တောက်နေပါတယ်” ဟု ပါတာနီနှင့် အခြားဒေသဆိုင်ရာ ပဋိပက္ခများတွင် လုပ်ဆောင်ခဲ့သည့် လုံခြုံရေးလေ့လာ သုံးသပ်သူ ဒွန်ပါသန် (Don Pathan) က ပြောကြားခဲ့သည်။

ထိုင်းအစိုးရနှင့်တောင်ပိုင်းရှိ စစ်သွေးကြွများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အရှိန်မြှင့်ရန် အသင့်ရှိနေကြသည်။ ဘန်ကောက်နှင့် BRN တို့သည် ယမန်နှစ်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြန့်ကျဲနေသော မီးရှို့မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများနှင့် တောင်ပိုင်းတွင် ရဲတပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုင်းအခြေခံဥပဒေအောက်တွင် BRN နိုင်ငံရေးခေါင်းဆောင်များက စေ့စပ်ညှိနှိုင်းရန် သဘောတူလိုက်သောအခါ ငယ်ရွယ်သော သောင်းကျန်းသူများသည် ပါတာနီလွတ်လပ်ရေးကြိုးပမ်းမှုအား နှောင့်နှေးစေသည်ဟု ယူဆကြသည်။ ၂၀၁၉ ခုနှစ်အတွင်း အောင်မြင်မှုများသည် ဆွစ်ဇာလန်အစိုးရ မဟုတ်သောအဖွဲ့အစည်းတစ်ခုမှ ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီး ထိုင်းတာဝန်ရှိသူများနှင့် ဘာလင်တွင် BRN ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် စီစဉ်ပေးခဲ့သည်။ ထို့နောက် BRN သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားချိန်တွင် ၂၀၂၀ ခုနှစ်တွင် တစ်ဖက်သတ်အပစ်အခတ် ရပ်စဲကြောင်း ကြေညာခဲ့သည်။

ကွာလာလမ်ပူရှိ ခေါင်းဆောင်များကို ဒေါသထွက်စေခဲ့သော ဘာလင်၏ နောက်ဖေးဖက်လက်သိပ်ထိုး ဆွေးနွေးမှုလမ်းကြောင်းသည် ပြီးခဲ့သောနှစ်တွင် ဆွေးနွေးပွဲများတွင် မလေးရှားနိုင်ငံအား လမ်းဖွင့်ပေးခဲ့သည်

မင်ဒါနာအိုအခြေစိုက် မိုရိုအစ္စလာမ္မစ်လွတ်မြောက်ရေးတပ်ဦး (MILF) နှင့် ဖိလစ်ပိုင်အစိုးရတို့ကြား ညှိနှိုင်းဆွေးနွေးမှုများတွင် မလေးရှားနိုင်ငံသည် ကြားဝင်စေ့စပ်ပေးသူအဖြစ် ပါဝင်ခဲ့ဖူးကြောင်း မှတ်တမ်းများရှိသည်။ အဆိုပါ လုပ်ငန်းစဉ်သည် ဖိလစ်ပိုင် တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်ဆလင်ဒေသ ထူထောင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Bangsamoro ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် မနီလာရှိ ခေါင်းဆောင်များ၏ ဆန္ဒကို အပေးအယူလုပ်ရန်လည်း တွန်းအားပေးခဲ့သည်။ “ တိုကျိုမှာ MILF မှ မူရတ် အီဗရာဟင် (Murad Ebrahim) နှင့် ဖိလစ်ပိုင်မှ နွိုင်နွိုင်အကီနို (Noynoy Aquino) တို့တွေ့ဆုံတုန်းကနဲ့ မတူဘဲ ဘန်ကောက်နဲ့ BRN ကြား ပွင့်လင်းတဲ့ ဆွေးနွေးမှုမျိုး မရှိပါဘူး” ဟု Pathan မှ ပြောကြားခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်သမ္မတ ဘင်နစ်နို အကီနို (Benigno S. Aquino III) သည် ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်စဉ် MILF ခေါင်းဆောင်နှင့်ထုတ်ဖော်ပြောဆိုခြင်း မရှိသော တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး တရားဝင်စေ့စပ်ညှိနှိုင်းမှုများအတွက် လမ်းခင်းပေးခဲ့သည်။

မလေးရှားတွင် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်မှီတွင်ပင် အန်ဝါသည် BRN ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး စက်တင်ဘာလတွင် ဘန်ကောက်သို့ ညှိနှိုင်းမှုအတွက်သွားရောက်ခဲ့သည်။ “ပဋိပက္ခကို ငြိမ်းချမ်းပြီး ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းမှု ရှိရမယ်။ အနည်းဆုံး ကျိုးကြောင်းဆီလျော်တဲ့ ပြောဆိုချက်နဲ့ အမြင်ချင်း မျှတစွာ ဖလှယ်နိုင်ဖို့ ဒီနေရာက ခေါင်းဆောင်တချို့နဲ့ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေကို အမြဲသုံးပါတယ်” ဟု အန်ဝါကဘန်ကောက်သို့ လာရောက်လည်ပတ်စဉ် ထိုင်းနိုင်ငံခြား သတင်းထောက်များ ကလပ်တွင် ပြောကြားခဲ့သည်။ သို့သော် အန်ဝါသည် မည်မျှအောင်မြင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများက သတိထား ကြည့်နေကြသည်။ ဆွေးနွေးပွဲများသည် မရေရာသော အခြေအနေတွင် ရှိနေသဖြင့် PULO နှင့် GMIP တို့ ဆွေးနွေးပွဲတွင် ပါဝင်ရန် ဘန်ကောက်၏ ကြိုးပမ်းမှုများသည် BRN အား ညှိနှိုင်းရေး စားပွဲဝိုင်းမှ ထွက်သွားရန် တွန်းအားပေးခြင်းမျိုး ဖြစ်မည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ “CSO တွေက သူ့အတွက် ဝမ်းသာပါတယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ဒါက ထိုင်းနိုင်ငံရဲ့ ပြဿနာပါ။ ထိုင်းဘက်က သဘောမတူရင် အန်ဝါက ဘာမှ လုပ်လို့မရဘူး” ဟု Pathan က ပြောသည်။

Nikkei ၏ FRANCESCA REGALADO ရေးသားသည့် “Malaysia PM Anwar enters Thai peace talks with separatist rebels Leader may help jump-start negotiations in Thailand’s troubled south” ကို Era’s Eye မှ ဘာသာပြန်သည်။

ဓာတ်ပုံ။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်
ဓာတ်ပုံမူပိုင်။ ရိုက်တာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အတွက် အိန္ဒိယ၀န်ကြီးသည် ပါကစ္စတန်သို့ ရှားရှားပါးပါးလာရောက်လည်ပတ်ခဲ့သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 9 Views
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘာရာမန်ရမ် ဂျန်ရှင်ကာ (Subrahmanyam Jaishankar) သည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိုးရအစည်းအဝေး ကိုတက်ရောက်ရန်
မြန်မာသတင်း အာရှ

ကန်ဒေါ်လာ (၂)သိန်းခွဲတန်ဖိုးရှိ စီမံချက် (၅)ခု အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့ လက်မှတ်ရေးထိုး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 15 ရက်
  • 18 Views
အောက်တိုဘာလ (၁၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့အကြား စိုက်ပျိုးရေးကဏ္ဍနဲ့ အသက်မွေးဝမ်းကြောင်းဆိုင်ရာအပါအဝင် နားလည်မှုစာချွန်လွှာ (၅)ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဒီကနေ့မှာ
နိုင်ငံတကာသတင်း အာရှ

ထိုင်ဝမ်တဝိုက် အကြီးစားစစ်ရေးလေ့ကျင့်များ တရုတ်ပြုလုပ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 14 ရက်
  • 14 Views
အောက်တိုဘာလ (၁၄) ရက်။ ယနေ့ အောက်တိုဘာလ (၁၄) ရက်နေ့တွင် တရုတ်စစ်တပ်သည် လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ပြီး ထိုင်ဝမ်တစ်ဝိုက်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ တိုက်လေယာဉ်များ စုစုပေါင်း ၁၂၅ စင်း ပါဝင်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေး
နိုင်ငံတကာသတင်း အာရှ

Apple သို့ ပစ္စည်းပေးသွင်းသည့် တိုင်ဝမ်ဝန်ထမ်းများကို တရုတ်နိုင်ငံတွင် ‘ထူးဆန်းသော’ အမှုဖြင့် ဖမ်းဆီးခဲ့သည်။

  • 2024 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 23 Views
အောက်တိုဘာ (၁၂) ရက်။ ကမ္ဘာ့အကြီးဆုံး iPhone အစိတ်အပိုင်းများကို တပ်ဆင်ပေးသူ ထိုင်ဝမ် Foxconn မှ ဝန်ထမ်းလေးဦးအား တရုတ်နိုင်ငံတွင် “ထူးဆန်းသော” အခြေအနေများအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။ ထိုင်ဝမ်၏ တရုတ်ပြည်မကြီးရေးရာကောင်စီ၏ထုတ်ပြန်ချက်တွင် အလုပ်သမား
မြန်မာသတင်း အာရှ

တရုတ်က ဘာကြောင့် စစ်တပ်ဖက်ကို လုံးဝရပ်ပြလိုက်တာလဲ?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 51 Views
စစ်အာဏာသိမ်းတဲ့အခါ ပထမဦးဆုံး တရုတ်က စစ်တပ်ကို ထောက်ခံကြောင်းမပြခဲ့ဘူး။ သူတို့နိုင်ငံကို ထိခိုက်နေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေကို သူတို့က နှိမ်နှင်း ချင်နေတယ်။ ဒါပေမဲ့ ဒီကျားဖြန့်ဂိုဏ်းတွေက ယူနန်နယ်နဲ့ထိစပ်နေတဲ့ ကိုးကန့်နဲ့ “ ဝ” နယ်တွေအပြင် ကရင်ပြည်နယ် ရွှေကုက္ကိုလိုနေရာတွေမှာ
နိုင်ငံတကာသတင်း အာရှ

ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိ++++++++++++++++++

  • 2024 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 23 Views
အောက်တိုဘာလ (၁၁) ရက်။ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုရွေးချယ်ကော်မတီက ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအား ဂျပန်အဏုမြူဗုံးနှင့် အဏုမြူဗုံးဒဏ်သင့်အဖွဲ့ (နိပွန်းဟိဒန်းကရိုး – Nippon Hidankyo အတိုကောက်- ဟိဒန်းကရိုး) ထံ ပေးအပ်မည်ဖြစ်ကြောင်း နော်ဝေနိုဘယ်လ်ကော်မတီက အောက်တိုဘာလ (၁၁)
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မြန်မာနိုင်ငံမှထွက်ခွာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 65 Views
ဂျပန်နိုင်ငံက မြန်မာနိုင်ငံအား သံတမန်အဆင့် လျှော့ချလိုက်သည်။ စက်တင်ဘာလ (၂၈) ရက်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အီချိရို မာရုယာမာ (Ichiro Maruyama) သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။ နောက်ဆက်ခံမည့် သံအမတ်ခန့်အပ်ခြင်းအစား
နိုင်ငံတကာသတင်း အမေရိကန် အာရှ

QUAD အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန် လေးနိုင်ငံအစည်းအဝေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 48 Views
စက်တင်ဘာလ (၂၅) ရက်။ သမ္မတ ဂျိုးဘိုင်ဒင်သည် ၎င်း၏ မွေးရပ်ဇာတိ ဒယ်လာဝဲယား ပြည်နယ် ဝီမင်တန်မြို့တွင် Quad လေးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် သြစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်ခေါင်းဆောင်များကို ယခုသီတင်းပတ်တွင် ဖိတ်ခေါ်ခဲ့ပြီး ၎င်း၏ သမ္မတသက်တမ်းလွန်ကာလအထိ