နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

အာရှ

အာရှ

အာဆီယံ – အီးယူ ထိပ်သီးအစည်းအဝေးကျင်းပ ၊ မြန်မာ စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြု

ဥရောပသမ္မဂ ၏ လူသားချင်းစာနာထောက်ထားမှု အကူညီများပေးအပ်သွားမည်

အာဆီယံ – အီးယူ ထိပ်သီးအစည်းအဝေးကို ယနေ့ ဒီဇင်ဘာ (၁၅) ရက်မှာပြုလုပ်ခဲ့သည်။ အဆိုပါ အာဆီယံ-အီးယူ ထိပ်သီး အစည်းအဝေး တွင် စစ်ကောင်စီကို တက်ရောက်ခွင့်မပြုခဲ့ဘဲအစည်း အဝေးမှာ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နိုင်ငံခြား သားတွေကို လွှတ်ပေးဖို့ အတွက် ကြေညာချက်ထုတ်ကာ ကြောင်းသိရသည်။


အာဆီယံ – အီးယူ ထိပ်သီးအစည်းအဝေးခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင်အာဆီယံ ပဋိညာဉ်စာတမ်းအရ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်ဆိုင်ရာကတိကဝတ်တွေကို ပေါ်လွင်စေမယ့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဖြေရှင်းနည်း ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းသွားမည်ဟု ဖော်ပြပါရှိသည်။

Photo – CRD -အာဆီယံ-အီးယူထိပ်သီးအစည်းအဝေးပွဲပြုလုပ်နေစဉ်။

ထို့အပြင် အဆိုပါ ထိပ်သီး အစည်းအဝေးတွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက တက်ကြွလှုပ်ရှားသူ(၄) ဦးကို သေဏ်ချမှတ်မှု ကိုလည်း ရှုတ်ချလိုက်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အာဆီယံရဲ့ သဘောတူညီချက် (၅) ချက်ကို အကောင် အထည်ဖော်ကြိုးပမ်းမှုအတွက် ပြင်ပ မိတ်ဖက်ဖြစ်သည့် အီးယူကဲ့သို့သော အဖွဲ့များ၏ ပံ့ပိုးကူညီမှု တွေကို လည်း မျှော်လင့်နေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
မြန်မာ့အရေးကို အဖြေရှာဖို့အတွက် အာဆီယံကို ပံ့ပိုးသွား မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

အာဆီယဥက္ကဌ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်ရဲ့ လုပ်ဆောင်မှုတွေက တဆင့် ဥရောပသမ္မဂဟာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေကို ပြည်သူတွေဆီကိုထိရောက်စွာ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 111 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 189 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 174 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 177 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 195 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 212 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 195 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့