နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

အာရှ

အာရှ

ထိုင်းနိုင်ငံရေးလောကကို ဝင်ရောက်လာသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး

ထိုင်းနိုင်ငံ၏ ထိပ်တန်း အတိုက်အခံ ပါတီသည် အနည်းဆုံး အခကြေးငွေ တိုးမြှင့်ရေး၊ လက်ဝါးကြီးအုပ်မှုကို တိုက်ဖျက်ရန်နှင့် တရားမဝင် မူးယစ်ဆေးဝါးကို စစ်ကြေညာတိုက်ဖျက်ရန်နှိုးဆော်ပြီး ၂၀၂၃ မဲဆွယ်ပွဲ ရာသီကို စတင်ခဲ့သည်။

Pheu Thai ပါတီသည် ၂၀၂၇ ခုနှစ်တွင် အနိမ့်ဆုံးနေ့စဉ်လုပ်ခ ဘတ် ၆၀၀ (၁၇ အမေရိကန်ဒေါ်လာ) သို့ ပြောင်းလဲသတ်မှတ်မည် ဖြစ်သည်။ လက်ရှိ ၃၂၈ ဘတ်မှ နှစ်ဆနီးပါး တိုးမြှင့်သွားရန် စီစဉ်ထားပြီး ရိုးရိုးဘွဲ့လက်မှတ် ကိုင်ဆောင်သူများသည် တစ်လလျှင် အနည်းဆုံး ဘတ် ၂၅,၀၀၀ ရရှိမည်ကို သေချာစေမည်ဟုမဲဆွယ်ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း Pheu Thai အစိုးရကို ဖြုတ်ချခဲ့သော “ဆယ်စုနှစ်တစ်ခု” မှ ပျောက်ဆုံးခဲ့သော ဆယ်စုနှစ်သို့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိရန် ပို့ဆောင်ပေးမည်ဟု ကတိပြုထားသည့် ပါတီမှ မူဝါဒဆယ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ ပါတီ၏ ကြီးကြီးမားမား မဲဆွယ်စည်းရုံးရေး အခြေခံအချက်များအဖြစ် လာမည့် လေးနှစ် သက်တမ်းတွင် နိုင်ငံ၏စီးပွားရေးသည် နှစ်စဉ် အနည်းဆုံး ၅ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားသည်။ လာမည့်အထွေထွေ ရွေးကောက်ပွဲကို မေလ ၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ပါတီတည်ထောင်သူနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်သူ ဖယ်ထောင်ထန်ရှင်နာဝတ် (Paetongtarn Shinawatra) မှ အင်္ဂါနေ့တွင် အဆိုပါအချက်များကို ကြေညာခဲ့သည်။ သူမ၏နာမည်ပြောင် အွန်အင် (Ung Ing) ဟု လူသိများသော ဖယ်ထောင်ထန်သည် လွန်ခဲ့သည့်နှစ်တွင် ဘန်ကောက်မြို့အပြင်ဘက်ရှိ ပါတီအမာခံနယ်မြေများတွင် မဲဆွယ်စည်းရုံးခဲ့ပြီး ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ပွဲတွင် ရှေ့ပြေးတစ်ဦးဖြစ်လာခဲ့သည်။

“ထိုင်းနိုင်ငံဟာ စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ လူမှုရေးအရအားလုံးမှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ရပ်တည်နိုင်မှု မရှိဘဲ နောက်ပြန် ဆုတ်သွားပြီ” ဟု ဖယ်တောင်ထန်က ပြောသည်။ “လူတော်တော်များများဟာ အချိန်အတော်ကြာ စုပုံတင်ရှိလာတဲ့ အကြွေးတွေနဲ့ မပေးဆပ်နိုင်ဘဲ လုံးချာလည်နေကြတယ်” ဟု သူမက ဆိုသည်။

ကပ်ရောဂါဖြစ်ပွားကတည်းက အိမ်ထောင်စုများတွင် ကြွေးမြီများသည် ယခင် ၆၀% ရှိရာမှ နောက်ပိုင်းတွင် GDP ၏ ၈၀% ကျော်ရှိသည်။ ပါတီသည် တစ်ဦးချင်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေတိုးတက်စေရန် အစားအစာ၊ ဖက်ရှင်နှင့် အနုပညာတို့တွင် ကျွမ်းကျင်မှုသင်တန်းစသည့် ဖန်တီးမှုဆိုင်ရာ အလုပ်အကိုင်များကို မြှင့်တင်ရန် စီစဉ်ထားသည်။ ယင်း၏သော့ချက်မှာ လက်ဝါးကြီးအုပ်မှုများကို ဖြိုခွင်းခြင်းဖြစ်ပြီး အထူးသဖြင့် တပိုင်တနိုင် ဘီယာချက်လုပ်သည့် လုပ်ငန်းငယ်များနှင့် အရက်ချက်စက်ရုံ အငယ်စားများအတွက် အခွင့်အလမ်းများ ဖွင့်ပေးရန် အထူးသဖြင့် ယစ်လုပ်ငန်းတွင် လက်ဝါးကြီးအုပ်မှုများကို ဖြိုခွဲမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သမီး Paetongtarn Shinawatra

လယ်ယာကဏ္ဍအတွက် Pheu Thai ပါတီသည် လယ်သမားများ၏ ငွေဖြစ်လွယ်မှုကို တိုးတက်စေရန်အတွက် ဒစ်ဂျစ်တယ် နည်းပညာဖြင့် နိုင်ငံခြားမှ ဝယ်သူများထံ တိုက်ရိုက်ရောင်းချနိုင်ရန်နှင့် လယ်သမားများ၏ စိုက်ပျိုးရေး အနာဂတ်နည်းလမ်း အဖြစ် ဖော်ပြခဲ့သည်။

၎င်း၏ အခြေခံအဆောက်အအုံမူဝါဒအရ ပါတီသည် လာအို၊ ထိုင်းနှင့် မလေးရှားတို့ကိုဖြတ်၍ တရုတ်နှင့် စင်ကာပူကို ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းကို တည်ဆောက်မှုကို အားပေးသည်။ ဘန်ကောက်တွင် ရေကြီးခြင်းမှ ကာကွယ်ရန်နှင့် နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း အဓိကဇုန်ဖြစ်သော အရှေ့စီးပွားရေးစင်္ကြံကို တိုးချဲ့ရန် ထိုင်းပင်လယ်ကွေ့ တစ်လျှောက် မြေယာများ ပြန်လည်ပြင်ဆင်ရေးကိုလည်း အဆိုပြုခဲ့သည်။

ဖယ်ထောင်ထန်သည် ဘန်ကောက်မှ ပြည်နယ်အဆင့်အထိ ပြည်သူ့ရေးရာ ဘတ်ဂျက်များ၊ ဆေးရုံများနှင့် စာသင်ကျောင်းများ စီမံခန့်ခွဲရေး အပါအဝင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို အလေးထားခဲ့သည်။ ထိုင်းကျောင်းသားများ၏ ပရော်ဖက်ရှင်နယ် တိုးတက်မှုကို အဟန့်အတားဖြစ်စေသော ဘာသာစကား ကျွမ်းကျင်မှု ကွာဟချက်ကို ကုစားသောအားဖြင့် ပထမတန်းမှ စတင်၍ အင်္ဂလိပ် သို့မဟုတ် တရုတ်ဘာသာစကား သင်ကြားမှုတခုခုကို ရွေးချယ်သင်ကြားခွင့် ရရှိမည်ဖြစ်သည်။

၎င်း၏မူဝါဒတွင် ပါတီသည် “ မူးယစ်ဆေးဝါးနှင့် Pheu Thai ပါတီ” အတူမယှဉ်တွဲနိုင်ဟု ကြေညာခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် သက်ဆင်မှ စတင်ခဲ့သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပြန်လည်ပြီး ထိရောက်စွာ လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။ အာဏာရ ညွန့်ပေါင်းအဖွဲ့မှ ဆေးခြောက်ကို တရားဝင်ခွင့်ပြုခဲ့ခြင်းနှင့် စိတ်ကြွဆေး မက်သာမက်ဖင်း သုံးစွဲမှုဖြင့် အလုပ်ထုတ် ခံခဲ့ရသော ရဲသားဟောင်းတစ်ဦးက အောက်တိုဘာလတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် လာမည့် ရွေးကောက်ပွဲတွင် မူးယစ်ဆေးဝါးသည် အဓိကပြဿနာဖြစ်လာမည်ဖြစ်သည်။

“မူးယစ်ဆေးဝါးသုံးစွဲသူတွေကို နှိမ်နင်းမှုတွေနဲ့ တပြိုင်နက်တည်း ပြန်လည်ထူထောင်ရေးကိုလုပ်ဆောင်သွားမှာပါ” ဟု Pheu Thai ပါတီက ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာ တိုးပေးရန် Pheu Thai ပါတီ၏ အဆိုပြုချက်ကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ယခု အောက်တိုဘာလတွင် အစိုးရက ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် အတည်ပြုခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် နောက်ထပ် နှစ်နှစ်ဆက်နေဖို့ မျှော်လင့်ထားတယ်လို့ ပရာယွတ်က ပြောပြီး လုပ်ခတိုးမြှင့်ပေးဖို့ အဆိုပြုချက်ဟာ အလုပ်ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် တတ်နိုင်မှာ မဟုတ်ဘူးလို့ သတိပေးခဲ့သည်။

Pheu Thai ပါတီသည် ရွေးကောက်ပွဲနောက်ဆုံးနေ့မှ ခြောက်လအတွင်း လူထုစစ်တမ်းများအရ ထောက်ခံမှု အများဆုံး ရသည့်ပါတီအဖြစ် ဆက်လက်ဦးဆောင်ခဲ့သည်။ ၎င်း၏ အလားအလာရှိသော ဝန်ကြီးချုပ်လောင်း နှစ်ဦးဖြစ်သည့် ဖယ်ထောင်ထန်နှင့် စီးပွားရေးသမား သူဌေးကြီး Srettha Thavisin တို့သည် လူထုသဘောထား စစ်တမ်းများတွင် ထောက်ခံမှု ပုံမှန်ရရှိ ဦးဆောင်နေခဲ့ပြီး Srettha သည် ပြီးခဲ့သည့်လက Paetongtarn ကို ပထမဆုံးအကြိမ် ကျော်တက်သွားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် Nikkei သတင်းထောက် FRANCESCA REGALADO ၏ “ Thai opposition pledges to double minimum wage ahead of election” ကို ဆီလျော်အောင် ဘာသာပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 101 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 108 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 102 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 115 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 153 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 157 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 355 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်