နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 16 ရက်

ဆောင်းပါးများ

ဆောင်းပါးများ ထိုင်းနိုင်ငံရေး အာရှ

ဖွေထိုင်းပါတီသည် သူ့ပါတီမှ ဆာရက်သာ (Srettha) ဝန်ကြီးချုပ်မဲရရှိရန် Move Forward ပါတီမှ ခွဲထွက်။

**** ဒီမိုကရေစီလိုလားသော ညွန့်ပေါင်းအဖွဲ့၏ ပြိုကွဲမှုသည် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲတွင် အမတ်အများဆုံး အနိုင်ရရှိထားသည့်ပါတီအား အတိုက်အခံအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ***

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂) ရက်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ။

ပါလီမန်တွင် ရွေးကောက်တင်မြှောက်ရန် ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗိဆင် (Srettha Thavisin) ၏ သောကြာနေ့တွင် ရွေးချယ်မည့် ဝန်ကြီးချုပ်အရွေးခံမှု လမ်းကြောင်းကို ချောမွေ့စေရန် ရွေးကောက်ပွဲ အနိုင်ရသူ Move Forward ပါတီနှင့် မပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ အသစ်တစ်ရပ်ကို ဖွဲ့စည်းမည်ဟု ဖွေထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ရန်၊ ညွန့်ပေါင်းအသစ်ဖွဲ့စည်းရန်နှင့် ဆရက်သာ သာဗိဆင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် Move Forward ပါတီနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း၊ အောက်လွှတ်တော်ရှိ အကြီးဆုံးပါတီနှစ်ခုဖြစ်သည့် Move Forward နှင့် ဖွေထိုင်းတို့သည် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များက ကိုးနှစ်ကြာ စစ်ဘက်ဆိုင်ရာပါတီများ၏ အုပ်ချုပ်မှုကို ပယ်ချပြီးနောက် ဒီမိုကရေစီ လိုလားသော ညွန့်ပေါင်းအဖွဲ့ ခြောက်ဖွဲ့နှင့် လက်တွဲခဲ့သည်။

သို့သော် Move Forward ၏ ဘုရင်တော်ဝင်မိသားစုအပေါ် စော်ကားပါက အပြစ်ဒဏ်ပေးသည့် ပြင်းထန်းသည့် ဥပဒေကို ပြင်ဆင်ရန် လက်မှတ်ရေး ထိုးထားသည့် မူဝါဒသည် အထက်လွှတ်တော်အမတ်များနှင့် ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များအတွက် အတားအဆီးဖြစ်စေသော အနီရောင်မျဉ်းဖြစ်ကြောင်း သက်သေပြခဲ့သည်။ အထူးသဖြင့် ထိုင်းရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၁၂ သည် ဘုရင်စနစ်ကို စော်ကားခြင်းအား ပြစ်ဒဏ်ပေးသည်။ Move Forward ၏ ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်လောင်း ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) ကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့က နှစ်ကြိမ်ပယ်ချခံခဲ့ရပြီး ပထမအကျော့တွင် ပီတာသည် ဇူလိုင် ၁၃ ရက်က မဲ ၅၀ ခန့်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကြိမ် အမည်စာရင်း တင်သွင်းရန် ပါလီမန်က ဇူလိုင် ၁၉ ရက်တွင် ပယ်ချခံခဲ့ရသည်။ Move Forward ပါတီသည် ၎င်း၏ညွန့်ပေါင်းအဖွဲ့ကိုဖွေထိုင်းအား လွှဲပြောင်းပေးပြီးနောက် နံပါတ် ၂ ပါတီသည် ညွန့်ပေါင်းမဟုတ်သော ပါတီများနှင့် တွေ့ဆုံရာတွင် အချိန်မဖြုန်းဘဲ အသက် ၆၀ အရွယ် အိမ်ခြံမြေသူဌေးကြီး ဆရက်သာ (Srettha) သည် ၎င်းပါတီ၏ ဝန်ကြီးချုပ်လောင်း သုံးဦးအနက်မှ တစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဆရက်သာကို ထောက်ခံမဲများရယူရန် အချိန်မဖြုန်းခဲ့ပေ။ ကွန်ဆာဗေးတစ်ပါတီ Bhumjaithai ပါတီ၊ Chart Thai ပါတီ၊ Pattana ပါတီ၊ Democrat ပါတီ၊ Palang Pracharathပါတီ နှင့် United Thai Nation တို့သည် Move Thai နှင့် ညွန့်ပေါင်းအဖွဲ့တွင် ဆက်ရှိနေပါက ဖွေထိုင်းကို ၎င်းတို့၏ ထောက်ခံမှုကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ထောက်ခံမှာ မဟုတ်ဘူးလို့ ဖွေထိုင်းနဲ့ ဆရက်သာတို့က အတည်ပြုပြီး ညွန့်ပေါင်းအစိုးရသစ်မှာ Move Forward ပါတီလည်း ပါဝင်မှာ မဟုတ်ဘူး” ဟု ပါတီ၏ ထုတ်ပြန်ချက်အား သတင်းစာရှင်းလင်းပွဲတွင် ချောင်နန်က ပြောကြားခဲ့သည်။ “ဤအစိုးရ ဖွဲ့ရာတွင် အခက်အခဲများကို ဖယ်ရှားရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ဖွေထိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တပ်မတော်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ခန့်အပ်တာဝန်ပေးထားသော အထက်လွှတ်တော်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ရာတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပေးထားသည်။ ဖွေထိုင်း၏ Move Forward ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့အပေါ် သစ္စာခံမှုသည် ရွေးကောက်ပွဲ မတိုင်မီကပင် မေးခွန်းထုတ်ခံခဲ့ရသည်။ ၎င်း၏တည်ထောင်သူမှာ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် အကျင့်ပျက်ခြစားမှု စွဲချက်ဖြင့် ထောင်ဒဏ် ချမှတ်ခံရသော်လည်း သြဂုတ် ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လာရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံကို ပုံမှန်ဒီမိုကရေစီအစိုးရအဖြစ် ပြန်လည်ပေးအပ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ ထိုင်းနိုင်ငံ၏ စီးပွားရေး မပြေလည်မှုများကို ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း ပါတီက ပြောကြားခဲ့သည်။ “ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်မူဘောင်အရ ပြည်သူကို မဲပေးရန် အစိုးရသည် အာဏာကို ပြန်ပေးလိမ့်မည်” ဟု ဖွေထိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Move Forward ၏ ရှစ်ပါတီ ညွန့်ပေါင်းအဖွဲ့မှ သဘောတူညီထားသည့် မူဝါဒများဖြစ်သည့် အိမ်ထောင်ရေး တန်းတူရေး၊ အရက်လွတ်လပ်ခွင့်၊ အစိုးရ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ လက်ဝါးကြီးအုပ်မှု ကင်းစင်ရေးနှင့် မသင်မနေရ စစ်မှုထမ်းမှု အဆုံးသတ်ရေးစသည့် မူဝါဒများကို တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။

Move Forward ပါတီသည် အမတ်နေရာအများဆုံး အနိုင်ရခဲ့သော်လည်း အတိုက်အခံအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားမည် ဖြစ်သည်။ ဖွေထိုင်းသည် ၂၀၁၉ခုနှစ်တွင် အမတ်နေရာအများဆုံး အနိုင်ရခဲ့သော်လည်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ၏ ညွန့်ပေါင်းအဖွဲ့နှင့် စစ်တပ်က ခန့်အပ်ထားသော အထက်လွှတ်တော်အမတ်များက ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ထောက်ခံမဲပေးပြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခဲ့သည့်အတွက် အတိုက်အခံအဖြစ်နှင့်သာ ရပ်တည်ခဲ့ရသည်။ အိမ်စောင့်ဝန်ကြီးချုပ် ပရာယွတ်သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ဖွေထိုင်းအစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့တွင် Move Forward ပါတီထောက်ခံသူများသည် ဘန်ကောက်ရှိ ဖွေထိုင်းရုံးချုပ်အပြင်ဘက်တွင် ဆန္ဒပြရန် မော်တော်ကားအုပ်စုကို ဖွဲ့စည်းခဲ့သည်။ တက်ကြွလှုပ်ရှားသူများသည် ရုပ်တုများကို မီးရှို့ကာ အဆောက်အအုံပေါ်တွင် အနီရောင်ဆေးများ ဖျန်းကြသည်။ ပီတာသည် ပါလီမန်မှ ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခြင်းကို တစ်ပြိုင်နက်တည်း ငြင်းဆိုခံခဲ့ရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဇူလိုင် ၁၉ ရက်တွင် လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဆိုင်းငံ့ထားခြင်းကြောင့် ဆန္ဒပြပွဲများသည် သေးငယ်သော်လည်း ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။ Move Forward ပါတီသည် ပြည်သူများ၏ဆန္ဒနှင့်အညီ အစိုးရမဖွဲ့နိုင်ခဲ့ခြင်းအတွက် တောင်းပန်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ် ချတ်သာဝတ် တူလာတွန် (Chaithawat Tulaton) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဖွေထိုင်း သည် ပုဒ်မ ၁၁၂ ပြုပြင်ပြောင်းလဲရေးမှ ကျောခိုင်းရန် သို့မဟုတ် ဆရက်သာကို မဲပေးရန် Move Forward ပါတီကို မတောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ပုဒ်မ ၁၁၂ က အကြောင်းပြချက် သက်သက်ပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ရှေးရိုးသမားတွေက Move Forward ကို အစိုးရမဖြစ်စေချင်ဘူး။ အမြင့်ဆုံးအာဏာကို ပြည်သူက မပိုင်ဘူးဆိုတာ ပြနေတယ်” ဟု ၎င်းက ဆိုသည်။

ဖွေထိုင်းခေါင်းဆောင် ချိုနန်စရီကူး (Cholnan Srikaew) သည် သြဂုတ် ၂ ရက်က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အာရှ

နယ်စပ်ဒေသတည်ငြိမ်ဖို့ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 13 ရက်
  • 15 Views
ဇူလိုင်လ (၁၃)ရက်။ နယ်စပ်ဒေသတလျှောက် တည်ငြိမ်ဖို့ ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံအစည်းအဝေးကို ဇူလိုင်(၁၁)ရက်က နယူးဒေလီမှာ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ခရီးစဉ်ထဲ ဒုစစ်ခေါင်းဆောင် စိုး၀င်းက နယ်စပ်ဒေသတည်ငြိမ်ဖို့ တွေ့ဆုံဆွေးနွေးတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 8 ရက်
  • 18 Views
ဇူလိုင်လ (၈)ရက်။ မနေ့က ညနေ (၅)နာရီအချိန်မှာ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုး၀င်းက နယ်စပ်ဒေသတည်ငြိမ်ဖို့ ‌‌နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲထဲ ပြောဆိုခဲ့တယ်လို့
ထိုင်းနိုင်ငံရေး နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

စောချစ်သူရဲ့ ငွေလိမ်ဂိုဏ်း ဘုရားသုံးဆူနဲ့ ရနောင်းကိုဆင်းလာပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 51 Views
မြန်မာ့အရေးထိုင်းအတွေး ဒီအပတ်ခေတ်မျက်လုံးရဲ့ မြန်မာ့အရေး ထိုင်းအတွေးကဏ္ဍမှာ ထိုင်းအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယုက မြဝတီက စောချစ်သူရဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တရုတ်ဒုစရိုက်ဂိုဏ်းသားတွေ မြဝတီကနေ ၆လအတွင်းထွက်ရမယ်ဆိုတော့ စောချစ်သူက မြဝတီကနေ ဘုရားသုံးဆူဖက်နဲ့ ရနောင်းဖက်ကို ရွှေ့ပေးနေတယ်ဆိုတဲ့ စိတ်ဝင်စားစရာသတင်းကို နားဆင်ရမှာဖြစ်ပါတယ်။နောက်ထပ်
နိုင်ငံတကာသတင်း အာရှ

အိန္ဒိယနိုင်ငံမြောက်ပိုင်း န္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံး

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 22 Views
ဇူလိုင်လ (၃) ရက်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒက်ရှ်ပြည်နယ်မှာ ဇူလိုင် ၂ ရက်က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွင်း လူများအလွန်ပြည့်ကျပ်ခဲ့ပြီး လူအုပ်ကြီး ကသောင်းကနင်း ဖြစ်ပွားကာ လူ ၁၂၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေက
နိုင်ငံတကာသတင်း အာရှ

နှစ် ၂၀ အတွင်း ပထမဆုံး ဒီဇိုင်းပြောင်းလဲမှုနှင့် ဂျပန်နိုင်ငံ၏ ငွေစက္ကူအသစ် ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 32 Views
ဇူလိုင်လ (၃) ရက်။ ငွေသားသုံးစွဲမှုကို နှစ်သက်တဲ့ဂျပန်နိုင်ငံမှာ တဖြည်းဖြည်း ငွေသားကင်းစင်သွားရန်ကြိုးပမ်းနေချိန်မှာ ငွေစက္ကူအတုအယောင် ဆန့်ကျင်ရေး နည်းပညာတွေပါဝင်တဲ့ နောက်ဆုံးပေါ် ယန်း ၁၀၀၀၀၊ ယန်း ၅၀၀၀ နဲ့ ယန်း ၁၀၀၀ တန် ငွေစက္ကူ
နိုင်ငံတကာသတင်း အာရှ

တရုတ်စစ်တပ် ဘယ်လောက် အဆင်သင့်ဖြစ်နေပြီလဲ။

  • 2024 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 36 Views
++ ကာကွယ်ရေးဝန်ကြီး နှစ်ဦး ထုတ်ပယ်ခံရမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာ ++ CNN ဟောင်ကောင် သတင်းဆောင်းပါး လပေါင်းများစွာ ပြင်းထန်သော ထင်ကြေးပေးမှုများနှင့် တရားဝင် တာဝန်မှထုတ်ပယ်ခံရပြီးနောက် တရုတ်သည် ပြီးခဲ့သောနှစ်က လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သော ၎င်း၏
မြန်မာသတင်း အာရှ

အိန္ဒိယပြည်ပရေးရာဝန်ကြီးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး နယူးဒေလီမှာ သွားရောက်တွေ့ဆုံ

  • 2024 ခုနှစ်၊ ဇွန်လ 28 ရက်
  • 26 Views
ဇွန်လ (၂၈)ရက်။ ဇွန်လ (၂၆)ရက်နေ့က နယူးဒေလီမြို့မှာ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟာ အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အေစီဒီ
တောင်ကိုးရီးယား နိုင်ငံတကာသတင်း အာရှ

မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန်

  • 2024 ခုနှစ်၊ ဇွန်လ 25 ရက်
  • 31 Views
မီးလောင်ပေါက်ကွဲခဲ့မှုအတွက် တောင်ကိုရီးယား ဘက်ထရီစက်ရုံ စီအီးအို တောင်းပန် ++++++++++++++++++++++++ ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အလုပ်သမား 23 ဦးအထိရှိခဲ့တဲ့အပေါ် တောင်ကိုရီးယားဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီရဲ့ စီအီးအိုက တောင်းပန်စကားပြောဆိုခဲ့ပါတယ်။ “ဇွန်လ 24 ရက်နေ့က Aricell