နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 4 ရက်

အမေရိကန်

အမေရိကန် ဥရောပ

အနောက်အုပ်စု၏ အဓိကလှုပ်ရှားမှုအဖြစ် ပြင်သစ်တိုက် ခိုက်၊ ရေးယာဉ်များကို ယူကရိန်းသို့ ပေးရန် သဘောတူ

ဓာတ်ပုံ။ ပြင်သစ်ထုတ် AMX-10 RC တင့်ကားများ။

ပြင်သစ်သမ္မတ မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇင်လန်စကီးတို့ နေ့လည်ပိုင်းတွင် ဖုန်းပြောဆိုမှုအပြီးတွင် ပြင်သစ်နိုင်ငံမှ ပြင်သစ်လုပ် AMX-10 RC အပေါ့စား တင့်ကားများကို အနောက်ဥရောပနိုင်ငံမှ ပထမဆုံး ယူကရိန်းသို့ စေလွှတ်မည် ဖြစ်ကြောင်း ဇန်နဝါရီ (၄) ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနသည် အနောက်နိုင်ငံလုပ် ဘီးတပ်တင့်ကားအမျိုးအစားကို ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်သမ္မတမှ ယူကရိန်းစစ်တပ်ကို ပေးအပ်မည်ဖြစ်သည်။ ယင်းကျည်ကာတိုက်ခိုက်ရေးယာဉ်များကို ပေးအပ်နိုင်ရေး စီစဉ်ရန် မကြာမီတွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဆွေးနွေးမှုများတွင် ယူကရိန်းစစ်သားများအား ပစ္စည်းပို့ဆောင်ရန် အချိန်ဇယားနှင့် ယူကရိန်း စစ်သားများအား လေ့ကျင့်ပေးမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြင်သစ်ဘာသာဖြင့် “ အပေါ့စား တင့်ကားများ” အဖြစ်သတ်မှတ်ထားသော AMX-10 RC တွင် ၁၀၅-မီလီမီတာ အမြောက်များနှင့် စက်သေနတ် နှစ်လက် ပါရှိသည်။ ၎င်းသည် ကင်းထောက်မစ်ရှင်များအတွက် အဓိက ဒီဇိုင်းထုတ်ထားပြီး ခြေလျင်တပ်ရင်းမှ အပေါ့စား လက်နက်များကို ကာကွယ်ရန် လုံလောက်သော ချပ်ဝတ်တန်ဆာ ပါရှိကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၎င်းတို့တွင် ဘီးများပါရှိပြီး လေးလံသောချိန်းသုံးတင့်ကားများထက် ပို၍ လျှင်မြန်စွာ ရွေ့လျားနိုင်သည်။ ယူကရိန်းသမ္မတဇင်လန်စကီးသည် ပြင်သစ်လက်နက်များကို ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် “တူညီသော ဦးတည်ချက်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်း” ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ယူကရိန်းသည် U.S. Abrams နှင့် German Leopard 2 တင့်ကားများ အပါအဝင် လေးလံတောင့်တင်းသော ချိန်းသုံးတင့်ကားများ ထောက်ပံ့ပေးရန် လပေါင်းများစွာ ကြိုးပမ်းခဲ့သည်။

ချက်သမ္မတနိုင်ငံနှင့် ပိုလန်တို့သည် ဆိုဗီယက်ခေတ် T-72 တင့်ကားများကို ယူကရိန်းတပ်ဖွဲ့များသို့ ထောက်ပံ့ပေးခဲ့သည်။ ပြင်သစ်သမ္မတမက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇင်လန်စကီးတို့ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် တစ်နာရီကြာ ဖုန်းပြောဆိုပြီးနောက် ပြင်သစ်၏ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ ပြင်သစ်အစိုးရသည် သဘောတူညီချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

Source: အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 13 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် အမေရိကန်က စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်